Samsung ကနေ အခုနောက်ပိုင်းမှာ Android 10 Update ကို Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေအတွက်ပါ ထုတ်ပေးနေတာကနေ အခုလည်း နောက်ထပ် Mid Range ဖုန်း ၃ လုံးအတွက် Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update ကို ထုတ်ပေးလိုက်ပါပြီ။

လက်ရှိအချိန်မှာ Samsung အနေနဲ့ OneUI 2.1 ကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း အဆိုပါ OneUI 2.1 ဟာ Galaxy Z Flip နဲ့ Galaxy S20 Series ဖုန်းတွေမှာပဲ အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Mid Range ဖုန်းတွေအတွက် Android 10 Update ရရှိလာတာကတော့ ဝမ်းသာစရာလို့ပဲ ပြောရမှာပါ။

အခု OneUI 2.0 Update နဲ့အတူ System-wide Dark Theme အပြင် Navigation Gesture အသစ်တွေ၊ Location Privacy Feature တွေနဲ့ တခြားသော Feature အသစ်အများအပြားပါဝင်လာတယ်လို့ သိရပါတယ်။ Android Security Patch အနေနဲ့ကတော့ Galaxy A7 (2018) နဲ့ Galaxy A40 ဖုန်းတွေက March 2020 Security Patch ပါဝင်လာပြီးတော့ Galaxy A80 မှာတော့ February 2020 Security Patch ပဲ ပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ လာမယ့် ဧပြီလလောက်အထိကို ဆက်ပြီး Mid Range ဖုန်းတွေကို Android 10 Update ထုတ်ပေးသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

Ref – XDA-Developers