[Zawgyi]

United Nations ၏ ေဖာ္ျပခ်က္အရ ႏွစ္စဥ္ႏွစ္တိုင္း ပလတ္စတစ္ တန္ခ်ိန္ ၈ သန္း ပမာဏခန႔္သည္ သမုဒၵရာမ်ားအတြင္း ေရာက္ရွိေနေၾကာင္း သိရွိရသည္။ ပိုမိုအံ့ၾသဖြယ္ရာေကာင္းေသာ အခ်က္အေနျဖင့္ ၁၉၅၀ ျပည့္ႏွစ္ဝန္းက်င္ကတည္းက တန္ခ်ိန္ ၈.၃ ဘီလီယမ္ခန႔္ရွိ ပလတ္စတစ္မ်ားကို ထုတ္လုပ္ခဲ့ၿပီး အဆိုပါ ပမာဏ၏ ၁ ရာခိုင္ႏႈန္းခန႔္သာ ျပန္လည္ အသုံး ျပဳႏိုင္ေသာ ကုန္ၾကမ္းမ်ားအေပၚအေျခခံထုတ္လုပ္ထားတာျဖစ္ေၾကာင္း သိရွိရသည္။

ဤသို႔ သဘာဝပတ္ဝန္းက်င္အတြက္ ေဘးထြက္ဆိုးက်ိဳးဆက္လက္ျဖစ္ေပၚေနျခင္း အေျခအေနကို ကူညီေျဖရွင္းႏိုင္ရန္ အတြက္ Samsung Electronics မွ ၂၀၁၉ ခုႏွစ္အတြင္း ၎၏ စြမ္းေဆာင္ခ်က္မ်ားမွ သဘာဝပတ္ဝန္းက်င္အတြက္ ပိုမို သင့္ေတာ္ေကာင္းမြန္ေသာ ကုန္ပစၥည္းထုတ္ပိုးမႈပုံစံအသစ္မ်ားကို ျမင္ေတြ႕ရမယ္ဟု ေၾကညာခဲ့သည္။ ထို႔အျပင္ ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ လႈပ္ရွားမႈမ်ားကို ျမႇင့္တင္ျပဳလုပ္ သြားမွာျဖစ္ေၾကာင္း သိရွိရသည္။

Samsung အေနျဖင့္ ၂၀၁၈ ခုႏွစ္မွစၿပီး ၎၏ Notebook Computer မ်ား အတြက္ သဘာဝပတ္ဝန္းထိန္းသိမ္းမႈႏွင့္ ကိုက္ညီေသာ ကုန္ပစၥည္း ထုတ္ပိုးမႈကိုပုံစံကို မိတ္ဆက္ခဲ့သည္။ ထိုမွတစ္ဆင့္ အဆိုပါ ထုတ္ပိုးမႈပုံစံမ်ားကို ၎၏ မိုဘိုင္း ဖုန္းမ်ား၊ ဝတ္ဆင္အသုံး ျပဳရေသာပစၥည္းမ်ား၊ တီဗီ ၊ ေရခဲေသတၱာႏွင့္ အျခားေသာ အိမ္သုံးပစၥည္းထုတ္ကုန္မ်ား အတြက္ပါ ပိုမိုက်ယ္ျပန႔္စြာအသုံးျပဳႏိုင္ရန္ နည္းလမ္းရွာေဖြခဲ့သည္ဟု ဆိုသည္။

၂၀၁၉ ခုႏွစ္အတြင္း ပလတ္စတစ္မ်ားအသုံးျပဳထုတ္လုပ္ထားေသာ ကုန္ပစၥည္းထုတ္ပိုးမႈမ်ားကို ျပန္လည္အသုံးျပဳႏိုင္ ေသာ ပလတ္စတစ္အိပ္မ်ား၊ ကတ္ထူစကၠဴမ်ား၊ သတင္းစာစကၠဴမ်ား၊ ဇီဝအေျခခံပစၥည္းမ်ားႏွင့္ ႀကံဖက္ စေသာ အသီး အ႐ြက္မ်ားမွ စြန႔္ပစ္ပစၥည္းမ်ားျဖင့္ ပုံသြင္းထုတ္လုပ္ထားေသာ ထုတ္ပိုးမႈပုံစံနည္းပညာအသစ္ျဖင့္ အစားထိုးသုံးစြဲရန္ နည္းလမ္းရွာေဖြခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ Samsung သည္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္မႈအတြက္ ရာႏႈန္းျပည့္ပါဝင္ လႈပ္ရွားမႈအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ၎၏ ကုန္ပစၥည္းထုတ္ပိုးမႈႏွင့္ အျခားေသာစကၠဴအသုံးျပဳမႈမ်ား အတြက္ Sustainable Forest Management (SFM) ၏ အသိအမွတ္ျပဳေသာ စကၠဴမ်ားသာ အသုံးျပဳရန္အတြက္ သဘာတူ လက္ခံခဲ့သည္။

၂၀၁၉ ခုႏွစ္အတြင္း မိုဘိုင္းဖုန္းမ်ား၊ Tablet မ်ားႏွင့္ ဝတ္ဆင္အသုံးျပဳရေသာ ပစၥည္းမ်ားအတြက္ အသုံးျပဳေသာ ပလတ္စတစ္မ်ားအစား စကၠဴမ်ားျဖင့္ အစားထိုးသြားရန္၊ ႀကိဳးႏွင့္ နားၾကပ္မ်ားကို ပလတ္စတစ္ ထုတ္ပိုးမႈအစား စကၠဴ သို႔မဟုတ္ ျပန္လည္အသုံးျပဳႏိုင္ေသာ Bio ပလတ္စတစ္မ်ားျဖင့္ အစားထိုးထုတ္လုပ္ရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းတြင္ စကၠဴဗုံးႏွင့္ အျခားစကၠဴအသုံးျပဳမႈမ်ားအတြက္ သတ္မွတ္ထားေသာ Fiber ကုန္ၾကမ္းမ်ားသာ အသုံးျပဳမည္ဟု ဆိုသည္။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္တြင္ ကိုရီးယားေဈးကြက္အတြင္း တီဗီႏွင့္ တီဗီအပိုပစၥည္းမ်ား၊ ေရခဲေသတၱာ၊ Oven၊ အဝတ္ ေလွ်ာ္ စက္၊ ေလေအးေပးစက္ႏွင့္ ဖုန္စုတ္စက္မ်ားထုတ္ပိုးရာတြင္ ထိခိုက္ကြဲရွမႈမွ ကာကြယ္ရန္ အသုံးျပဳေသာ ပလတ္စတစ္ အိတ္မ်ားကို အျခားဇီဝကုန္ၾကမ္းမ်ားျဖင့္ ေျပာင္းလဲထုတ္လုပ္သြားရန္၊ ၂၀၂၀ ျပည့္ႏွစ္အတြင္း စကၠဴဗုံးႏွင့္ အျခား စကၠဴ အသုံးျပဳမႈမ်ားအတြက္ သတ္မွတ္ထားေသာ Fiber ကုန္ၾကမ္းမ်ားသာ အသုံးျပဳရန္ႏွင့္ Q series Flagship TV မ်ား ထုတ္ပိုးရာတြင္ ထိခိုက္ကြဲရွမႈမွ ကာကြယ္ရန္ ထည့္သြင္းအသုံးျပဳေသာ ပလတ္စတစ္အိပ္မ်ားကို အျခားဇီဝကုန္ၾကမ္း မ်ားျဖင့္ ေျပာင္းလဲထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၀ ျပည့္ႏွစ္အတြင္း အဆိုပါပစၥည္းမ်ားအတြက္ အသုံးျပဳေသာ စကၠဴဗုံးမ်ားႏွင့္ အျခားစကၠဴသုံးစြဲမႈမ်ားအတြက္ သတ္မွတ္ထားေသာ Fiber ကုန္ၾကမ္းမ်ားသာ အသုံးျပဳရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္မွ စတင္၍ ႏိုင္ငံတကာေဈးကြက္မ်ား အဆင့္ အထိ လုပ္ေဆာင္သြားရန္ရွိေၾကာင္း သိရသည္။

Samsung Electronics မွ ၂၀၀၉ ခုႏွစ္မွ ၂၀၃၀ ျပည့္ႏွစ္အတြင္း ပလတ္စတစ္အသုံးျပဳမႈကို တန္ခ်ိန္ ၅ သိန္းအထိ ေလွ်ာ့ခ် အသုံးျပဳရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ၎တို႔အေနျဖင့္ အသုံးျပဳေသာ စကၠဴဗုံးမ်ားႏွင့္ အျခားေသာ စကၠဴအသုံးျပဳ မႈမ်ားအတြက္ သက္မွတ္ထားေသာ ကုန္ၾကမ္းမ်ားသာအသုံးျပဳသြားမယ္ဟု ထုတ္ျပန္ေၾကညာထားသည္။

[Unicode]

သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးအတွက် Samsung Electronics ထုတ်ကုန်ပစ္စည်းများတွင်
ထုတ်ပိုးမှုပုံစံနည်းပညာအသစ်ဖြင့် လှုပ်ရှားမှုမြှင့်တင်

United Nations ၏ ဖော်ပြချက်အရ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ် တန်ချိန် ၈ သန်း ပမာဏခန့်သည် သမုဒ္ဒရာများအတွင်း ရောက်ရှိနေကြောင်း သိရှိရသည်။ ပိုမိုအံ့သြဖွယ်ရာကောင်းသော အချက်အနေဖြင့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တန်ချိန် ၈.၃ ဘီလီယမ်ခန့်ရှိ ပလတ်စတစ်များကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ ပမာဏ၏ ၁ ရာခိုင်နှုန်းခန့်သာ ပြန်လည် အသုံး ပြုနိုင်သော ကုန်ကြမ်းများအပေါ်အခြေခံထုတ်လုပ်ထားတာဖြစ်ကြောင်း သိရှိရသည်။

ဤသို့ သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးဆက်လက်ဖြစ်ပေါ်နေခြင်း အခြေအနေကို ကူညီဖြေရှင်းနိုင်ရန် အတွက် Samsung Electronics မှ ၂၀၁၉ ခုနှစ်အတွင်း ၎င်း၏ စွမ်းဆောင်ချက်များမှ သဘာဝပတ်ဝန်းကျင်အတွက် ပိုမို သင့်တော်ကောင်းမွန်သော ကုန်ပစ္စည်းထုတ်ပိုးမှုပုံစံအသစ်များကို မြင်တွေ့ရမယ်ဟု ကြေညာခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားမှုများကို မြှင့်တင်ပြုလုပ် သွားမှာဖြစ်ကြောင်း သိရှိရသည်။

Samsung အနေဖြင့် ၂၀၁၈ ခုနှစ်မှစပြီး ၎င်း၏ Notebook Computer များ အတွက် သဘာဝပတ်ဝန်းထိန်းသိမ်းမှုနှင့် ကိုက်ညီသော ကုန်ပစ္စည်း ထုတ်ပိုးမှုကိုပုံစံကို မိတ်ဆက်ခဲ့သည်။ ထိုမှတစ်ဆင့် အဆိုပါ ထုတ်ပိုးမှုပုံစံများကို ၎င်း၏ မိုဘိုင်း ဖုန်းများ၊ ဝတ်ဆင်အသုံး ပြုရသောပစ္စည်းများ၊ တီဗီ ၊ ရေခဲသေတ္တာနှင့် အခြားသော အိမ်သုံးပစ္စည်းထုတ်ကုန်များ အတွက်ပါ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရန် နည်းလမ်းရှာဖွေခဲ့သည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း ပလတ်စတစ်များအသုံးပြုထုတ်လုပ်ထားသော ကုန်ပစ္စည်းထုတ်ပိုးမှုများကို ပြန်လည်အသုံးပြုနိုင် သော ပလတ်စတစ်အိပ်များ၊ ကတ်ထူစက္ကူများ၊ သတင်းစာစက္ကူများ၊ ဇီဝအခြေခံပစ္စည်းများနှင့် ကြံဖက် စသော အသီး အရွက်များမှ စွန့်ပစ်ပစ္စည်းများဖြင့် ပုံသွင်းထုတ်လုပ်ထားသော ထုတ်ပိုးမှုပုံစံနည်းပညာအသစ်ဖြင့် အစားထိုးသုံးစွဲရန် နည်းလမ်းရှာဖွေခဲ့ကြောင်း သိရသည်။ ထို့အပြင် Samsung သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ရာနှုန်းပြည့်ပါဝင် လှုပ်ရှားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ ကုန်ပစ္စည်းထုတ်ပိုးမှုနှင့် အခြားသောစက္ကူအသုံးပြုမှုများ အတွက် Sustainable Forest Management (SFM) ၏ အသိအမှတ်ပြုသော စက္ကူများသာ အသုံးပြုရန်အတွက် သဘာတူ လက်ခံခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းဖုန်းများ၊ Tablet များနှင့် ဝတ်ဆင်အသုံးပြုရသော ပစ္စည်းများအတွက် အသုံးပြုသော ပလတ်စတစ်များအစား စက္ကူများဖြင့် အစားထိုးသွားရန်၊ ကြိုးနှင့် နားကြပ်များကို ပလတ်စတစ် ထုတ်ပိုးမှုအစား စက္ကူ သို့မဟုတ် ပြန်လည်အသုံးပြုနိုင်သော Bio ပလတ်စတစ်များဖြင့် အစားထိုးထုတ်လုပ်ရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် စက္ကူဗုံးနှင့် အခြားစက္ကူအသုံးပြုမှုများအတွက် သတ်မှတ်ထားသော Fiber ကုန်ကြမ်းများသာ အသုံးပြုမည်ဟု ဆိုသည်။

ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ကိုရီးယားဈေးကွက်အတွင်း တီဗီနှင့် တီဗီအပိုပစ္စည်းများ၊ ရေခဲသေတ္တာ၊ Oven၊ အဝတ် လျှော် စက်၊ လေအေးပေးစက်နှင့် ဖုန်စုတ်စက်များထုတ်ပိုးရာတွင် ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် အသုံးပြုသော ပလတ်စတစ် အိတ်များကို အခြားဇီဝကုန်ကြမ်းများဖြင့် ပြောင်းလဲထုတ်လုပ်သွားရန်၊ ၂၀၂၀ ပြည့်နှစ်အတွင်း စက္ကူဗုံးနှင့် အခြား စက္ကူ အသုံးပြုမှုများအတွက် သတ်မှတ်ထားသော Fiber ကုန်ကြမ်းများသာ အသုံးပြုရန်နှင့် Q series Flagship TV များ ထုတ်ပိုးရာတွင် ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် ထည့်သွင်းအသုံးပြုသော ပလတ်စတစ်အိပ်များကို အခြားဇီဝကုန်ကြမ်း များဖြင့် ပြောင်းလဲထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါပစ္စည်းများအတွက် အသုံးပြုသော စက္ကူဗုံးများနှင့် အခြားစက္ကူသုံးစွဲမှုများအတွက် သတ်မှတ်ထားသော Fiber ကုန်ကြမ်းများသာ အသုံးပြုရန်နှင့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နိုင်ငံတကာဈေးကွက်များ အဆင့် အထိ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

Samsung Electronics မှ ၂၀၀၉ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ပလတ်စတစ်အသုံးပြုမှုကို တန်ချိန် ၅ သိန်းအထိ လျှော့ချ အသုံးပြုရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်းတို့အနေဖြင့် အသုံးပြုသော စက္ကူဗုံးများနှင့် အခြားသော စက္ကူအသုံးပြု မှုများအတွက် သက်မှတ်ထားသော ကုန်ကြမ်းများသာအသုံးပြုသွားမယ်ဟု ထုတ်ပြန်ကြေညာထားသည်။