Zawgyi

Samsung အေနနဲ႔ X5 လို႔ အမည္ရတဲ့ Portable SSD အသစ္ကို မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ SSD X5 ဟာ Samsung ရဲ႕ ပထမဦးဆုံး NVMe အေျချပဳ Portable Solid State Drive (SSD) ျဖစ္ၿပီး Thunderbolt 3 နဲ႔ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာ တစ္ခုက SSD X5 ဟာ Thunderbolt 3 Drive အမ်ိဴးအစားျဖစ္တဲ့အတြက္ Thunderbolt 3 Port ပါတဲ့ ကြန္ျပဴတာေတြမွာသာ အသုံးျပဳလို႔ရမွာ ျဖစ္ပါတယ္။

SSD X5 ရဲ႕ Bandwidth က 40Gbps အထိ ရွိတာေၾကာင့္ USB 3.1 ေတြထက္ ၄ဆအထိ ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Read Speeds က 2800 MB/s အထိ ရွိလာတဲ့အတြက္ သာမန္ SATA-based Portable SSD ေတြနဲ႔ ယွဥ္ရင္ ၅.၂ ဆ အထိ ပိုျမန္လာတယ္လို႔ ေျပာရမွာပါ။ Maximum Write Speeds ကေတာ့ 2300 MB/s ရွိပါတယ္။ ဒီ Speed နဲ႔ဆိုရင္ 20GB ပမာဏရွိတဲ့ 4K UHD Video ေတြကို ၁၂စကၠန္႔အတြင္း ကူးယူ လႊဲေျပာင္းႏိုင္မွာ ျဖစ္ပါတယ္။ SSD X5 ကို Metal Body နဲ႔ ျပဳလုပ္ထားတာ ျဖစ္ၿပီး အပူလြန္ကဲျခင္းမွ ကာကြယ္ေပးဖို႔အတြက္ Dynamic Thermal Guard နည္းပညာပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Password Portection Feature ကိုလည္း အသုံးျပဳႏိုင္မွာပါ။

Samsung အေနနဲ႔ Portable SSD X5 ကို စက္တင္ဘာလ ၃ရက္ေန႔မွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ Portable SSD X5 ရဲ႕ ေစ်းႏႈန္းေတြကေတာ့ SSD X5 (500GB) ေမာ္ဒယ္ကို ကန္ေဒၚလာ ၃၉၉.၉၉ ေဒၚလာ၊ SSD X5 (1TB) ေမာ္ဒယ္ကို ကန္ေဒၚလာ ၆၉၉.၉၉ ေဒၚလာနဲ႔ SSD X5 (2TB) ေမာ္ဒယ္ကို ကန္ေဒၚလာ ၁၃၉၉.၉၉ ေဒၚလာ ဆိုၿပီး အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။

Unicode

Portable SSD အသစ်ကို မိတ်ဆက်လိုက်တဲ့ Samsung

Samsung အနေနဲ့ X5 လို့ အမည်ရတဲ့ Portable SSD အသစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ SSD X5 ဟာ Samsung ရဲ့ ပထမဦးဆုံး NVMe အခြေပြု Portable Solid State Drive (SSD) ဖြစ်ပြီး Thunderbolt 3 နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက SSD X5 ဟာ Thunderbolt 3 Drive အမျိူးအစားဖြစ်တဲ့အတွက် Thunderbolt 3 port ပါတဲ့ ကွန်ပြူတာတွေမှာသာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

SSD X5 ရဲ့ Bandwidth က 40Gbps အထိ ရှိတာကြောင့် USB 3.1 တွေထက် ၄ဆအထိ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Read Speeds က 2800 MB/s အထိ ရှိလာတဲ့အတွက် သာမန် SATA-based Portable SSD တွေနဲ့ ယှဥ်ရင် ၅.၂ ဆ အထိ ပိုမြန်လာတယ်လို့ ပြောရမှာပါ။ Maximum Write Speeds ကတော့ 2300 MB/s ရှိပါတယ်။ ဒီ Speed နဲ့ဆိုရင် 20GB ပမာဏရှိတဲ့ 4K UHD Video တွေကို ၁၂စက္ကန့်အတွင်း ကူးယူ လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ SSD X5 ကို Metal Body နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အပူလွန်ကဲခြင်းမှ ကာကွယ်ပေးဖို့အတွက် Dynamic Thermal Guard နည်းပညာပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Password Portection feature ကိုလည်း အသုံးပြုနိုင်မှာပါ။

Samsung အနေနဲ့ Portable SSD X5 ကို စက်တင်ဘာလ ၃ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ Portable SSD X5 ရဲ့ စျေးနှုန်းတွေကတော့ SSD X5 (500GB) မော်ဒယ်ကို ကန်ဒေါ်လာ ၃၉၉.၉၉ ဒေါ်လာ၊ SSD X5(1TB) မော်ဒယ်ကို ကန်ဒေါ်လာ ၆၉၉.၉၉ ဒေါ်လာနဲ့ SSD X5 (2TB) မော်ဒယ်ကို ကန်ဒေါ်လာ ၁၃၉၉.၉၉ ဒေါ်လာ ဆိုပြီး အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref: sammobile