Samsung Electronics က 5G mmWave Network မှာ အင်တာနက် အမြန်နှုန်း စံချိန်သစ်တင်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဩစတြေးလျမှာ AUD သန်း ၇၅၀ ရင်းနှီးမြှပ်နှံမယ့် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ NBN Co နဲ့ ပူးပေါင်းကာ Samsung က အခု စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ NBN ဟာ 5G Network တွေ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိအောင် အမျိုးမျိုးသော ဆော့ဖ်ဝဲ တိုးတက်မှုတွေကို ဖန်တီးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Samsung reaches record 1.75Gbps 5G download speed at 10km distance | Communications Today

စမ်းသပ်မှုမှာ Device ဟာ ပျမ်းမျှ Download Speed အတွက် 1.75 Gbps နဲ့ ပျမ်းမျှ Upload Speed အတွက် 61.5 Mbps အထိ ရရှိခဲ့ပါတယ်။ အမြန်ဆုံး Download Speed က 2.7 Gbps ဖြစ်ပြီး Source ကနေ ၁၀ ကီလိုမီတာ အကွာအဝေးမှာ အဲဒီ အမြန်နှုန်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အထင်ကြီးစရာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။

Samsung attain 1.75Gbps download speed at 10km distance on 5G networks

Samsung နဲ့ NBN က အခု စံချိန်အသစ်ဟာ မြို့ပြများမှာသာမက ဝေးလံခေါင်ဖျားတဲ့ ဒေသများမှာပါ 5G Network ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ခြေလှမ်း ၁ ခု ဖြစ်တယ်လို့ ပြောပါတယ်။ အခု အောင်မြင်တဲ့ စမ်းသပ်မှုက အနာဂတ်မှာ 5G Network ဟာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေတယ်ဆိုတာ ပြသနေပါတယ်။

လက်ရှိ ကမ္ဘာအဝန်းမှာ 5G ဆက်သွယ်မှု ရတဲ့ နိုင်ငံတွေဟာ အလွန် မများပြားသေးပါဘူး။ 5G နည်းပညာဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး တိုးတက်ဖွံ့ဖြိုးအောင် ကုမ္ပဏီတွေက တီထွင်နေကြပါတယ်။

Ref : gsmarena