Samsung ကနေ အခုနောက်ဆုံးထွက်ရှိထားတဲ့ Galaxy Note 20 Series ဖုန်းတွေမှာ OneUI 2.5 ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ OneUI 2.5 ဟာ Android 10 OS ကို အခြေခံထားတုန်းပဲဖြစ်ပေမယ့် ယခင် OneUI 2.1 နဲ့ ယှဥ်မယ်ဆိုရင် Feature အသစ်တွေပါဝင်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ ယခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Galaxy S20 Series ဖုန်းတွေအတွက် OneUI 2.5 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OneUI 2.5 Update ဟာ လောလောဆယ်မှာ Europe Region မှာပဲ ရရှိနေတာဖြစ်ပြီး မကြာခင်မှာတော့ တခြားသော Region တွေအတွက်ပါ Update ရရှိလာမယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Europe Region အတွက်တောင်မှ 5G Version Galaxy S20 Series ဖုန်းတွေပဲ Update ရရှိနေတယ်လို့ သိရပါတယ်။


Galaxy S20 Series အတွက် ထွက်ရှိလာတဲ့ OneUI 2.5 Update နဲ့အတူ Note 20 Series ဖုန်းတွေမှာ ပါဝင်လာတဲ့ Feature အချို့ကိုပါ ရရှိလာတယ်လို့ သိရပါတယ်။ ဒါတွေကတော့ Wireless DeX ၊ Third-party Launcher တွေအတွက် Android 10 Gesture Navigation ၊ Enhanced Pro Video Mode နဲ့ တခြားသော Feature တွေပဲဖြစ်ပါတယ်။

Galaxy S20 Series တင်မဟုတ်ဘဲ Galaxy Note 10 နဲ့ Note 10+ ဖုန်းတွေမှာလည်း S Pen နဲ့ Notes အတွက် Feature Update တွေရရှိလာပြီလို့ သိရပါတယ်။ Notes App မှာလည်း Format မျိုးစုံနဲ့ သိမ်းထားနိုင်ပြီဖြစ်သလို Galaxy Note 20 Series ဖုန်းတွေအတိုင်းကို Update ရရှိသွားပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung က အခုနောက်ပိုင်းမှာတော့ Software Update ကို သေချာအာရုံစိုက်လာပြီးတော့ Android OS Update ကိုလည်း ၃ နှစ်အထိ Support ပေးလိုက်တဲ့အတွက် အသုံးပြုသူတွေအတွက်ကတော့ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။

Ref – GSM Arena