Zawgyi

QLED TV အသစ်တွင် သစ်လွင်ထူးခြားသည့်ဒီဇိုင်းနှင့် ကြည်လင်ပြတ်သားသည့် မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းနိုင်မည့် မျက်နှာပြင်တို့ပါဝင်သည်။

ရန်ကုန်၊ မြန်မာ – ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် – ကမ္ဘာ့ထိပ်တန်း တီဗီထုတ်လုပ်သူအဖြစ် ၁၃ နှစ်ဆက်တိုက် ဦးဆောင်နေသည့် Samsung သည် ၎င်း၏ ၂၀၁၈ ခုနှစ်အတွက် Flagship အမျိုးအစား QLED TV အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ မီဒီယာများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ၏ ရှေ့မှောက်တွင် Samsung သည် ယခင်နှင့်မတူ ကွဲပြားခြားနားသော အတွေ့အကြုံသစ်များကို ရရှိစေမည့် အဆန်းသစ်ဆုံးလုပ်ဆောင်ချက်များ ပါဝင်သည့် မျိုးဆက်သစ် QLED TV ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ပစ္စည်းအသစ်တစ်မျိုး မိတ်ဆက်တိုင်းမှာ တမူထူးခြားတဲ့ အတွေ့အကြုံတွေကို အသုံးပြုသူတွေဆီ ယူဆောင်လာနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဒီ ၂၀၁၈ ခုနှစ်ထုတ် QLED တီဗီအသစ်ဟာဆိုရင်လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် စိတ်လှုပ်ရှားစရာ လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်တဲ့အပြင် ပိုမိုအဆင်ပြေပြီး သက်သောင့်သက်သာဖြစ်စေမယ့် လူနေမှုဘဝကိုလည်း အကောင်းဆုံး ဖန်တီးပေးသွားမှာပါ။” ဟု Samsung Myanmar ၏ Head of Consumer Electronics ဖြစ်သူ Mr. Khang Wei Yap မှ ပြောကြားသည်။

၂၀၁၈ ခုနှစ်ထုတ် Samsung ၏ QLED TV အမျိုးအစားအသစ်များတွင် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ပြီး အရည်အသွေး ပိုမိုကောင်းမွန်သောရုပ်ထွက်၊ အဆင်ပြေလွယ်ကူသော ချိတ်ဆက်မှု စသည့် များစွာသော လုပ်ဆောင်ချက်အသစ်များကို ထည့်သွင်းဖန်တီးထားသည်။ အဆိုပါ လုပ်ဆောင်ချက်များတွင် ပြတ်သားသော အဖြူရောင်နှင့် အနက်ရောင်ထွက်ပေါ်လာရန် အလိုအလျောက်ထိန်းညှိပေးနိုင်မည့် Direct Full Array စနစ်၊ ခေတ်မီ လုပ်ဆောင်ချက် အသစ်များ ဖြစ်သည့် Bixby နှင့် ကြိုးများရှုပ်ထွေးခြင်းမရှိအောင် ကြိုးတစ်ချောင်းတည်းဖြင့် ဖန်တီးထားသော ပြန်လည်ဆန်းသစ်ထားသည့် One Invisible Connection ဒီဇိုင်းတို့ ပါဝင်သည်။ ယခု Samsung QLED TV အသစ်တွင် တမူထူးခြားဆန်းသစ်သည့် လုပ်ဆောင်ချက်မှာ Magic Screen ဟုခေါ်သည့် တီဗီထားရှိရာ နောက်ခံနံရံ၏ ဒီဇိုင်းနှင့် အရောင်အတိုင်း ပြောင်းလဲပေးနိုင်မည့် စွမ်းဆောင်ရည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ၂၀၁၈ ခုနှစ် ထုတ် တီဗီအသစ်တွေနဲ့အတူ ကျွန်တော်တို့ဟာ Virtual တီဗီမျက်နှာပြင်ကို အသိဉာဏ်ရှိတဲ့ Intelligent တီဗီမျက်နှာပြင်ဆိုပြီး အဆင့်မြှင့်တင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ နေရာဒေသမရွေးက သုံးစွဲသူတွေရဲ့နေ့စဉ်ဘဝကို ပိုမိုမြင့်မားလာစေပြီး အကောင်းဆုံးဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ အလွယ်တကူ အသုံးပြုနိုင်မယ့် ဒီ QLED TV အသစ်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတိုင်းကို အကောင်းမွန်ဆုံး ကြည့်ရှုခံစားမှုကို ယူဆောင်ပေးလာမှာပါ။” ဟု Mr. Khang Wei Yap က ထပ်လောင်းပြောကြားသည်။

Samsung ၏ ၂၀၁၈ ခုနှစ်ထုတ် တီဗီအသစ်များအား မြန်မာနိုင်ငံတွင် Q6F၊ Q7F နှင့် Q8C ဟူ၍ ၃ မျိုးရရှိနိုင်မည် ဖြစ်ပြီး Q6F အား ၅၅ လက်မနှင့် ၆၅ လက်မ ဟူ၍ လည်းကောင်း၊ Q7F အား ၅၅ လက်မ၊ ၆၅ လက်မ နှင့် ၇၅ လက်မဟူ၍လည်းကောင်း Q8C အား ၅၅ လက်မနှင့် ၆၅ လက်မ ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ အဆိုပါ တီဗီအမျိုးအစား အားလုံးတွင် အဆင့်မြှင့်ထားသည့် အရောင်နှင့် အလင်းအမှောင် ထိန်းညှိပေးနိုင်မည့် လုပ်ဆောင်ချက်၊ အလင်းအမှောင်ကြား ရုပ်ထွက်များကို ကြည်လင်ပြတ်သားစေသည့် HDR10+ ထောက်ပံ့ပေးနိုင်မှု၊ Magic Screen ၊နှင့် တီဗီနှင့် ချိတ်ဆက်ထားသော ကိရိယာများအား ရီမုဒ်တစ်ခုတည်းဖြင့် အသုံးပြုထိန်းချုပ်နိုင်မည့် One Remote Control နှင့် Q7 နှင့်အထက် စီးရီးများတွင်သာ အသုံးပြုနိုင်မည့် One Invisible Connection အစရှိသည့် လုပ်ဆောင်ချက်များတို့ ပါဝင်သည်။

၂၀၁၈ ခုနှစ်ထုတ် Samsung QLED TV ဈေးနှုန်းအသေးစိတ်အချက်အလက်အား အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

မော်ဒယ်                                   Size                 ဈေးနှုန်း (ကျပ်)

QA55 Q6F NAKXMR           55”                   ,၀၉၉,၀၀၀

QA55 Q7F NAKXMR           55”                    ,၄၉၉,၀၀၀

QA55 Q8C NAKXMR          55”                    ,၇၉၉,၀၀၀

QA65 Q6F NAKXMR          65”                    ,၂၉၉,၀၀၀

QA65 Q7F NAKXMR          65”                    ,၄၉၉,၀၀၀

QA65 Q8C NAKXMR         65”                     ,၈၉၉,၀၀၀

QA75 Q7F NAKXMR          75”                     ,၆၉၉,၀၀၀

၂၀၁၈ ခုနှစ်ထုတ် QLED TV ၏ စိတ်ဝင်စားဖွယ်အချက်အလက်များ

ပြီးပြည့်စုံသော ရုပ်ထွက်အရည်အသွေး

ယခု QLED တီဗီသည် ရုပ်ရှင်ရုံပိတ်ကား အများစုနှင့် HDR ရုပ်ရှင်ကားများ၏ format ဖြစ်သည့် DCI-P3 Color Space ၏ အရောင်ထုထည်ကို ၁၀၀ ရာခိုင်နှုန်း အတိအကျ ထုတ်လွှင့်ပေးနိုင်စွမ်းရှိသည်။ အဆိုပါ QLED ၏ Quantum dot display သည် အရောင်အရိပ်ပေါင်း တစ်ဘီလီယံကျော်ကို ဖန်းတီးပေးနိုင်ရုံသာမက ၂,၀၀၀ နစ် (nits) အထိ အလင်းရရှိမှုကို ထောက်ပံ့ပေးသောကြောင့် အသေးငယ်ဆုံးသော ကွာခြားမှုများကို မည်မျှပင် လင်းသည့်ပုံရိပ် ဖြစ်စေ၊ မှောင်သည့် ပုံရိပ်ဖြစ်စေ၊ ပိုမိုနက်မှောင်သည့် အရောင်များနှင့် အသေးစိတ်ပုံရိပ်များအား မြင်တွေ့စေမည်ဖြစ်သည်။ ထို့အပြင် Anti-reflection နည်းပညာ ပါဝင်လာသောကြောင့် တီဗီဖန်သားပြင်တဝိုက်တွင် အရာဝတ္ထုများ အလင်းပြန်ခြင်းကြောင့် ကြုံတွေ့ရသော အခက်အခဲများ ကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ တီဗီ၏ Anti-reflective မျက်နှာပြင်သည် နေရောင်ခြည်အောက်တွင် ဖြစ်စေ၊ တောက်ပသည့် အလင်းရောင်အောက်တွင်ဖြစ်စေ အလင်းပြန်မှုအား သိသိသာသာ လျှော့ချပေးနိုင်ပြီး ပတ်ဝန်းကျင်အနှောင့်အယှက်များအား လျစ်လျူရှု၍ ရုပ်ရှင်အား ပိုမိုနှစ်မျှောခံစားနိုင်မည် ဖြစ်သည်။ ထို့အတူ Q9F QLED တီဗီတွင် Direct Full Array (DFA) နည်းပညာ ပါဝင်လာသည့်အတွက် ပိုမိုကြည်လင်ပြတ်သားသည့် ရုပ်ပုံများအား ကြည့်ရှုနိုင်မည်ဖြစ်သည်။ Direct Full Array နည်းပညာတွင် နက်မှောင်သောအနက်ရောင်များနှင့် စစ်မှန်သောအဖြူရောင်များ ကွဲကွဲပြားပြား ထွက်ပေါ်လာစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သည့် နောက်ခံမီးလုံးများဖြင့် ဖွဲ့စည်းထားသော Panel ကို အသုံးပြုထားသည်။

Magic Screen

Magic Screen သည် အသုံးပြုသူများ တီဗီနှင့် ရုပ်ရှင်ကြည့်ရှုနေခြင်းမရှိသည့်တိုင် တစ်နေ့တာလုံးအတွက် အသုံးဝင်သည့် အချက်အလက်များကို ပြသပေးနိုင်မည်ဖြစ်ပြီး သီချင်းဖွင့်ခြင်းနှင့်အတူ ရုပ်ပုံများကိုလည်း ပြသထားနိုင်မည်ဖြစ်သည်။ အချိန်နှင့် ရာသီဥတု အခြေအနေများ၊ အလှပုံများနှင့် ကိုယ်ပိုင်ဓာတ်ပုံများစုစည်းပုံဖော်ထားသည့် ရုပ်ပုံများအား တီဗီနှင့်နံရံကြား နေရာလွတ်မရှိစေဘဲ တပ်ဆင်ထားသည့် တီဗီပေါ်တွင်ပြသထားနိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်ဖြင့် တီဗီမျက်နှာပြင်ကို ၎င်းတပ်ဆင်ထားသော နံရံ၏အရောင်နှင့်ဒီဇိုင်းကိုလိုက်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး တီဗီအား နံရံနှင့် တသားတည်းကျစေမည့် အံအားသင့်ဖွယ်ရာ အပြင်အဆင်အဖြစ်ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

One Invisible Connection

One Invisible Connection အသစ်တွင် ပါရှိသည့် ပိုမိုသေးငယ်သော ကေဘယ်ကြိုးတွင် အသုံးပြုသူများ၏ ပါဝါကြိုးများနှင့် တီဗီသို့ချိတ်ဆက်သည့် AV data ကြိုးများ တစ်စုတစ်စည်းတည်းပါရှိသည့်အတွက် အသုံးပြုသူများအနေဖြင့် အင်တာနက်ကြိုးနှင့် တီဗီအတွက် ပါဝါကြိုးများ ချိတ်ဆက်နိုင်ရန်အတွက် အပေါက်ရှိရာ နေရာသို့ ရွေ့ပြောင်းထားရန် မလိုတော့ဘဲ ပိုမိုအဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

Samsung One Remote

ပိုမိုအဆင့်မြှင့်တင်ထားသော Samsung One Remote ကြောင့် သုံးစွဲသူများအနေနှင့် တီဗီနှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းများအား ရီမုဒ်တစ်ခုတည်းဖြင့် အဆင်ပြေလွယ်ကူစွာ ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် “Xbox” ဟု အသံထွက်ညွှန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် Remote သည် Xbox One ဂိမ်းစက်နှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်သည့်အပြင် သုံးစွဲသူများကြိုက်နှစ်သက်သည့် TV Show များကိုလည်း အကြံပြုပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် Smart Things app အားအသုံးပြု၍ တီဗီနှင့် အခြားသော smart device များ၊ အိမ်သုံးပစ္စည်းများနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင် မည်ဖြစ်သည်။ Smart Things app အား အသုံးပြု၍ Samsung ရေခဲသေတ္တာ၊ စမတ်ဖုန်း အစရှိသည့် စက်ပစ္စည်းများအား ချိတ်ဆက်နိုင်မည် ဖြစ်သည့်အပြင် အိမ်ရှေ့တံခါးတွင် မည်သူ ရောက်ရှိနေသည်ကို ကြည့်ရှုနိုင်ခြင်း၊ အခန်းတွင် အပူချိန်အား ပြောင်းလဲနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ထိုင်ရာမှ မထ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စမတ်တီဗွီ နှင့် SmartThings App

QLED တီဗီများ၏ မြင့်မားသောစွမ်းဆောင်ရည်များအား အသုံးပြုကာ မိမိကြည့်ရှုလိုသည့် အကြောင်းအရာများအား တီဗီမှတဆင့် ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သည်။ ဆန်းသစ်သော Smart Things app အား အလွယ်တကူ ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သောကြောင့် တီဗီအသစ်အား set up ပြုလုပ်ရန် အချိန် များစွာလျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့အတူ Samsung ၏ အသိဉာဏ်ဖြင့်ထိန်းချုပ်သောနည်းပညာကိုအသုံးပြု၍ built-in ပါဝင်သော voice assistant ဖြင့် လုပ်ဆောင်ချက်အမျိုးမျိုးအား လုပ်ဆောင်ရန် ညွှန်ကြားနိုင်မည်ဖြစ်သည်။ ထို့အပြင် One remote Controller ပါဝင်လာသောကြောင့် တီဗီနှင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းအားလုံးအား အလွယ်တကူထိန်းချုပ်နိုင်မည်ဖြစ်သည်။