Samsung ကနေ Galaxy S20 Series ကို မိတ်ဆက်ခဲ့ပြီးဖြစ်သလို ရရှိမယ့်အရောင်တွေကိုလည်း ကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံအတွက် Samsung ကနေ လုံးဝအမိုက်စား Edition တစ်ခုကို ထပ်ပြီး မိတ်ဆက်ပေးလိုက်ပါတယ်။

 

ဒါကတော့ Galaxy S20 Series ထဲက Galaxy S20+ ဖုန်းကို လက်ရှိမှာအအောင်မြင်ဆုံး K Pop Girl Group တစ်ခုဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် Jennie ရဲ့ နာမည်ကို ယူထားတဲ့ Jennie Red Edition ကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ ဒီ Jennie Red Edition Galaxy S20+ မှာ S20+ ကတင် Aura Red Color ကို အသုံးပြုထားတာမဟုုတ်ဘဲ Galaxy Buds+ ကိုပါ Red Color အနေနဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။


ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Galaxy S20+ Jennie Red Edition ဟာ လက်ရှိ အမည်း၊ မီးခိုးနဲ့ အပြာရောင်တွေပဲ ပုံမှန်အနေနဲ့ ရွေးချယ်နိုင်တဲ့ S20+ ထက်တော့ အများကြီးဆန်းသစ်နေတာဖြစ်ပါတယ်။ BLACKPINK ကို ကြိုက်နှစ်သက်တဲ့ K Pop Fan တွေအတွက်တော့ ဒါက သတင်းကောင်းတစ်ခုဖြစ်လာဦးမှာပါ။

Samsung အနေနဲ့ အဆိုပါ Jennie Red Edition S20+ ကို တောင်ကိုရီးယားအပြင် တခြားနိုင်ငံတွေမှာ ရောင်းချမယ်လို့ ပြောကြားခြင်းမရှိသေးသလို S20 Series ကိုလည်း Aura Red Color နဲ့ ထပ်ထုတ်သွားမလားဆိုတာကို နှုတ်ဆိတ်နေနေတာဖြစ်ပါတယ်။

Ref – Android Authority