Samsung ဟာ Galaxy S10 Series စမတ်ဖုန်း အားလုံးအတွက် Android 11/One UI 3.0 ကို ဒီလ အစောပိုင်းက ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ Samsung ဟာ Update ဖြန့်ချိပေးနေတာကို ရပ်နားလိုက်ပြီး Galaxy S10 Series စမတ်ဖုန်း အားလုံးမှာ Update မရရှိတော့ပါဘူး။

Galaxy S10 series on test: can Samsung stay ahead of the curve? – Which? News

Samsung က  Galaxy S10 Series အတွက် Android 11/One UI 3.0 ကို ရပ်နားလိုက်ရတဲ့ အကြောင်းအရင်းကို မပြောသေးပါဘူး။ သေချာတာက ကုဒ်တွေထဲမှာ Bugs ကြီးကြီးမားမား ပါလာလို့ ဖြစ်မှာပါ။ Update တင်ပြီးတဲ့ သုံးစွဲသူ တချို့က ဓါတ်ပုံတွေမှာ Blur ဖြစ်တာနဲ့ သာမာန်လောက်ပဲ အသုံးပြုနေရင်တောင် အပူချိန်လွန်ကဲတာလိုမျိုး စိတ်ပျက်စရာ Bugs တွေ ပါလာတယ်လို့ ပြောပါတယ်။

Samsung Galaxy S10-lineup in India: price, pre-booking, launch offers and more | TechRadar

ဒီထက် ကြီးမားတဲ့ Bugs တွေ ရှိနေလို့ Samsung က အခုလို Galaxy S10 Series အတွက် Android 11/One UI 3.0 ကို ရပ်နားလိုက်တာလို့ ထင်မြင်ရပါတယ်။ Samsung က Update ပြန်ပေးမယ့် အချိန်ကို မပြောသေးပါဘူး။

စမတ်ဖုန်း ကုမ္ပဏီတွေဟာ Software Update တွေမှာ Bugs တွေ ပါလာတတ်တဲ့အတွက် Beta Program တွေမှာ အရင်ဆုံး စမ်းသပ်ပြီးမှ Stable Version ကို ဖြန့်ချိပေးလေ့ရှိပါတယ်။ ဒါပေမယ့် Stable Version တွေမှာလည်း Bugs တွေ ပါလာတတ်တဲ့ အရေးကြီး ဒေတာတွေကို သိမ်းပြီးမှ တင်သင့်ပါတယ်။

Ref : gsmarena