[Unicode]

၂၀၁၅ ခုနှစ်မှာ စတင် ဝန်ဆောင်မှုပေးခဲ့တဲ့ Samsung Pay ကို ကမ္ဘာအဝန်းက နိုင်ငံပေါင်း ၂၆ ခုမှာ ဝန်ဆောင်မှု ပေးနေနိုင်ပါပြီ။ အခုတော့ ကုမ္ပဏီက မိုဘိုင်းငွေပေးချေမှု စနစ်နဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် ဖြစ်တဲ့ Samsung Pay ကို ၂၀၂၀ မှာ နိုင်ငံများစွာမှာ တိုးချဲ့မယ်လို့ ကြေညာလိုက်ပါတယ်။

ဘယ်နိုင်ငံတွေမှာ တိုးချဲ့မယ်ဆိုတာ မသိရသေးပေမယ့် ကုမ္ပဏီက မကြာခင်မှာ ပြောမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက် အသစ်မှာ လက်ရှိ ဝန်ဆောင်မှုပေးထားတဲ့ နိုင်ငံတွေမှာ Customer Experience ကို ပိုကောင်းအောင် လုပ်မှာ ဖြစ်ပြီး လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒေသတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ ၂၀၁၉ ခုနှစ်မှာ Samsung Pay သုံးလို့ရသွားတဲ့ ၁ ခုထဲသော နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ ကုမ္ပဏီဟာ Samsung Pay ကို တခြား နိုင်ငံတွေမှာ တိုးချဲ့တဲ့အစား လုပ်ဆောင်ချက် အသစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေကိုပဲ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

Samsung Pay ဟာ မိခင် နိုင်ငံ တောင်ကိုရီးယားမှာ လူသုံးအများဆုံး ဝန်ဆောင်မှု ဖြစ်ပြီး သုံးစွဲသူ ၁၄ သန်း ရှိပါတယ်။ Pay Cash လို့ခေါ်တဲ့ Digital Pre-paid Card နဲ့ နိုင်ငံတကာ ငွေလွှဲခြင်း အပါအဝင် လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးခဲ့ပါတယ်။

Ref : gsmarena

[Zawgyi]

၂၀၂၀ မွာ Samsung Pay ကို ႏုိင္ငံမ်ားစြာမွာ တိုးခ်ဲ႕မည္

၂၀၁၅ ခုႏွစ္မွာ စတင္ ၀န္ေဆာင္မႈေပးခဲ့တဲ့ Samsung Pay ကို ကမာၻအ၀န္းက ႏုိင္ငံေပါင္း ၂၆ ခုမွာ ၀န္ေဆာင္မႈ ေပးေနႏုိင္ပါၿပီ။ အခုေတာ့ ကုမၸဏီက မိုဘိုင္းေငြေပးေခ်မႈ စနစ္နဲ႔ ဒစ္ဂ်စ္တယ္ ပိုက္ဆံအိတ္ ျဖစ္တဲ့ Samsung Pay ကို ၂၀၂၀ မွာ ႏုိင္ငံမ်ားစြာမွာ တိုးခ်ဲ႕မယ္လို႔ ေၾကညာလိုက္ပါတယ္။

ဘယ္ႏုိင္ငံေတြမွာ တိုးခ်ဲ႕မယ္ဆိုတာ မသိရေသးေပမယ့္ ကုမၸဏီက မၾကာခင္မွာ ေျပာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကုမၸဏီက ထုတ္ျပန္တဲ့ ေၾကညာခ်က္ အသစ္မွာ လက္ရွိ ၀န္ေဆာင္မႈေပးထားတဲ့ ႏုိင္ငံေတြမွာ Customer Experience ကို ပိုေကာင္းေအာင္ လုပ္မွာ ျဖစ္ၿပီး လုပ္ေဆာင္ခ်က္အသစ္ေတြကို ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေဒသတြင္း လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာ ျဖစ္ပါတယ္။

အင္ဒိုနီးရွားဟာ ၂၀၁၉ ခုႏွစ္မွာ Samsung Pay သံုးလို႔ရသြားတဲ့ ၁ ခုထဲေသာ ႏုိင္ငံ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ထဲမွာ ကုမၸဏီဟာ Samsung Pay ကို တျခား ႏိုင္ငံေတြမွာ တိုးခ်ဲ႕တဲ့အစား လုပ္ေဆာင္ခ်က္ အသစ္ေတြ၊ ၀န္ေဆာင္မႈအသစ္ေတြကိုပဲ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။

Samsung Pay ဟာ မိခင္ ႏုိင္ငံ ေတာင္ကိုရီးယားမွာ လူသံုးအမ်ားဆံုး ၀န္ေဆာင္မႈ ျဖစ္ၿပီး သံုးစြဲသူ ၁၄ သန္း ရွိပါတယ္။ Pay Cash လို႔ေခၚတဲ့ Digital Pre-paid Card နဲ႔ ႏုိင္ငံတကာ ေငြလႊဲျခင္း အပါအ၀င္ လုပ္ေဆာင္ခ်က္ အသစ္ေတြကို ထည့္သြင္းေပးခဲ့ပါတယ္။

Ref : gsmarena