Samsung က Exynos 990 Chipset ပါတဲ့ နိုင်ငံတကာ Galaxy S20 , Galaxy S20+ နဲ့ Galaxy S20 Ultra မော်ဒယ်တွေအတွက် ပထမဆုံး Software Update အသစ်ကို ဖြန့်ချိပေးလိုက်ပါတယ်။ Firmware အသစ်ရဲ့  ဗားရှင်း နံပါတ်က G98xFXXU1ATC1 ဖြစ်ပြီး ဖိုင်အရွယ်အစားက 150MB ဖြစ်ပါတယ်။ Update ရဲ့ Changelog အပြည့်အစုံကို လက်ရှိမှာ မသိရသေးပေမယ့် ၂၀၂၀ ခုနှစ် မတ်လအတွက် Android Security Patch ထည့်သွင်းထားပါတယ်။

Update မှာ တိုးတက်ပြောင်းလဲမှုတွေ ပါလာမှာ သေချာပါတယ်။ Galaxy S20+ မှာ အပူလွန်ကဲတာ၊ ကင်မရာ App တုန့်ဆိုင်းတာနဲ့ YouTube ကို ဖွင့်ရင် ကောင်းကောင်း အလုပ်မလုပ်တာ အပါအဝင် ပြဿနာတချို့ရှိနေပါတယ်။ အခု Update မှာ အဲဒီ ပြဿနာတွေကို ဖြေရှင်းပေးထားနိုင်ပါတယ်။ Galaxy S20 Ultra မှာ 108MP ကင်မရာဟာ Dual Pixel Autofocus အစား Standard Phase Detection Autofocus သုံးနေတာကို ပြင်ဆင်ထားနိုင်ပါတယ်။

Samsung က လက်ရှိမှာ  အဲဒီ Software Update ကို အိန္ဒိယမှာ စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး တခြား နိုင်ငံတွေအတွက် မကြာခင်မှာ ထည့်သွင်းပေးနိုင်ပါတယ်။ Over-the-air ကနေ ဖြန့်ချိပေးတာ ဖြစ်တဲ့အတွက် အင်တာနက် ဆက်သွယ်မှုနဲ့ ရယူနိုင်ပါတယ်။

သင်ဟာ နိုင်ငံတကာ Galaxy S20 , Galaxy S20+ နဲ့ Galaxy S20 Ultra မော်ဒယ်တွေကို ပိုင်ဆိုင်ထားရင် ဖုန်းရဲ့ Settings> Software Update Menu ထဲသွားပြီး Software Update ရပြီလားဆိုတာ လေ့လာနိုင်ပါတယ်။ အိန္ဒိယ ပြင်ပမှာတော့ Build အသစ် အနေနဲ့ ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena