[Zawgyi]

လတ္တေလာ ထြက္ေပၚလာတဲ့ သတင္းကေတာ့ Samsung ဟာ Infinity-O display ေတြကို အလုံးလိုက္ အရင္းလိုက္ ထုတ္လုပ္ေနၿပီဆိုတဲ့ သတင္းပါ။ မ်က္ႏွာျပင္ ဘယ္ဘက္မွာ အေရွ႕ကင္မရာအတြက္ ေပါက္ေဖာက္ထားတဲ့ ဒီမ်က္ႏွာျပင္ေတြဟာ Galaxy S10 အတြက္လို႔လည္း အခ်ိဳ႕က ေျပာၾကပါတယ္။

ETNews ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ Samsung ဟာ သူတို႔ရဲ႕ ထုတ္လုပ္ေရးက႑ကို ပိုၿပီး တိုးတက္ႏိုင္ေစဖို႔အတြက္ လက္ရွိထုတ္လုပ္ေရးစက္ကိရိယာေတြကို အဆင့္ျမႇင့္တင္ခြင့္ျပဳခဲ့တယ္လို႔ ေတြ႕ရပါတယ္။ ဒီသတင္းသာ အမွန္တကယ္ ျဖစ္ခဲ့မယ္ဆိုရင္ အခုထုတ္လုပ္ေနတဲ့ မ်က္ႏွာျပင္ေတြဟာ လာမယ့္ မတ္လအတြက္ အခ်ိန္ကိုက္ ထုတ္လုပ္ေနတာျဖစ္ၿပီး S10 အတြက္ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

အခုလိုမ်ိဳး Infinity-O မ်က္ႏွာျပင္ကို လုပ္လိုက္ျခင္းအားျဖင့္ Samsung ရဲ႕ မ်က္ႏွာျပင္အတြက္ Screen-to-body အခ်ိဳး ပိုၿပီး တိုးတက္မ်ားျပားလာေစတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung အေနနဲ႔ Sliding ပုံစံလည္း လုပ္စရာမလိုသလို၊ Notch ပုံစံလည္း လုပ္ဖို႔မလိုေတာ့တာပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ထိပ္ပိုင္း Bezel ေတြ ႀကီးမားေနတဲ့ ျပႆနာကိုလည္း ရွင္းလင္းၿပီးသား ျဖစ္သြားတာပါ။

Infinity-O ရဲ႕ပုံစံဟာ ဆန္းသစ္တယ္လို႔ ဆိုရေပမယ့္ တကယ္တမ္း လက္ေတြ႕မွာေတာ့ ဘယ္ေလာက္ထိ အဆင္ေျပေျပ သုံးႏိုင္မလဲ ဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းတဲ့ ေမးခြန္းတစ္ခု ျဖစ္ပါတယ္။ လက္ရွိ သုံးေနၾကတဲ့ App ေတြနဲ႔ ဒီမ်က္ႏွာျပင္ဟာ ဘယ္ေလာက္ထိ လိုက္ဖက္မႈရွိမလဲဆိုတာကိုလည္း မသိရေသးတဲ့ အေျခအေန ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က အခုလို အေပါက္တစ္ေပါက္တည္းေဖာက္လိုက္တဲ့အတြက္ အေရွ႕ကင္မရာက တစ္လုံးတည္း ဆိုတာ ေသခ်ာသေလာက္ ျဖစ္သြားပါၿပီ။ ေနာက္တစ္ခ်က္က 3D sensors ေတြကို ေနရာခ်ပုံအပိုင္းကလည္း စိတ္ဝင္စးစရာပဲ ျဖစ္ပါတယ္။

 

Ref: Android Authority

 

[Unicode]

လတ်တလော ထွက်ပေါ်လာတဲ့ သတင်းကတော့ Samsung ဟာ Infinity-O display တွေကို အလုံးလိုက် အရင်းလိုက် ထုတ်လုပ်နေပြီဆိုတဲ့ သတင်းပါ။ မျက်နှာပြင် ဘယ်ဘက်မှာ အရှေ့ကင်မရာအတွက် ပေါက်ဖောက်ထားတဲ့ ဒီမျက်နှာပြင်တွေဟာ Galaxy S10 အတွက်လို့လည်း အချို့က ပြောကြပါတယ်။

ETNews ရဲ့ ဖော်ပြချက်မှာတော့ Samsung ဟာ သူတို့ရဲ့ ထုတ်လုပ်ရေးကဏ္ဍကို ပိုပြီး တိုးတက်နိုင်စေဖို့အတွက် လက်ရှိထုတ်လုပ်ရေးစက်ကိရိယာတွေကို အဆင့်မြှင့်တင်ခွင့်ပြုခဲ့တယ်လို့ တွေ့ရပါတယ်။ ဒီသတင်းသာ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင် အခုထုတ်လုပ်နေတဲ့ မျက်နှာပြင်တွေဟာ လာမယ့် မတ်လအတွက် အချိန်ကိုက် ထုတ်လုပ်နေတာဖြစ်ပြီး S10 အတွက်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

အခုလိုမျိုး Infinity-O မျက်နှာပြင်ကို လုပ်လိုက်ခြင်းအားဖြင့် Samsung ရဲ့ မျက်နှာပြင်အတွက် Screen-to-body အချိုး ပိုပြီး တိုးတက်များပြားလာစေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ Sliding ပုံစံလည်း လုပ်စရာမလိုသလို၊ Notch ပုံစံလည်း လုပ်ဖို့မလိုတော့တာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ထိပ်ပိုင်း Bezel တွေ ကြီးမားနေတဲ့ ပြဿနာကိုလည်း ရှင်းလင်းပြီးသား ဖြစ်သွားတာပါ။

Infinity-O ရဲ့ပုံစံဟာ ဆန်းသစ်တယ်လို့ ဆိုရပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ဘယ်လောက်ထိ အဆင်ပြေပြေ သုံးနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ သုံးနေကြတဲ့ App တွေနဲ့ ဒီမျက်နှာပြင်ဟာ ဘယ်လောက်ထိ လိုက်ဖက်မှုရှိမလဲဆိုတာကိုလည်း မသိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တစ်ချက်က အခုလို အပေါက်တစ်ပေါက်တည်းဖောက်လိုက်တဲ့အတွက် အရှေ့ကင်မရာက တစ်လုံးတည်း ဆိုတာ သေချာသလောက် ဖြစ်သွားပါပြီ။ နောက်တစ်ချက်က 3D sensors တွေကို နေရာချပုံအပိုင်းကလည်း စိတ်ဝင်စးစရာပဲ ဖြစ်ပါတယ်။

 

Ref: Android Authority