တီဗီထုတ်လုပ်မှုနယ်ပယ်တွင် ဆန်းသစ်တီထွင်မှုအရှိဆုံး ရှေ့ဦးတီထွင်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် Samsung Electronics သည် ၎င်း၏နောက်ဆုံးပေါ်  တီဗီအမျိုးအစားသစ်များ ဖြစ်ကြသည့် Neo QLED နှင့် QLED 4K တီဗီများအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။အဆိုပါ Samsung ၏ နောက်ဆုံးပေါ် တီဗီအမျိုးအစားသစ်များအား စွဲမက်ဖွယ် ပါးလွှာသော ဒီဇိုင်းတည်ဆောက်မှု၊ သူမတူသော ဂိမ်းကစားမှု အတွေ့အကြုံများအား ပေးစွမ်းနိုင်မှု၊ များစွာသော Voice Assistant ‌ထောက်ပံ့မှုများ၊ စိုပြေတောက်ပ၍ ပြင်ပပုံရိပ်များအတိုင်း ကြည့်ရှုခံစားနိုင်မည့် အရောင်ချိန်ညှိမှုစနစ်၊ ကျန်းမာရေးစောင့်ကြည့်မှု စနစ်များနှင့် Real-Time Audio Scenic Intelligence ထောက်ပံ့ပေးထားသည့် အခြေအနေ အပေါ်မူတည်၍ အလိုအလျောက် ချိန်ညှိပေးနိုင်သော အသံစနစ်များ အပါအဝင် သူမတူသော နောက်ဆုံးပေါ် လုပ်ဆောင်ချက်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။

“မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ လူနေမှုဘဝ ပိုမိုမြင့်မားလာဖို့နဲ့ အရည်အသွေး အကောင်းမွန်ဆုံး တီဗီကြည့်ရှုမှု အတွေ့အကြုံတွေကို ပေးအပ်နိုင်မယ့် ကျွန်တော်တိုရဲ့ နောက်ဆုံးပေါ် QLED တီဗီအမျိုးအစားအသစ်တွေကို အခုလို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် တီထွင်လုပ်ဆောင်နေတာနဲ့အညီ အခု အသစ်မိတ်ဆက်ခဲ့တဲ့ QLED 4K တီဗီအမျိုးအစားသစ်တွေ ဟာလည်း Samsung ရဲ့ နောက်ဆုံးပေါ် သူမတူတဲ့ နည်းပညာတွေ၊ လုပ်ဆောင်ချက်တွေကို ထည့်သွင်းတည်ဆောက် ပေးထားတဲ့အတွက် အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေမှာ အကောင်းဆုံး ကူညီထောက်ပံ့ပေးသွားနိုင်မှာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။

QLED TV 

နောက်ဆုံးပေါ် QLED တီဗီ အမျိုးအစားသစ်တွင် Quantum Processor 4K Lite နှင့် 100% Colour Volume Technology နည်းပညာများ ပါဝင်လာသည့်အတွက် ကြည်လင်ပြတ်သားမှုအပြည့်နှင့် အကောင်းမွန်ဆုံး 4K ရုပ်ထွက် အရည်အသွေးများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် Auto Low Latency Mode အား ထည့်သွင်းပေးထားသည့်အတွက် လှုပ်ရှားမှု မြန်ဆန်သည့် ဂိမ်းများအား ကစားရာတွင်ပင် အထစ်အငေါ့မရှိ ကြည်လင်ပြတ်သားမှုအပြည့်နှင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ အလားတူပင် QLED တီဗီ၏ AI-based surround-sound နှင့် Object Tracking Sound Lite (OTS Lite) ထောက်ပံ့ပေးထားသည့် Q Symphony စနစ်သည် သုံးစွဲသူများ မည်သည့်နေရာမှ ကြည့်ရှုနားထောင်နေသည့်ဖြစ်စေ အကောင်းမွန်ဆုံးသော အသံထွက် အရည်အသွေးအား ရရှိခံစားနိုင်စေရန် လုပ်ဆောင်ပေးနိုင်စွမ်းရှိမည် ဖြစ်သည်။

NEO QLED 8K TV

ကျယ်ပြန့်သော ရုပ်သံကြည့်ရှုမှု အတွေ့အကြုံအား ရရှိစေရန် ပါးလွှာသော ဘေးဘောင်နှင့် Infinity O မျက်နှာပြင်နှင့် တည်ဆောက်ပေးထားသည့် နောက်ဆုံးပေါ် NEO QLED 8K တီဗီသည် Neo Quantum Processor 8K နှင့် Local Brightness Booster အလင်းချိန်ညှိမှုစနစ်များ ပါရှိသည့်အတွက် ပြင်ပလောကတွင် ဖြစ်ပျက်နေသည်နှင့်မခြား ကြည်လင်ပြတ်သားသော 8K ရုပ်ထွက်အရည်အသွေးများအား ကျယ်ပြန့်သော မျက်နှာပြင်မှ တဆင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ Screen ၄ ခုအထိ ခွဲ၍ ကြည့်ရှုနိုင်သော Multi viewing စနစ်ပါရှိသည့်အပြင် Quantum Matrix Technology Pro နည်းပညာနှင့် AI Upscaling နည်းပညာများကို လည်း ထည့်သွင်းတည်ဆောက်ပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် မည်သည့် တီဗီအစီအစဉ်နှင့် ဂိမ်းကစားမှု မျိုးကိုမဆို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ အသံအရည်အသွေးပိုင်းတွင်လည်း NEO QLED 8K တီဗီတွင် ပါရှိသည့် SpaceFit နည်းပညာသည် ပတ်ဝန်းကျင်မှ ဆူညံသံများအပေါ်လိုက်၍ အလိုအလျောက် အသံထွက်စနစ်ကို လိုအပ်သလို ချိန်ညှိပေးနိုင်မည့်အပြင် တစ်ချိန်တည်းတွင် Object Tracking Sound (OTS) Pro စနစ်သည်လည်း ကြည်လင်ပြတ်သားမှုအရှိဆုံး အသံထွက် အရည်အသွေးအား ပေးစွမ်းသွားနိုင် မည် ဖြစ်သည်။

ဆိုလာဆဲလ်စွမ်းအင်သုံးအဝေးထိန်းစနစ် နှင့် အိမ်တွင်းရှိ လုပ်ဆောင်ချက်များ

Samsung သည် ထုတ်ကုန်များအား eco-friendly ပိုမိုဖြစ်စေရန် စဉ်ဆက်မပြတ် တီထွင်ဆောင်ရွက်ခြင်း၊ လေထု ညစ်ညမ်းမှုအား လျှော့ချနိုင်ရန် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ခြင်း အစရှိသဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ် စောင့်‌ရှောက်ရန် အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်နှင့်အညီ ယခု နောက်ဆုံးပေါ် တီဗီအမျိုးအစားသစ်များတွင် လည်း နေရောင်ခြည်သုံး Solar Cells-Powered Remote Control များအားထည့်သွင်းပေးထားသည်။ အဆိုပါ Remote Control များတွင် တစ်ခါသုံးဘက်ထရီများအစား ပြန်လည်အားဖြည့်သွင်းနိုင်သော ဘက်ထရီများအား ထည့်သွင်းပေးထားပြီး နေရောင်ခြည်မှ ရရှိသည့် စွမ်းအင်ဖြင့်လည်း ပြန်လည်အားဖြည့်သွင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် Remote Control ၏ စွမ်းအင်အသုံးပြုမှုကိုလည်း သာမန် Remote Control တစ်လုံး၏ စွမ်းအင်အသုံးပြုမှုထက် ၈၆ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင် ရန်အတွက်လည်း Samsung မှ လုပ်ဆောင်ပေးထားသည်။ သုံးစွဲသူများ အနားယူအပန်းဖြေရာတွင် ဖြစ်စေ၊ အလုပ်လုပ်ကိုင် ရာတွင် ဖြစ်စေ အကောင်းမွန်ဆုံး အထောက်အကူ ဖြစ်စေရန်အတွက် Samsung သည် ၎င်း၏ နောက်ဆုံးပေါ်တီဗီများတွင် Google Duo, Samsung DEX နှင့် Samsung Health စသည့် အက်ပလီကေးရှင်းများ အပါအဝင် များပြားလှသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်း‌ပေးထားသည့်အပြင် သုံးစွဲသူများအနေနှင့် ၎င်းတို့၏ စမတ်ဖုန်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လည်း အလွယ်တကူ ချိတ်ဆက်အသုံးပြုသွားနိုင်မည် ဖြစ်သည်။

အသစ်မိတ်ဆက်ခဲ့သည့် QLED၊ Neo QLED နှင့် Neo QLED 8K TV မော်ဒယ်လ်သစ် အသီးသီးအား လာမည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ဈေးကွက်ထဲတွင် စတင်ရောင်းချပေးသွားမည်။ ထို့အပြင် UHD (AU7000) နှင့် Crystal UHD (AU8000) အစရှိသည့် TV အမျိုုးအစားများကိုမူ မြန်မာငွေကျပ် ၉၀၀,၀၀၀ ကျပ်မှစတင်၍ ကြိုက်နှစ်သက်ရာ မျက်နှာပြင်အရွယ်အစား များကို ရွေးချယ်ဝယ်နိုင်မည်ဖြစ်ပါသည်။ Samsung ၏ နောက်ဆုံးပေါ် တီဗီမော်ဒယ်များနှင့် သက်ဆိုင်ရာ ဈေးနှုန်း အသေးစိတ်တို့အား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ (https://www.facebook.com/SamsungMyanmar) တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Source – Samsung Myanmar