Samsung ဟာ အခုအချိန်မှာ Android 12 ကိုအခြေခံထားတဲ့ OneUI 4 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာ Android 12 ကို Google Pixel ဖုန်းတွေပဲ Stable Version အသုံးပြုနိုင်သေးတာဖြစ်ပေမယ့် Samsung အနေနဲ့ OneUI 4 Stable Update ကို ယခုနှစ်မကုန်ခင်မှာ Flagship ဖုန်းတွေအတွက် ထုတ်ပေးသွားဖို့ စီစဥ်နေပုံရပါတယ်။

လောလောဆယ်မှာ Samsung ကနေ Galaxy S21 Series ဖုန်းတွေအတွက် Closed Beta အနေနဲ့ OneUI 4 ကို စတင်စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခုလည်း Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 ဖုန်းတွေအတွက် OneUI 4 Beta ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဲ့ဒါကြောင့် South Korea နဲ့ India မှာရှိတဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 အသုံးပြုသူတွေအနေနဲ့ OneUI 4 Beta ကို စတင်စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး OneUI 4 Beta ကို အသုံးပြုနိုင်ဖို့အတွက် Device ကို Unlock ပြုလုပ်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ Beta Program ထဲဝင်ရောက်ဖို့အတွက်ကတော့ Samsung Members App ထဲမှာရှိတဲ့ OneUI 4 Beta Enrollment Button ကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။

Samsung OneUI 4 Update ဟာ Android 12 ရဲ့ အဓိကပြောင်းလဲမှုဖြစ်တဲ့ Material You Feature ကို ကိုယ်ပိုင်ပုံစံအနေနဲ့ ပြောင်းလဲအသုံးပြုထားမှာဖြစ်ပြီး တခြားသော UI ပိုင်း Design ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်ထားမှာဖြစ်ပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Samsung Health မှာ Health Goal သတ်မှတ်နိုင်တာ၊ Galaxy Device အချင်းချင်း File Sharing ပြုလုပ်ဖို့အတွက် Quick Share Feature ၊ Apple Lost Mode နဲ့ ဆင်တူတဲ့ Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China