[Zawgyi]

Samsung Electronics ကုမၸဏီအေနႏွင့္ ၎တို႔၏ ေနာက္ဆုံးေပၚ တီထြင္ဆန္းသစ္မႈမ်ားႏွင့္ အင္တာနက္ျဖင့္ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္မႈမ်ား (Internet of Things) အတြက္ ၎တို႔၏ ေမွ်ာ္မွန္းခ်က္ႏွင့္ နည္းဗ်ဴဟာမ်ားကို စင္ကာပူႏိုင္ငံတြင္ က်င္းပေသာ Samsung Southeast Asia and Oceania Forum ၌ ထုတ္ေဖာ္ေျပာၾကားသြားခဲ့သည္။

အဆိုပါ အခမ္းအနားကို Samsung ၏ (၁၀) ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္ျခင္းျဖစ္ၿပီး ယခုျပဳလုပ္သည့္ Samsung ဖိုရမ္တြင္ ကုမၸဏီ၏ စီးပြားေရးနည္းဗ်ဴဟာမ်ားကို ၎၏အဓိကမိတ္ဖက္မ်ားအား မွ်ေဝသြားခဲ့သည္။။ အဆိုပါ ဖိုရမ္တြင္ Samsung ၏ နည္းပညာျမင့္ကုန္ပစၥည္းအသစ္မ်ားျဖစ္ေသာ ၂၀၁၉ ခုႏွစ္ထုတ္ QLED TV မ်ား၊ Frame တီဗြီ၊ Family Hub ေရခဲေသတၱာ၊ QuickDrive™ ဟုေခၚသည့္ နည္းပညာ အဆင့္ျမႇင့္ထားေသာ အဝတ္ေလွ်ာ္စက္ အပါအဝင္ ေန႔စဥ္ဘဝတြင္ အသုံးျပဳရန္ အဆင္ေျပေအာင္ ျပဳလုပ္ထားသည့္ တီဗြီမ်ားကို မိတ္ဆက္ျပသေပးခဲ့သည္။ Samsung သည္ New Bixby ဟုေခၚေသာ Samsung ၏ အသိဉာဏ္ျမင့္မားကာ စြမ္းေဆာင္ရည္ျမင့္သည့္ နည္းစနစ္ကို အေျခခံထားေသာ အျခားပစၥည္းမ်ားျဖင့္ ခ်ိတ္ဆက္ႏိုင္မႈစြမ္းရည္မ်ားကိုလည္း ျပသသြားခဲ့သည္။

“ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ဆုံးေပၚ တီထြင္ဆန္းသစ္မႈေတြက ကြၽန္ေတာ္တို႔ ျမင္ႏိုင္ေတြ႕ႏိုင္တာေတြထက္ ပိုမိုေကာင္းမြန္တဲ့ အေတြ႕အႀကဳံေတြ ေပးစြမ္းႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ ဒီေန႔ မိတ္ဆက္လိုက္တဲ့ ထုတ္ကုန္ေတြ၊ နည္းပညာအသစ္ေတြနဲ႔အတူ ကြၽန္ေတာ္တို႔က သုံးစြဲသူေတြအတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႕ၿပီး ခ်ိတ္ဆက္မႈျမင့္မားတဲ့ စြမ္းေဆာင္ရည္ေတြကို ဖန္တီးေပးၿပီး ကြၽန္ေတာ္တို႔ ေဈးကြက္အတြက္ အလားအလာေကာင္းေတြကိုလည္း ေဖာ္ေဆာင္သြားမွာပါ” ဟု Samsung ၏ Electronics Southeast Asia ႏွင့္ Oceania မွ ဥကၠဌ ႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ Steve Lee မွေျပာၾကားသည္။ ဆက္လက္၍ ၎က “ကြၽန္ေတာ္တို႔ရဲ႕ ကုန္ပစၥည္းသုံးစြဲသူမ်ားအတြက္ သူတို႔ေမွ်ာ္လင့္ထားတာထက္ ပိုမိုေကာင္းမြန္တဲ့ သုံးစြဲမႈအေတြ႕အႀကဳံသစ္ေတြကိုလည္း စဥ္ဆက္မျပတ္ ေဖာ္ေဆာင္ေပးသြားပါမယ္” ဟု ျဖည့္စြက္ေျပာၾကားသည္။

၂၀၁၉ ခုႏွစ္အတြင္း နည္းပညာျမင့္ QLED TV မ်ားထုတ္လုပ္ကာ သုံးစြဲသူေဈးကြက္ကို ခ်ဲ႕ထြင္ျခင္း

တီဗြီထုတ္လုပ္မႈနယ္ပယ္တြင္ (၁၃) ႏွစ္တိတိ ေဈးကြက္ဦးေဆာင္သူအျဖစ္ ရပ္တည္ေနေသာ Samsung သည္ ၂၀၁၉ ခုႏွစ္အတြင္း ေဈးကြက္ေပါင္း ၆၀ ေက်ာ္တြင္ရရွိႏိုင္မည့္ QLED တီဗီမ်ားကိုလည္း မိတ္ဆက္ခဲ့သည္။ ကုမၸဏီအေနႏွင့္ အဆင့္ျမင့္တီဗီေဈးကြက္တြင္ ခိုင္မာေသာလႊမ္းမိုးႏိုင္မႈကို ေရရွည္တည္တံ့ေစရန္အတြက္ 8K တီဗီေဈးကြက္ပိုင္ဆိုင္မႈကို ဆက္လက္ျမႇင့္တင္သြားမည္ဟုလည္း ေျပာၾကားခဲ့သည္။

၂၀၁၉ ခုႏွစ္တြင္ အဓိကထုတ္လုပ္လိုက္သည့္ QLED တီဗီအမ်ိဳးအစားမ်ားမွာ 8K ႏွင့္ 4K တီဗီအမ်ိဳးအစားမ်ားျဖစ္ၾကသည္။ အဆိုပါ တီဗီမ်ားတြင္ ၆၅ လက္မ မွ ၉၈ လက္မအထိရွိေသာ 8K Q900R အမ်ိဳးအစားအပါအဝင္၊ 4K Q90R ၊ Q80R၊ Q70R ႏွင့္ ၄၃ လက္မ မွ ၈၂ လက္မ အ႐ြယ္အစားအထိ ရွိေသာ Q60R တီဗီအမ်ိဳးအစားမ်ားပါဝင္သည္။ အခ်ဳပ္ဆိုရေသာ္ ၂၀၁၉ ခုႏွစ္၌ ခ်ဲ႕ထြင္ထုတ္လုပ္ေသာ QLED တီဗီမ်ားတြင္ အ႐ြယ္အစား ႀကီးမားေသာ တီဗီအမ်ိဳးအစားမ်ားအပါအဝင္ ေမာ္ဒယ္ အသစ္ ၂၀ ေက်ာ္ပါဝင္မည္ျဖစ္သည္။

ေ႐ြးခ်ယ္စရာပိုမိုမ်ားျပားေသာ ေဖ်ာ္ေျဖမႈဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားႏွင့္အတူ စြမ္းေဆာင္ရည္ျမင့္အကန႔္သတ္မဲ့ ခ်ိတ္ဆက္မႈ နည္းစနစ္မ်ားကို ေပးစြမ္းႏိုင္ရန္ Samsung smart တီဗီမ်ားတြင္ iTunes ႐ုပ္ရွင္အသစ္ မ်ား၊ တီဗီအစီအစဥ္ အက္ပလီေကးရွင္း၊ Apple Airplay 2 တို႔ကိုပါ ထည့္သြင္းေပးသြားမည္ျဖစ္သည္။ ထို႔အျပင္ ၂၀၁၉ ခုႏွစ္တြင္ Amazon Alexa ၊ Google Assistant မ်ား ပါဝင္ေသာ Samsung smart တီဗီမ်ားတြင္လည္း အသုံးျပဳသူမ်ားအေနႏွင့္ အသံအမိန႔္ေပးျခင္းစနစ္ျဖင့္ တီဗီအဖြင့္အပိတ္အျပင္ အသံအတိုးအခ်ဲ႕ ထိန္းခ်ဳပ္ျပဳလုပ္ႏိုင္ေသာ လုပ္ေဆာင္မႈမ်ားကို ရရွိခံစားႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ အဆိုပါဖိုရမ္တြင္ ေဈးကြက္အတြင္းဦးေဆာင္ေနေသာ Samsung ၏ တီဗြီမ်ားျဖစ္သည့္ ထူးျခားကြဲျပားေသာ ဒီဇိုင္းပုံစံမ်ားႏွင့္ ႐ုပ္ထြက္ပိုမိုေကာင္းမြန္ေသာ The Frame ႏွင့္ The Wall တီဗီမ်ားကိုလည္း ခင္းက်င္းျပသခဲ့သည္။

အိမ္တြင္းအျခား ပစၥည္းမ်ားႏွင့္ ႐ိုးရွင္းစြာ ခ်ိတ္ဆက္ႏိုင္မႈ

Samsung ဖိုရမ္ ၂၀၁၉ တြင္ ျပသခဲ့ေသာ ခ်ိတ္ဆက္မႈစနစ္ကို အသုံးျပဳထားသည့္ ထုတ္ကုန္ပစၥည္းသစ္ မ်ားသည္ Samsung ၏ကတိကဝတ္ျဖစ္သည့္ အသုံးျပဳသူမ်ားအတြက္ ပိုမို႐ိုးရွင္းၿပီး လြယ္ကူေသာ ေနထိုင္မႈဘဝမ်ား ေဖာ္ေဆာင္ရန္ဟူသည့္အတိုင္း မိတ္ဆက္ျပသေပးခဲ့သည္။ ‘New Bixby’ စနစ္ကို အေျခခံၿပီး ျပဳလုပ္ထားေသာ ကုန္ပစၥည္းမ်ားတြင္ QLED 8K ႏွင့္ Family Hub 4.0 တီဗီ အသစ္မ်ားပါဝင္ၿပီး ခ်ိတ္ဆက္မႈ စနစ္သစ္မ်ား ႏွင့္ သုံးစြဲမႈ႕အေတြ႕အႀကဳံကို ဖိုရမ္သို႔တက္ေရာက္လာသူမ်ားအားလုံး လက္ေတြ႕ျမင္ေတြ႕ခံစားႏိုင္ခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္ ထပ္မံထုတ္လုပ္ခဲ့သည့္ Family Hub ေရခဲေသတၱာသည္ CES Best of Innovation Award ကို ေလးႏွစ္ဆက္တိုက္ရရွိခဲ့ၿပီး အသံအမိန႔္ေပးျခင္း စြမ္းေဆာင္ရည္တြင္ ရႈပ္ေထြးခက္ခဲေသာ လုပ္ေဆာင္ခ်က္မ်ားကို ပိုမိုလုပ္ေဆာင္ႏိုင္မည္ျဖစ္ကာ မိသားစုဝင္မ်ားအခ်င္းခ်င္း ဆက္သြယ္မႈမ်ားကို ပိုမိုေကာင္းမြန္စြာ ျပဳလုပ္ႏိုင္သလို အျခားေသာ ပစၥည္းမ်ားႏွင့္လည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ Samsung သည္ ၎၏ နည္းပညာသစ္ျဖင့္ ျပဳလုပ္ထုတ္လုပ္ထားၿပီး သုံးစြဲသူမ်ားအတြက္ အဝတ္ေလွ်ာ္ရန္ အခ်ိန္ကုန္က်မႈကို သက္သာေစသည့္ QuickDrive™ေခၚ အဝတ္ေလွ်ာ္စက္ကိုလည္း ဖိုရမ္တြင္ ခင္းက်င္း ျပသသြားခဲ့သည္။

[Unicode]

နေ့စဉ်လူနေမှုဘဝတွင် အတွေ့အကြုံသစ်ပေးစွမ်းမည့် Samsung ၏ နည်းပညာမြှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းသစ်များ မိတ်ဆက်ပြသ

Samsung Electronics ကုမ္ပဏီအနေနှင့် ၎င်းတို့၏ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများနှင့် အင်တာနက်ဖြင့်ချိတ်ဆက်လုပ်ဆောင်နိုင်မှုများ (Internet of Things) အတွက် ၎င်းတို့၏ မျှော်မှန်းချက်နှင့် နည်းဗျူဟာများကို စင်ကာပူနိုင်ငံတွင် ကျင်းပသော Samsung Southeast Asia and Oceania Forum ၌ ထုတ်ဖော်ပြောကြားသွားခဲ့သည်။

အဆိုပါ အခမ်းအနားကို Samsung ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ယခုပြုလုပ်သည့် Samsung ဖိုရမ်တွင် ကုမ္ပဏီ၏ စီးပွားရေးနည်းဗျူဟာများကို ၎င်း၏အဓိကမိတ်ဖက်များအား မျှဝေသွားခဲ့သည်။။ အဆိုပါ ဖိုရမ်တွင် Samsung ၏ နည်းပညာမြင့်ကုန်ပစ္စည်းအသစ်များဖြစ်သော ၂၀၁၉ ခုနှစ်ထုတ် QLED TV များ၊ Frame တီဗွီ၊ Family Hub ရေခဲသေတ္တာ၊ QuickDrive™ ဟုခေါ်သည့် နည်းပညာ အဆင့်မြှင့်ထားသော အဝတ်လျှော်စက် အပါအဝင် နေ့စဉ်ဘဝတွင် အသုံးပြုရန် အဆင်ပြေအောင် ပြုလုပ်ထားသည့် တီဗွီများကို မိတ်ဆက်ပြသပေးခဲ့သည်။ Samsung သည် New Bixby ဟုခေါ်သော Samsung ၏ အသိဉာဏ်မြင့်မားကာ စွမ်းဆောင်ရည်မြင့်သည့် နည်းစနစ်ကို အခြေခံထားသော အခြားပစ္စည်းများဖြင့် ချိတ်ဆက်နိုင်မှုစွမ်းရည်များကိုလည်း ပြသသွားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေက ကျွန်တော်တို့ မြင်နိုင်တွေ့နိုင်တာတွေထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနေ့ မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်တွေ၊ နည်းပညာအသစ်တွေနဲ့အတူ ကျွန်တော်တို့က သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေချောမွေ့ပြီး ချိတ်ဆက်မှုမြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ဖန်တီးပေးပြီး ကျွန်တော်တို့ ဈေးကွက်အတွက် အလားအလာကောင်းတွေကိုလည်း ဖော်ဆောင်သွားမှာပါ” ဟု Samsung ၏ Electronics Southeast Asia နှင့် Oceania မှ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Steve Lee မှပြောကြားသည်။ ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းသုံးစွဲသူများအတွက် သူတို့မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံသစ်တွေကိုလည်း စဉ်ဆက်မပြတ် ဖော်ဆောင်ပေးသွားပါမယ်” ဟု ဖြည့်စွက်ပြောကြားသည်။

၂၀၁၉ ခုနှစ်အတွင်း နည်းပညာမြင့် QLED TV များထုတ်လုပ်ကာ သုံးစွဲသူဈေးကွက်ကို ချဲ့ထွင်ခြင်း

တီဗွီထုတ်လုပ်မှုနယ်ပယ်တွင် (၁၃) နှစ်တိတိ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေသော Samsung သည် ၂၀၁၉ ခုနှစ်အတွင်း ဈေးကွက်ပေါင်း ၆၀ ကျော်တွင်ရရှိနိုင်မည့် QLED တီဗီများကိုလည်း မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီအနေနှင့် အဆင့်မြင့်တီဗီဈေးကွက်တွင် ခိုင်မာသောလွှမ်းမိုးနိုင်မှုကို ရေရှည်တည်တံ့စေရန်အတွက် 8K တီဗီဈေးကွက်ပိုင်ဆိုင်မှုကို ဆက်လက်မြှင့်တင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အဓိကထုတ်လုပ်လိုက်သည့် QLED တီဗီအမျိုးအစားများမှာ 8K နှင့် 4K တီဗီအမျိုးအစားများဖြစ်ကြသည်။ အဆိုပါ တီဗီများတွင် ၆၅ လက်မ မှ ၉၈ လက်မအထိရှိသော 8K Q900R အမျိုးအစားအပါအဝင်၊ 4K Q90R ၊ Q80R၊ Q70R နှင့် ၄၃ လက်မ မှ ၈၂ လက်မ အရွယ်အစားအထိ ရှိသော Q60R တီဗီအမျိုးအစားများပါဝင်သည်။ အချုပ်ဆိုရသော် ၂၀၁၉ ခုနှစ်၌ ချဲ့ထွင်ထုတ်လုပ်သော QLED တီဗီများတွင် အရွယ်အစား ကြီးမားသော တီဗီအမျိုးအစားများအပါအဝင် မော်ဒယ် အသစ် ၂၀ ကျော်ပါဝင်မည်ဖြစ်သည်။

ရွေးချယ်စရာပိုမိုများပြားသော ဖျော်ဖြေမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့်အတူ စွမ်းဆောင်ရည်မြင့်အကန့်သတ်မဲ့ ချိတ်ဆက်မှု နည်းစနစ်များကို ပေးစွမ်းနိုင်ရန် Samsung smart တီဗီများတွင် iTunes ရုပ်ရှင်အသစ် များ၊ တီဗီအစီအစဉ် အက်ပလီကေးရှင်း၊ Apple Airplay 2 တို့ကိုပါ ထည့်သွင်းပေးသွားမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် Amazon Alexa ၊ Google Assistant များ ပါဝင်သော Samsung smart တီဗီများတွင်လည်း အသုံးပြုသူများအနေနှင့် အသံအမိန့်ပေးခြင်းစနစ်ဖြင့် တီဗီအဖွင့်အပိတ်အပြင် အသံအတိုးအချဲ့ ထိန်းချုပ်ပြုလုပ်နိုင်သော လုပ်ဆောင်မှုများကို ရရှိခံစားနိုင်မည်ဖြစ်သည်။

ထို့အပြင် အဆိုပါဖိုရမ်တွင် ဈေးကွက်အတွင်းဦးဆောင်နေသော Samsung ၏ တီဗွီများဖြစ်သည့် ထူးခြားကွဲပြားသော ဒီဇိုင်းပုံစံများနှင့် ရုပ်ထွက်ပိုမိုကောင်းမွန်သော The Frame နှင့် The Wall တီဗီများကိုလည်း ခင်းကျင်းပြသခဲ့သည်။

အိမ်တွင်းအခြား ပစ္စည်းများနှင့် ရိုးရှင်းစွာ ချိတ်ဆက်နိုင်မှု

Samsung ဖိုရမ် ၂၀၁၉ တွင် ပြသခဲ့သော ချိတ်ဆက်မှုစနစ်ကို အသုံးပြုထားသည့် ထုတ်ကုန်ပစ္စည်းသစ် များသည် Samsung ၏ကတိကဝတ်ဖြစ်သည့် အသုံးပြုသူများအတွက် ပိုမိုရိုးရှင်းပြီး လွယ်ကူသော နေထိုင်မှုဘဝများ ဖော်ဆောင်ရန်ဟူသည့်အတိုင်း မိတ်ဆက်ပြသပေးခဲ့သည်။ ‘New Bixby’ စနစ်ကို အခြေခံပြီး ပြုလုပ်ထားသော ကုန်ပစ္စည်းများတွင် QLED 8K နှင့် Family Hub 4.0 တီဗီ အသစ်များပါဝင်ပြီး ချိတ်ဆက်မှု စနစ်သစ်များ နှင့် သုံးစွဲမှု့အတွေ့အကြုံကို ဖိုရမ်သို့တက်ရောက်လာသူများအားလုံး လက်တွေ့မြင်တွေ့ခံစားနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ထပ်မံထုတ်လုပ်ခဲ့သည့် Family Hub ရေခဲသေတ္တာသည် CES Best of Innovation Award ကို လေးနှစ်ဆက်တိုက်ရရှိခဲ့ပြီး အသံအမိန့်ပေးခြင်း စွမ်းဆောင်ရည်တွင် ရှုပ်ထွေးခက်ခဲသော လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကာ မိသားစုဝင်များအချင်းချင်း ဆက်သွယ်မှုများကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်သလို အခြားသော ပစ္စည်းများနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် Samsung သည် ၎င်း၏ နည်းပညာသစ်ဖြင့် ပြုလုပ်ထုတ်လုပ်ထားပြီး သုံးစွဲသူများအတွက် အဝတ်လျှော်ရန် အချိန်ကုန်ကျမှုကို သက်သာစေသည့် QuickDrive™ခေါ် အဝတ်လျှော်စက်ကိုလည်း ဖိုရမ်တွင် ခင်းကျင်း ပြသသွားခဲ့သည်။