Samsung ကနေ အခုအချိန်မှာ 5nm Architecture ကို အခြေခံထားတဲ့ Exynos 1080 Chipset ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Exynos 1080 Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ Qualcomm ရဲ့ အကောင်းဆုံး Snapdragon 865 Chipset ထက်တောင် ပိုပြီးသာလွန်နေတာကိုလည်း တွေ့ရပါတယ်။

Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S21 Series ဖုန်းတွေအတွက် 5nm Architecture ကိုပဲ အခြေခံထားတဲ့ Exynos 2100 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ Samsung ကနေ Mid Range ဖုန်းတွေအတွက် Exynos 981 နာမည်နဲ့ Chipset အသစ်ကို မိတ်ဆက်ဖို့ ရှိနေတဲ့ပုံစံပါပဲ။

အဆိုပါ Exynos 981 Chipset ဟာ လောလောဆယ်မှာ Bluetooth SIG Certification ကို ရရှိလာတာဖြစ်ပြီး လောလောဆယ်မှာ Galaxy A51 5G နဲ့ Galaxy A71 5G ဖုန်းတွေမှာ အသုံးပြုနေတဲ့ Exynos 980 Chipset နဲ့ ဆင်တူမယ်လို့ယူဆရပါတယ်။ အဲ့ဒီအတွက် Mid Range Galaxy A Series ဖုန်းတွေမှာပဲ အသုံးပြုလာဖို့များနေပါတယ်။

ဒါပေမယ့်လည်း Exynos 981 Chipset နဲ့ပတ်သက်ပြီးတော့ Bluetooth 5.2 Support ရရှိတယ်ဆိုတာကလွဲပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ယခုနှစ်ကုန်ပိုင်းမှာ Galaxy A Series ဖုန်းသစ်တွေ မိတ်ဆက်ဖို့လည်း ရှိနေတဲ့အတွက် အဆိုပါ ဖုန်းတွေနဲ့အတူ တရားဝင် မိတ်ဆက်လာနိုင်ပါတယ်။

Ref – Giz China