[Zawgyi]

Samsung ဟာ Galaxy A-Series ေတြကို လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ မိတ္ဆက္ေပးဖို႔ ရက္သတ္မွတ္လိုက္ၿပီျဖစ္ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ဒီမိတ္ဆက္ပြဲမွာေတာ့ Galaxy A90 အပါအဝင္ ေနာက္ထပ္ A Series မိသားစုဝင္ ဖုန္းႏွစ္မ်ိဳးလည္း ပါဝင္ဦးမယ္လို႔ သိရပါတယ္။

မတ္လ၊ လဆန္းပိုင္းတုန္းကပဲ Samsung UK ဟာ Galaxy A90, Galaxy A20 နဲ႔ Galaxy A40 ေတြအတြက္ ဝက္ဘ္စာမ်က္ႏွာသစ္ကို ဖြင့္လွစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီစမတ္ဖုန္းသုံးမ်ိဳးဟာ မၾကာခင္အခ်ိန္အတြင္းမွာ တရားဝင္ မိတ္ဆက္ေတာ့မယ္လို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ အခုေတာ့ Samsung က တရားဝင္ ထုတ္ျပန္လိုက္တာပါ။

တရားတင္ေၾကညာမႈမွာေတာ့ ဘယ္ဖုန္းေတြကို မိတ္ဆက္ေပးမယ္လို႔ အတိအက်မေျပာဘဲ သဲလြန္စပဲ ေပးသြားတာပါ။ ေဘာင္ေတြမရွိဘဲ မ်က္ႏွာျပင္ျပည့္အေနအထားနဲ႔ ျပသသြားတာျဖစ္ေပမယ့္ စမတ္ဖုန္း သုံးလုံးစလုံးက Galaxy A90, A20 နဲ႔ A40 အသီးသီးျဖစ္ၾကမယ္လို႔ပဲ ယူဆရပါတယ္။

Galaxy A-Series ထဲမွာေတာ့ Galaxy A90 ဟာ ဦးေဆာင္သူအျဖစ္နဲ႔ ထြက္ေပၚလာမွာပါ။ ထြက္ေပၚထားတဲ့ သတင္းေတြအရဆိုရင္လည္း Galaxy A90 ဟာ Pop-up ကင္မရာနဲ႔ ျဖစ္ပါလိမ့္မယ္။ ေက်ာဘက္ကင္မရာလည္း သုံးလုံးအထိ ပါဝင္လာဖြယ္ရွိၿပီး Flagships ဖုန္းတစ္လုံးအေနနဲ႔ ျမင္ေတြ႕ရဖြယ္ ရွိေနတာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Galaxy A Series ကို ဧပြီလ ၁၀ ရက်နေ့မှာ မိတ်ဆက်ဖို့ Samsung ရက်သတ်မှတ်

Samsung ဟာ Galaxy A-Series တွေကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ မိတ်ဆက်ပေးဖို့ ရက်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဒီမိတ်ဆက်ပွဲမှာတော့ Galaxy A90 အပါအဝင် နောက်ထပ် A Series မိသားစုဝင် ဖုန်းနှစ်မျိုးလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

မတ်လ၊ လဆန်းပိုင်းတုန်းကပဲ Samsung UK ဟာ Galaxy A90, Galaxy A20 နဲ့ Galaxy A40 တွေအတွက် ဝက်ဘ်စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီစမတ်ဖုန်းသုံးမျိုးဟာ မကြာခင်အချိန်အတွင်းမှာ တရားဝင် မိတ်ဆက်တော့မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အခုတော့ Samsung က တရားဝင် ထုတ်ပြန်လိုက်တာပါ။

တရားတင်ကြေညာမှုမှာတော့ ဘယ်ဖုန်းတွေကို မိတ်ဆက်ပေးမယ်လို့ အတိအကျမပြောဘဲ သဲလွန်စပဲ ပေးသွားတာပါ။ ဘောင်တွေမရှိဘဲ မျက်နှာပြင်ပြည့်အနေအထားနဲ့ ပြသသွားတာဖြစ်ပေမယ့် စမတ်ဖုန်း သုံးလုံးစလုံးက Galaxy A90, A20 နဲ့ A40 အသီးသီးဖြစ်ကြမယ်လို့ပဲ ယူဆရပါတယ်။

Galaxy A-Series ထဲမှာတော့ Galaxy A90 ဟာ ဦးဆောင်သူအဖြစ်နဲ့ ထွက်ပေါ်လာမှာပါ။ ထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်လည်း Galaxy A90 ဟာ Pop-up ကင်မရာနဲ့ ဖြစ်ပါလိမ့်မယ်။ ကျောဘက်ကင်မရာလည်း သုံးလုံးအထိ ပါဝင်လာဖွယ်ရှိပြီး Flagships ဖုန်းတစ်လုံးအနေနဲ့ မြင်တွေ့ရဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: GSMArena