Zawgyi
Ref – GSM Arena
Unicode
Samsung ကနေ သူ့ရဲ့ Flagship စမတ်ဖုန်းတွေမှာ အဓိက US Market အတွက်ပဲ Qualcomm Snapdragon Processor တွေကို အသုံးပြုပြီးတော့ ကျန်တဲ့ Market တွေအတွက် ကိုယ်ပိုင် Exynos Processor ကိုပဲ အသုံးပြုတာကို သိကြမှာပါ။ အဲ့ဒီ Exynos Processor မှာမှ ပုံမှန်အားဖြင့် နှစ်တနှစ်ရဲ့ အစောပိုင်းမှာ မိတ်ဆက်ထားတဲ့ Galaxy S Series ရဲ့ Exynos Processor ကိုပဲ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်တဲ့ Galaxy Note Series ဖုန်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ Samsung ကနေ ထူးထူးခြားခြား မကြာခင်မိတ်ဆက်တော့မယ့် Samsung Galaxy Note 10 စမတ်ဖုန်းမှာ Galaxy S10 တုန်းက အသုံးပြုခဲ့တဲ့ Exynos 9820 Processor မဟုတ်ဘဲ ပိုကောင်းတဲ့ Exynos Processor အသစ်ကို အသုံးပြုလာတော့မှာပါ။ ဒါကိုလည်း Samsung Exynos Official Twitter Account ကနေ Teaser Video တင်ထားပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခု Teaser Video ကို “Power Evolved” လို့ ခေါင်းစဉ်တပ်ထားပြီး Galaxy Note 10 Unpacked Event ဖြစ်တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ ဒါ့အပြင် Video ထဲမှာလည်း “Evoled” ၊ “Next-level” နဲ့ “Intelligent Processor” ဆိုတဲ့ စကားလုံးတွေကို Highlight လုပ်ထားပါသေးတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းတွေထွက်ခဲ့သလို Samsung ဟာ Galaxy Note 10 ဖုန်းတွေအတွက် ပိုကောင်းတဲ့ Exynos 9825 Processor ကို သုံးလာမယ်ဆိုတာက သေချာသလောက်ဖြစ်သွားပါပြီ။ လက်ရှိသိထားရတဲ့သတင်းတွေအရဆိုရင် US Market မှာပါ Verizon ကလွဲပြီး ကျန်တဲ့ Operator တွေနဲ့ Retail Store တွေမှာ Exynos Version Galaxy Note 10 ကိုပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။ Samsung အနေနဲ့ ဒီနှစ်မှာတော့ Galaxy Note 10 ဖုန်းနဲ့အတူ Exynos Processor ကို ပိုပြီး Promote လုပ်ချင်တဲ့ပုံစံပါပဲ။
ဒီ Exynos 9825 Processor ဟာ 7nm Architecture ကို အခြေခံလာမှာဖြစ်ပြီး ပြီးခဲ့တဲ့ Galaxy S10 မှာသုံးခဲ့တဲ့ 8nm Exynos 9820 Processor နဲ့ယှဉ်ရင် Camera Image Processing ၊ Overall Performance နဲ့ Battery Life တွေမှာ ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။
Ref – GSM Arena