Unicode

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ Samssung ဟာ ၂၀၁၇ ခုနှစ် မတ်လမှာ သူတို့ရဲ့ AI Assistant ဖြစ်တဲ့ Bixby ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Bixby ကို Galaxy S8 မှာ စတင်တွေ့ခဲ့ရပြီးနောက် စမတ်ဖုန်းတွေသာမက အိမ်သုံးစက်မှုပစ္စည်းတွေမှာပါ သုံးစွဲလာခဲ့ကြတယ်။

နှစ်နှစ်ကျော်အကြာမှာတော့ ကုမ္ပဏီဟာ နောက်ထပ် AI နည်းပညာသုံး ထုတ်ကုန်သစ်တစ်ခုကို ထပ်မံမိတ်ဆက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ ထုတ်ကုန်သစ်ကို “Neon” လို့ အမည်ပေးထားပြီး လာမယ့် ၂၀၂၀ ဇန်နဝါရီ လဆန်းမှာ ကျင်းပမယ့် CES 2020 ပွဲမှာတင် တွေ့ရတော့မှာဖြစ်တာကြောင့် ဆယ်ရက်ခန့်သာ လိုပါတော့တယ်။

Neon ကို Samsung Technology and Advanced Research Lab (သို့မဟုတ် STAR Labs) ကနေ Pranav Mistry ကြီးမှူးပြီး ထုတ်လုပ်ခဲ့တာပါ။ Mistry ဟာ SixthSense နဲ့ Galaxy Gear တို့ကိုလည်း ကြီးကြပ်ထုတ်လုပ်ခဲ့တာကို လူသိများပြီး Samsung ရဲ့ Global Vice President အဖြစ် အမှုထမ်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ Neon ဟာ ဘယ်လိုမျိုးထုတ်ကုန်လဲ ဆိုတာတော့ အချက်အလက်တွေ ထွက်မလာသေးပေမယ့် တော်တော်များများက Bixby ကို အဆင့်မြှင့်လာတာလို့ ယူဆမိကြမှာပါ။ ဒါကို ကုမ္ပဏီက “Neon ဟာ Bixby နဲ့မဆိုင်ပါ” လို့ တစ်ခါတည်း ကြိုတင်ကြေညာထားလိုက်ပါတယ်။

လက်ရှိအချိန်မှာ Neon အတွက် တရားဝင်ဝက်ဆိုက်နဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေတောင် ဖွင့်လှစ်ထားပြီးဖြစ်ကာ “Neon = Artificial Human” လို့ ကြွေးကြော်ထားပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ လက်ရှိမြင်နေရတဲ့ AI Assistant တွေနဲ့ မတူညီတာ တစ်ခုခုကို မြင်တွေ့ရမယ်လို့ ယူဆရပြီး Samsung ဟာ တွစ်တာမှာ “ARTIFICIAL တစ်ယောက်နဲ့ ဆုံတွေ့ဖူးသလား?” ဆိုတဲ့ မေးခွန်းနဲ့ ဓါတ်ပုံအချို့တင်လာခဲ့ပါတယ်။

ဒီပုံတွေထဲမှာ အင်္ဂလိပ်အပါအဝင် ဘာသာစကား ငါးမျိုးနဲ့ တွေ့ရတာကြောင့် Neon ဟာ မတူညီတဲ့ ဘာသာစကားများနဲ့ အသုံးပြုဆက်ဆံနိုင်မယ်ဆိုတာ ထင်ရှားပါတယ်။ CES 2020 ပွဲတော်ဟာ ဆယ်ရက်ခန့်သာ လိုတော့တာကြောင့် ကြားထဲမှာ Neon နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပိုပြီးမြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

Zawgyi

ေတာင္ကိုရီးယားအေျခစုိက္ နည္းပညာကုမၸဏီ Samssung ဟာ ၂၀၁၇ ခုႏွစ္ မတ္လမွာ သူတုိ႔ရဲ႕ AI Assistant ျဖစ္တဲ့ Bixby ကို စတင္မိတ္ဆက္ခဲ့ပါတယ္။ Bixby ကို Galaxy S8 မွာ စတင္ေတြ႕ခဲ့ရၿပီးေနာက္ စမတ္ဖုန္းေတြသာမက အိမ္သုံးစက္မႈပစၥည္းေတြမွာပါ သုံးစြဲလာခဲ့ၾကတယ္။

ႏွစ္ႏွစ္ေက်ာ္အၾကာမွာေတာ့ ကုမၸဏီဟာ ေနာက္ထပ္ AI နည္းပညာသုံး ထုတ္ကုန္သစ္တစ္ခုကို ထပ္မံမိတ္ဆက္ဖို႔ အသင့္ျဖစ္ေနခဲ့ပါၿပီ။ ထုတ္ကုန္သစ္ကို “Neon” လို႔ အမည္ေပးထားၿပီး လာမယ့္ ၂၀၂၀ ဇန္နဝါရီ လဆန္းမွာ က်င္းပမယ့္ CES 2020 ပြဲမွာတင္ ေတြ႕ရေတာ့မွာျဖစ္တာေၾကာင့္ ဆယ္ရက္ခန္႔သာ လိုပါေတာ့တယ္။

Neon ကုိ Samsung Technology and Advanced Research Lab (သို႔မဟုတ္ STAR Labs) ကေန Pranav Mistry ႀကီးမွဴးၿပီး ထုတ္လုပ္ခဲ့တာပါ။ Mistry ဟာ SixthSense နဲ႔ Galaxy Gear တုိ႔ကိုလည္း ႀကီးၾကပ္ထုတ္လုပ္ခဲ့တာကို လူသိမ်ားၿပီး Samsung ရဲ႕ Global Vice President အျဖစ္ အမႈထမ္းခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ Neon ဟာ ဘယ္လိုမ်ဳိးထုတ္ကုန္လဲ ဆုိတာေတာ့ အခ်က္အလက္ေတြ ထြက္မလာေသးေပမယ့္ ေတာ္ေတာ္မ်ားမ်ားက Bixby ကို အဆင့္ျမွင့္လာတာလို႔ ယူဆမိၾကမွာပါ။ ဒါကို ကုမၸဏီက “Neon ဟာ Bixby နဲ႔မဆုိင္ပါ” လို႔ တစ္ခါတည္း ႀကိဳတင္ေၾကညာထားလုိက္ပါတယ္။

လက္ရွိအခ်ိန္မွာ Neon အတြက္ တရားဝင္ဝက္ဆုိက္နဲ႔ ဆုိရွယ္မီဒီယာစာမ်က္ႏွာေတြေတာင္ ဖြင့္လွစ္ထားၿပီးျဖစ္ကာ “Neon = Artificial Human” လို႔ ေၾကြးေၾကာ္ထားပါတယ္။ ဒါေၾကာင့္ ေစ်းကြက္ထဲမွာ လက္ရွိျမင္ေနရတဲ့ AI Assistant ေတြနဲ႔ မတူညီတာ တစ္ခုခုကို ျမင္ေတြ႕ရမယ္လို႔ ယူဆရၿပီး Samsung ဟာ တြစ္တာမွာ “ARTIFICIAL တစ္ေယာက္နဲ႔ ဆုံေတြ႕ဖူးသလား?” ဆုိတဲ့ ေမးခြန္းနဲ႔ ဓါတ္ပုံအခ်ဳိ႕တင္လာခဲ့ပါတယ္။

ဒီပုံေတြထဲမွာ အဂၤလိပ္အပါအဝင္ ဘာသာစကား ငါးမ်ဳိးနဲ႔ ေတြ႕ရတာေၾကာင့္ Neon ဟာ မတူညီတဲ့ ဘာသာစကားမ်ားနဲ႔ အသုံးျပဳဆက္ဆံႏုိင္မယ္ဆုိတာ ထင္ရွားပါတယ္။ CES 2020 ပြဲေတာ္ဟာ ဆယ္ရက္ခန္႔သာ လိုေတာ့တာေၾကာင့္ ၾကားထဲမွာ Neon နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ပိုၿပီးျမင္ေတြ႕ရမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena