[Zawgyi]

ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့ ေကာလာဟလ သတင္းတစ္ခုအရ Samsung ကို Huawei ရဲ႕ Flagship ဖုန္းတစ္လုံးျဖစ္တဲ့ P30 Pro အတြက္ OLED Panels ေတြကို ေရာင္းခ်ေပးမယ့္ Supplier အျဖစ္ ျမင္ေတြ႕ရလိမ့္မယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးဟာ ဒီႏွစ္ထဲမွာ Huawei P30 Pro အတြက္သာမက၊ P30 ေတြအတြက္လည္း AMOLED မ်က္ႏွာျပင္ေတြကို ေရာင္းခ်ေပးဖို႔ သေဘာတူညီထားတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို တ႐ုတ္ လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာလည္း ေဖာ္ျပထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။

Huawei အေနနဲ႔ အခုလိုမ်ိဳး Samsung နဲ႔ သေဘာတူညီမႈျပဳလုပ္ဖို႔ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ကလည္း တစ္ခုထက္မက ရွိတယ္လို႔ သိရပါတယ္။ Samsung ဆိုတာကလည္း စမတ္ဖုန္း ထုတ္လုပ္မႈ ေလာကထဲမွာ အႀကီးစား OLED Supplier အျဖစ္ ေအာင္ျမင္စြာ ရပ္တည္ေနႏွင့္ၿပီးသား ကုမၸဏီႀကီးပါ။

Huawei ဟာ ၿပီးခဲ့တဲ့ Mate 20 Pro ေတြတုန္းက အျခားေတာင္ကိုရီးယား ကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG ရဲ႕ Panels ေတြကို အသုံးျပဳခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေဈးကြက္ထဲေရာက္ၿပီး သိပ္မၾကာခင္မွာပဲ ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ေနာက္ BOE ရဲ႕ Panels ေတြကိုပဲ အားထားခဲ့ရပါေတာ့တယ္။ ဒီျပႆနာေၾကာင့္ ေရာင္းခ်မႈပိုင္းမွာလည္း ႐ိုက္ခတ္မႈေတြ ႀကဳံခဲ့ရပါေသးတယ္။

ဒီတစ္ေခါက္မွာလည္း P30 Pro အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ Supplier ကို လိုအပ္ခဲ့ပါတယ္။ ဒါေၾကာင့္ နည္းပညာ၊ အေတြ႕အႀကဳံအျပင္ လုံေလာက္တဲ့ လူ႔အရင္းအျမစ္လည္း ရွိေနတာ၊ အမွားအယြင္းလည္း မရွိသေလာက္ စိတ္ခ်ရတာ စတဲ့အရည္အေသြးနဲ႔ျပည့္စုံတဲ့ Samsung ကို Huawei က အခုလို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

Ref: GSMArena

[Unicode]

Huawei P30 Pro အတွက် OLED မျက်နှာပြင်တွေကို Samsung ဆီကဝယ်ယူမယ်လို့ သတင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းတစ်ခုအရ Samsung ကို Huawei ရဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ P30 Pro အတွက် OLED Panels တွေကို ရောင်းချပေးမယ့် Supplier အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးဟာ ဒီနှစ်ထဲမှာ Huawei P30 Pro အတွက်သာမက၊ P30 တွေအတွက်လည်း AMOLED မျက်နှာပြင်တွေကို ရောင်းချပေးဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို တရုတ် လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာလည်း ဖော်ပြထားတာကိုလည်း တွေ့မြင်ရပါတယ်။

Huawei အနေနဲ့ အခုလိုမျိုး Samsung နဲ့ သဘောတူညီမှုပြုလုပ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ကလည်း တစ်ခုထက်မက ရှိတယ်လို့ သိရပါတယ်။ Samsung ဆိုတာကလည်း စမတ်ဖုန်း ထုတ်လုပ်မှု လောကထဲမှာ အကြီးစား OLED Supplier အဖြစ် အောင်မြင်စွာ ရပ်တည်နေနှင့်ပြီးသား ကုမ္ပဏီကြီးပါ။

Huawei ဟာ ပြီးခဲ့တဲ့ Mate 20 Pro တွေတုန်းက အခြားတောင်ကိုရီးယား ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ရဲ့ Panels တွေကို အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နောက် BOE ရဲ့ Panels တွေကိုပဲ အားထားခဲ့ရပါတော့တယ်။ ဒီပြဿနာကြောင့် ရောင်းချမှုပိုင်းမှာလည်း ရိုက်ခတ်မှုတွေ ကြုံခဲ့ရပါသေးတယ်။

ဒီတစ်ခေါက်မှာလည်း P30 Pro အတွက် ယုံကြည်စိတ်ချရတဲ့ Supplier ကို လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် နည်းပညာ၊ အတွေ့အကြုံအပြင် လုံလောက်တဲ့ လူ့အရင်းအမြစ်လည်း ရှိနေတာ၊ အမှားအယွင်းလည်း မရှိသလောက် စိတ်ချရတာ စတဲ့အရည်အသွေးနဲ့ပြည့်စုံတဲ့ Samsung ကို Huawei က အခုလို ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Ref: GSMArena