[Zawgyi]

Samsung ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ စံခ်ိန္တင္ေလာက္တဲ့ စြမ္းေဆာင္ရည္က်ဆင္းမႈေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ ထုတ္ျပန္ေၾကညာသြားပါတယ္။ ၂၀၁၈ ခုႏွစ္ရဲ႕ တတိယသုံးလပတ္အထိ အားရစရာအေျခအေန မရွိတာေၾကာင့္ ေနာက္ဆုံး သုံးလပတ္မွာ ႀကိဳးစား႐ုန္းကန္ခဲ့ေပမယ့္လည္း စိတ္ပ်က္စရာနဲ႔သာ ႀကဳံေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ ဝမ္ ၅၉ထရီလီယံ ($52.5 ဘီလီယံ) ေရာင္းအားကိုေမွ်ာ္လင့္ထားေပမယ့္၊ ၁၂ လတာကာလအတြင္းမွာ ၁၁ ရာခိုင္ႏႈန္းက်ဆင္းေနခဲ့ပါတယ္။ လုပ္ငန္းလုပ္ေဆာင္မႈကရတဲ့ အက်ိဳးအျမတ္ကလည္း ၂၉ ရာခိုင္ႏႈန္းျဖစ္တဲ့ ကိုရီးယား ဝမ္ ၁၀.၈ ထရီလီယံ ($9.6 ဘီလီယံ) က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။

CNBC ရဲ႕ ေဖာ္ျပမႈအရ Samsung အေနနဲ႔ သူတို႔ရဲ႕ Memory chip ေရာင္းအားကလည္း ေမွ်ာ္မွန္းထားတာထက္ က်ဆင္းသြားတာေၾကာင့္ အခုလို အံ့အားသင့္စရာ ရလဒ္ေတြ ျဖစ္ခဲ့တာတယ္လို႔ သိရပါတယ္။ Memory ဝယ္လိုအားက ေခ်ာက္ကမ္းပါးကို ေရာက္ေနၿပီလို႔ေတာင္ ဆိုရမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Samsung ရဲ႕ နာမည္ေက်ာ္ Display ေရာင္းခ်ျခင္းကလည္း ထင္သေလာက္ ေအာင္ျမင္မႈကို မရခဲ့ဘူးလို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္မွာေတာ့ 5G နည္းပညာသုံး စမတ္ဖုန္းေတြနဲ႔ Flexible စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ထုတ္လုပ္လာၾကေတာ့မွာျဖစ္ပါတယ္။ ဒီစမတ္ဖုန္းေတြအတြက္ OLED မ်က္ႏွာျပင္ေတြက လိုအပ္ေနမွာျဖစ္တဲ့အတြက္ ဒီအခ်က္က Samsung အတြက္ အခက္အခဲကေန ႐ုန္းထြက္ဖို႔ လမ္းစလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းေရာင္းအား ျပန္တက္လာဖို႔ကေတာ့ လြယ္လြယ္နဲ႔ ျဖစ္လာမယ္မထင္ပါဘူး။

ေဈးကြက္ထဲမွာ ေရာင္းအားအေကာင္းဆုံးေတြက တန္ဖိုးသင့္ အမ်ိဳးအစားေတြျဖစ္တာေၾကာင့္ Samsung အေနနဲ႔ တ႐ုတ္ကုမၸဏီေတြနဲ႔အၿပိဳင္ ထုတ္လုပ္ႏိုင္ၿပီး ေဈးႏႈန္းလည္း ယွဥ္ၿပိဳင္ႏိုင္မွ ျဖစ္ပါလိမ့္မယ္။ ၂၀၁၈ ခုႏွစ္ ကုန္ဆုံးခ်ိန္ထိ ေဈးကြက္မွာ ႀကီးႀကီးမားမား ၿခိမ္းေျခာက္ႏိုင္တဲ့ ၿပိဳင္ဘက္အျဖစ္ရပ္တည္ေနတာက Huawei နဲ႔ Xiaomi တို႔ဆိုေပမယ့္ ၂၀၁၉ ခုႏွစ္အတြင္း အျခားၿပိဳင္ဘက္ေတြလည္း ထပ္တိုးလာႏိုင္တာေၾကာင့္ Samsung အေနနဲ႔ ပိုၿပီးေသခ်ာမယ့္ မဟာဗ်ဴဟာေတြကို ခ်မွတ္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

၂၀၁၈ မှာ အံ့အားသင့်ဖွယ် ဝင်ငွေကျဆင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ Samsung

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ စံချိန်တင်လောက်တဲ့ စွမ်းဆောင်ရည်ကျဆင်းမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာသွားပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ တတိယသုံးလပတ်အထိ အားရစရာအခြေအနေ မရှိတာကြောင့် နောက်ဆုံး သုံးလပတ်မှာ ကြိုးစားရုန်းကန်ခဲ့ပေမယ့်လည်း စိတ်ပျက်စရာနဲ့သာ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Samsung အနေနဲ့ ဝမ် ၅၉ထရီလီယံ ($52.5 ဘီလီယံ) ရောင်းအားကိုမျှော်လင့်ထားပေမယ့်၊ ၁၂ လတာကာလအတွင်းမှာ ၁၁ ရာခိုင်နှုန်းကျဆင်းနေခဲ့ပါတယ်။ လုပ်ငန်းလုပ်ဆောင်မှုကရတဲ့ အကျိုးအမြတ်ကလည်း ၂၉ ရာခိုင်နှုန်းဖြစ်တဲ့ ကိုရီးယား ဝမ် ၁၀.၈ ထရီလီယံ ($9.6 ဘီလီယံ) ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

CNBC ရဲ့ ဖော်ပြမှုအရ Samsung အနေနဲ့ သူတို့ရဲ့ Memory chip ရောင်းအားကလည်း မျှော်မှန်းထားတာထက် ကျဆင်းသွားတာကြောင့် အခုလို အံ့အားသင့်စရာ ရလဒ်တွေ ဖြစ်ခဲ့တာတယ်လို့ သိရပါတယ်။ Memory ဝယ်လိုအားက ချောက်ကမ်းပါးကို ရောက်နေပြီလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Samsung ရဲ့ နာမည်ကျော် Display ရောင်းချခြင်းကလည်း ထင်သလောက် အောင်မြင်မှုကို မရခဲ့ဘူးလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ 5G နည်းပညာသုံး စမတ်ဖုန်းတွေနဲ့ Flexible စမတ်ဖုန်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်လာကြတော့မှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေအတွက် OLED မျက်နှာပြင်တွေက လိုအပ်နေမှာဖြစ်တဲ့အတွက် ဒီအချက်က Samsung အတွက် အခက်အခဲကနေ ရုန်းထွက်ဖို့ လမ်းစလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းရောင်းအား ပြန်တက်လာဖို့ကတော့ လွယ်လွယ်နဲ့ ဖြစ်လာမယ်မထင်ပါဘူး။

ဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံးတွေက တန်ဖိုးသင့် အမျိုးအစားတွေဖြစ်တာကြောင့် Samsung အနေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့အပြိုင် ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းလည်း ယှဉ်ပြိုင်နိုင်မှ ဖြစ်ပါလိမ့်မယ်။ ၂၀၁၈ ခုနှစ် ကုန်ဆုံးချိန်ထိ ဈေးကွက်မှာ ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်အဖြစ်ရပ်တည်နေတာက Huawei နဲ့ Xiaomi တို့ဆိုပေမယ့် ၂၀၁၉ ခုနှစ်အတွင်း အခြားပြိုင်ဘက်တွေလည်း ထပ်တိုးလာနိုင်တာကြောင့် Samsung အနေနဲ့ ပိုပြီးသေချာမယ့် မဟာဗျူဟာတွေကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။

Ref: The Verge