Samsung ကနေ လက်ရှိအချိန်မှာ Galaxy S8, S8+ နဲ့ Galaxy Note 8 စမတ်ဖုန်းတွေကို ထုတ်လုပ်ထားပေမယ့်လည်း Android Version အနေနဲ့ အခုအချိန်အထိ Android 7 Nougat ကိုပဲအသုံးပြုနေတုန်းပဲဖြစ်ပါတယ်။ အဲ့ဒီအပြင် ပိုဆိုးတာက ယခုနှစ်ကုန်အထိ Android 8.0 Oreo ကို Update ပြုလုပ်ပေးနိုင်ဖွယ်မရှိပါဘူး။

Android Version 8.0 Oreo ဟာဆိုရင် လွန်ခဲ့တဲ့ သြဂုတ်လထဲက Google Pixel နဲ့ Nexus ဖုန်းတွေမှာရရှိနေတာဖြစ်ပြီး အခုအချိန်မှာဆိုရင်လည်း အခြား Sony လိုမျိုး အမြင့်ပိုင်းဖုန်းတွေမှာ အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Samsung က ကုမ္ပဏီကြီးဖြစ်ရဲ့နဲ့ Software Update ကို လျှင်မြန်စွာမပေးနိုင်တာက အားနည်းချက်ဖြစ်နေပါတယ်။

အခုနောက်ဆုံး သိရတဲ့သတင်းအရ ပုံမှန် Samsung Software Update တွေကို အစောဆုံးရရှိတတ်တဲ့ တူရဂီနိုင်ငံ Samsung Website မှာ Android Oreo Update ကို နောက်နှစ် ၂၀၁၈ မှရရှိမယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်။

Android Oreo မှာဆိုရင် Night Mode, Emoji အသစ်တွေ၊ Notification စနစ်အသစ်တွေ နဲ့ Background Application တွေကို ပိုပြီးကောင်းမွန်စွာထိန်းချူပ်နိုင်တဲ့ စနစ်တွေပါဝင်မှာဖြစ်ပါတယ်။

တကယ်လို့ နောက်နှစ်ဆန်းပိုင်းမှာ Android 8.0 Oreo Update ကို Samsung ဖုန်းတွေအတွက်ရရှိလာခဲ့ရင်လည်း အမြင့်ပိုင်းဖုန်းတွေဖြစ်တဲ့ Galaxy S8, S8+ နဲ့ Galaxy Note 8 လိုဖုန်းတွေပဲ အရင်ရရှိလောက်မှာပါ။