Zawgyi

Samsung ရဲ႕ Flagship မိသားစုျဖစ္တဲ့ Galaxy S10 စီးရီးကို မတ္လတုန္းက မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ့ေနာက္မွာ ပုိၿပီးေစ်းသက္သာမယ့္ အဖြဲ႕ဝင္သစ္ Galaxy S10 Lite ထြက္လာဖို႔ သတင္းေတြ ဆက္တုိက္ထြက္ခဲ့ၿပီး အခုအခါမွာေတာ့ ၂၀၁၉ မကုန္ခင္ သူ႕ကိုေတြ႕ရဖုိ႔ အခြင့္အေရးရလာၿပီလို႔ ဆုိရမွာပါ။

Samsung ရဲ႕ ျပင္သစ္ဘာသာနဲ႔ဝက္ဆုိက္ေပၚမွာ Galaxy S10 Lite အတြက္ Support Page ကုိ စတင္ဖြင့္လွစ္လာခဲ့တာျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ SM-G770F/DS လို႔ေဖာ္ျပထားတဲ့အတြက္ ေရွ႕က Leak ေတြမွာ ပါဝင္ခဲ့တဲ့ S10 Lite ရဲ႕အမည္နဲ႔အတူတူပဲျဖစ္ေနပါတယ္။

ဒီဖုန္းကို FCC နဲ႔ Geekbench တုိ႔မွာလည္း ေရွ႕လေတြက ျမင္ေတြ႕ခဲ့ရၿပီးျဖစ္တာေၾကာင့္ Specs အနည္းငယ္ကို သိခြင့္ရခဲ့ပါတယ္။ Galaxy S10 Lite မွာ 4,500 mAh ဘကၳရီႀကီးနဲ႔အတူ အသစ္စက္စက္ 45W အားအျမန္သြင္းစနစ္ ပါဝင္လာမွာပါ။

အတြင္းပိုင္းမွာေတာ့ Snapdragon 855 ခ်စ္္ပ္ဆက္ကို 8GB RAM နဲ႔တြဲဖက္လာမယ္ ဆုိတဲ့အတြက္ မူရင္း S10 စီးရီးထက္ ေစ်းအနည္းငယ္သက္သာေသာ္လည္း အျပတ္အသတ္ကြဲျခားမွာမဟုတ္ပါဘူး။ ကင္မရာပုိင္းမွာေတာ့ ေနာက္ဘက္ 48MP အဓိက Sensor ကို 12MP Ultrawide နဲ႔ 5MP Depth Sensor တုိ႔ပူးေပါင္းထားၿပီး Selfie အတြက္ 32MP ပါဝင္မွာပါ။

ဝက္ဆုိက္စာမ်က္ႏွာဖြင့္လွစ္လာၿပီျဖစ္တာေၾကာင့္ Galaxy S10 Lite ကို ဥေရာပအပါအဝင္ အဓိကေစ်းကြက္ေတြမွာ မၾကာခင္မိတ္ဆက္လာေတာ့မယ္လို႔ ယူဆရပါတယ္။ Samsung ကေတာ့ ေလာေလာဆယ္ ဘာမွအတည္ျပဳျခင္း မရွိေသးပါဘူး။

Ref – GSM Arena

Unicode

Samsung ရဲ့ Flagship မိသားစုဖြစ်တဲ့ Galaxy S10 စီးရီးကို မတ်လတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ့နောက်မှာ ပိုပြီးဈေးသက်သာမယ့် အဖွဲ့ဝင်သစ် Galaxy S10 Lite ထွက်လာဖို့ သတင်းတွေ ဆက်တိုက်ထွက်ခဲ့ပြီး အခုအခါမှာတော့ ၂၀၁၉ မကုန်ခင် သူ့ကိုတွေ့ရဖို့ အခွင့်အရေးရလာပြီလို့ ဆိုရမှာပါ။

Samsung ရဲ့ ပြင်သစ်ဘာသာနဲ့ဝက်ဆိုက်ပေါ်မှာ Galaxy S10 Lite အတွက် Support Page ကို စတင်ဖွင့်လှစ်လာခဲ့တာဖြစ်ပြီး မော်ဒယ်နံပါတ် SM-G770F/DS လို့ဖော်ပြထားတဲ့အတွက် ရှေ့က Leak တွေမှာ ပါဝင်ခဲ့တဲ့ S10 Lite ရဲ့အမည်နဲ့အတူတူပဲဖြစ်နေပါတယ်။

ဒီဖုန်းကို FCC နဲ့ Geekbench တို့မှာလည်း ရှေ့လတွေက မြင်တွေ့ခဲ့ရပြီးဖြစ်တာကြောင့် Specs အနည်းငယ်ကို သိခွင့်ရခဲ့ပါတယ်။ Galaxy S10 Lite မှာ 4,500 mAh ဘက္ထရီကြီးနဲ့အတူ အသစ်စက်စက် 45W အားအမြန်သွင်းစနစ် ပါဝင်လာမှာပါ။

အတွင်းပိုင်းမှာတော့ Snapdragon 855 ချစ်ပ်ဆက်ကို 8GB RAM နဲ့တွဲဖက်လာမယ် ဆိုတဲ့အတွက် မူရင်း S10 စီးရီးထက် ဈေးအနည်းငယ်သက်သာသော်လည်း အပြတ်အသတ်ကွဲခြားမှာမဟုတ်ပါဘူး။ ကင်မရာပိုင်းမှာတော့ နောက်ဘက် 48MP အဓိက Sensor ကို 12MP Ultrawide နဲ့ 5MP Depth Sensor တို့ပူးပေါင်းထားပြီး Selfie အတွက် 32MP ပါဝင်မှာပါ။

ဝက်ဆိုက်စာမျက်နှာဖွင့်လှစ်လာပြီဖြစ်တာကြောင့် Galaxy S10 Lite ကို ဥရောပအပါအဝင် အဓိကဈေးကွက်တွေမှာ မကြာခင်မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။ Samsung ကတော့ လောလောဆယ် ဘာမှအတည်ပြုခြင်း မရှိသေးပါဘူး။

Ref – GSM Arena