Samsung ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Flagship စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy S20 Series စမတ်ဖုန်းတွေနဲ့ Foldable Phone အသစ်ဖြစ်တဲ့ Galaxy Z Flip ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလိုမျိုး စမတ်ဖုန်းအသစ်တွေအပြင် Accessories အသစ်တွေကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါကတော့ 10000mAh Power Bank အသစ်၂ မျိုးနဲ့ 45W Dual Car Charger တွေပဲဖြစ်ပါတယ်။

ပထမဆုံး 10000mAh Power Bank ဟာဆိုရင် Qi Wireless Charging ကိုပါ Support ပြုလုပ်ပြီးတော့ Wireless Charging ရတဲ့ Device တွေကို 7.5W နှုန်းနဲ့ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ Wired အနေနဲ့ဆိုရင်တော့ ပါဝင်တဲ့ Dual USB-C ၂ ပေါက်ကနေ USB-PD နည်းပညာကိုအသုံးပြုပြီး 25W Fast Charging နဲ့ အားပြန်လည်သွင်းနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် 10000mAh Power Bank ကတော့ Wireless Charging ပါဝင်ခြင်းမရှိပေမယ့် USB-PD ကနေ တစ်ဆင့် 25W Fast Charging ကို Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ 25W Fast Charging ကို အသုံးပြုနိုင်မှာကတော့ USB-C ၁ ပေါက်ပဲ ပါဝင်မှာဖြစ်ပြီး ကျန်တဲ့ USB-A အပေါက်ကတော့ ပုံမှန် 15W ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ Wireless Charging ပါဝင်တဲ့ Version ကို ဒေါ်လာ ၈၀ (မြန်မာငွေ ၁၁၅,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး ပုံမှန် Version အတွက်ကတော့ စျေးနှုန်းကို ကြေညာထားခြင်းမရှိပါဘူး။

နောက်ထပ် Dual Car Charger ကိုပါ မိတ်ဆက်ထားခဲ့ပြီးတော့ အဆိုပါ Car Charger မှာဆိုရင် 45W Fast Charging ကို Support ပြုလုပ်တဲ့ USB-C ၁ ပေါက်အပြင် 15W Charging ရရှိမယ့် USB-A ၁ ပေါက်ပါဝင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး 45W Fast Charging ကို အသုံးပြုနိုင်မယ်ဆိုပေမယ့် လက်ရှိအချိန်မှာ Galaxy S20 Ultra နဲ့ Galaxy Note 10+ ဖုန်းတွေကပဲ 45W Fast Charging ကို Support ပြုလုပ်တာဖြစ်ပါတယ်။ အခု Dual Car Charger အတွက်လည်း စျေးနှုန်းကို ကြေညာသွားခြင်းမရှိပါဘူး။

Ref – GSM Arena