[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကပဲ Samsung ရဲ႕ CEO DJ Koh က ဆိုးလ္ၿမိဳ႕ Samsung AI ဖိုရမ္မွာ ကုမၸဏီအေနနဲ႔ လာမယ့္ႏွစ္အတြင္း Foldable ေရာင္းအား သိသိသာသာ တိုးလာဖို႔ ပစ္မွတ္ထား ႀကိဳးစားေနတယ္လို႔ အသိေပးေျပာဆိုသြားခဲ့ပါတယ္။ ကိုရီးယားကုမၸဏီဟာ လက္ရွိအခ်ိန္မွာ Foldable flip ဖုန္းအမ်ိဳးအစားျဖစ္တဲ့ W20 5G ကိုလည္း တ႐ုတ္ႏိုင္ငံမွာ ျဖန႔္ခ်ိဖို႔ ျပင္ဆင္ေနတာပါ။

မူလပထမ Foldable ဖုန္းျဖစ္တဲ့ Galaxy Fold က ေတာ့ တ႐ုတ္ႏိုင္ငံေဈးကြက္မွာ ပထမဆုံးအႀကိမ္အျဖစ္ ျဖန႔္ခ်ိခဲ့ပါၿပီ။ အားနည္းခ်က္ေတြရွိခဲ့လို႔ ျဖန႔္ခ်ိမယ့္ရက္ကို ေ႐ႊ႕ဆိုင္းၿပီး ဒုတိယအႀကိမ္ ျပန္လည္သတ္မွတ္ၿပီးမွ ျဖန႔္ခ်ိခဲ့တာျဖစ္ေပမယ့္ Galaxy Fold အတြက္ ေဝဖန္သံေတြကေတာ့ တိတ္ဆိတ္သြားျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း ေရာင္းအားက်ဆင္းသြားတာကိုလည္း မေတြ႕ရပါဘူး။

Foldable ဖုန္းေဈးကြက္အတြက္ အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ Mate X ရဲ႕ မိခင္ေျမမွာ Galaxy Fold ရဲ႕ ပထမဆုံး ျဖန႔္ခ်ိမႈဟာ မ်က္ႏွာပန္းလွခဲ့တယ္လို႔ ဆိုရပါမယ္။ ကုမၸဏီရဲ႕ ဝီဘိုအေကာင့္မွာ ေဖာ္ျပခ်က္အရ $2,000 ေက်ာ္နဲ႔ ေရာင္းခ်ခဲ့ရာမွာ ၅ မိနစ္မျပည့္ခင္မွာပဲ Galaxy Fold ယူနစ္ေတြအားလုံး ကုန္ဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယား ထုတ္လုပ္ေရးလုပ္ငန္းႀကီးဟာ Galaxy Fold အလုံးေရ ဘယ္ေလာက္ကို တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်ခဲ့တယ္ဆိုတာကိုေတာ့ ေဖာ္ျပျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ အေရအတြက္က ပုံမွန္ထက္ပိုၿပီး ျမင့္မားျခင္း မရွိႏိုင္ဘူးလို႔ပဲ ယူဆရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Mate X ရဲ႕ နယ္ေျမမွာ အခုလို ႂကြားလုံးထုတ္လိုက္တာကေတာ့ Huawei ကို တပ္လွန႔္လိုက္သလိုပါပဲ။

Ref: GSM Arena

[Unicode]

တရုတ်ဈေးကွက်မှာ စဖြန့်တဲ့ Galaxy Fold တွေအားလုံး ၅ မိနစ်အတွင်း ရောင်းကုန်ခဲ့ကြောင်း ကြွားလုံးထုတ်ခဲ့တဲ့ Samsung

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ Samsung ရဲ့ CEO DJ Koh က ဆိုးလ်မြို့ Samsung AI ဖိုရမ်မှာ ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်အတွင်း Foldable ရောင်းအား သိသိသာသာ တိုးလာဖို့ ပစ်မှတ်ထား ကြိုးစားနေတယ်လို့ အသိပေးပြောဆိုသွားခဲ့ပါတယ်။ ကိုရီးယားကုမ္ပဏီဟာ လက်ရှိအချိန်မှာ Foldable flip ဖုန်းအမျိုးအစားဖြစ်တဲ့ W20 5G ကိုလည်း တရုတ်နိုင်ငံမှာ ဖြန့်ချိဖို့ ပြင်ဆင်နေတာပါ။

မူလပထမ Foldable ဖုန်းဖြစ်တဲ့ Galaxy Fold က တော့ တရုတ်နိုင်ငံဈေးကွက်မှာ ပထမဆုံးအကြိမ်အဖြစ် ဖြန့်ချိခဲ့ပါပြီ။ အားနည်းချက်တွေရှိခဲ့လို့ ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းပြီး ဒုတိယအကြိမ် ပြန်လည်သတ်မှတ်ပြီးမှ ဖြန့်ချိခဲ့တာဖြစ်ပေမယ့် Galaxy Fold အတွက် ဝေဖန်သံတွေကတော့ တိတ်ဆိတ်သွားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ရောင်းအားကျဆင်းသွားတာကိုလည်း မတွေ့ရပါဘူး။

Foldable ဖုန်းဈေးကွက်အတွက် အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ Mate X ရဲ့ မိခင်မြေမှာ Galaxy Fold ရဲ့ ပထမဆုံး ဖြန့်ချိမှုဟာ မျက်နှာပန်းလှခဲ့တယ်လို့ ဆိုရပါမယ်။ ကုမ္ပဏီရဲ့ ဝီဘိုအကောင့်မှာ ဖော်ပြချက်အရ $2,000 ကျော်နဲ့ ရောင်းချခဲ့ရာမှာ ၅ မိနစ်မပြည့်ခင်မှာပဲ Galaxy Fold ယူနစ်တွေအားလုံး ကုန်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ထုတ်လုပ်ရေးလုပ်ငန်းကြီးဟာ Galaxy Fold အလုံးရေ ဘယ်လောက်ကို တရုတ်ဈေးကွက်မှာ ရောင်းချခဲ့တယ်ဆိုတာကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အရေအတွက်က ပုံမှန်ထက်ပိုပြီး မြင့်မားခြင်း မရှိနိုင်ဘူးလို့ပဲ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mate X ရဲ့ နယ်မြေမှာ အခုလို ကြွားလုံးထုတ်လိုက်တာကတော့ Huawei ကို တပ်လှန့်လိုက်သလိုပါပဲ။

Ref: GSM Arena