တောင်ကိုရီးယားကလာတဲ့ သတင်းအရ Samsung ဟာ ဒီနှစ်အတွင်းမှာ စမတ်ဖုန်းတင်ပို့ရောင်းချမှုအရေအတွက် သန်း ၃၀၀ ကျော်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးအတွက် ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ တတိယသုံးလပတ်ကုန်ဆုံးချိန်မှာ ယူနစ်ပေါင်း ၁၈၉ သန်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း Samsung က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်အထိ ခန့်မှန်းတွက်ချက်မှုတွေအရ ဒီနှစ်အတွက် Samsung ရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချမှု အမြင့်ဆုံးပမာဏဟာ ပျမ်းမျှအားဖြင့် ယူနစ်ပေါင်း သန်း ၂၇၀ ခန့်သာရှိလာမယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကုန်ဆုံးချိန်မှာ အမြင့်ဆုံးရောက်ရှိနိုင်တဲ့ပမာဏက သန်း ၃၀၀ မကျော်နိုင်ဘူးဆိုပေမယ့် ကုမ္ပဏီကတော့ လာမယ့်နှစ်အတွင်း ယူနစ်ပေါင်း ၃၀၇ သန်းအထိ တင်ပို့ရောင်းချနိုင်ဖို့ မျှော်မှန်းနေတယ်လို့ သိရပါတယ်။ ဒီအတွက် Samsung ဟာ စမတ်ဖုန်းအမျိုးအစားကို တိုးမြှင့်ပြီး၊ ဈေးကွက် Segment ကိုလည်း တိုးချဲ့သွားဖွယ်ရှိပါတယ်။

အထူးသဖြင့် Mid-range နဲ့ Low-end 5G စမတ်ဖုန်း Lineup ကို တိုးချဲ့လာဖွယ်ရှိပြီး၊ Foldable မော်ဒယ်တွေကိုလည်း ပိုပြီးတော့ဖြန့်ဖြူးနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိဖော်ပြထားတဲ့သတင်းတွေအရ ၂၀၂၁ ခုနှစ်အတွင်းမှာ အနည်းဆုံးတော့ Samsung Foldable ဖုန်း ၃ မျိုးကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၈၇ သန်းကတော့ စမတ်ဖုန်းတွေဖြစ်ပြီး ကျန်အရေအတွက်ကတော့ Feature ဖုန်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီ ၂၈၇ သန်းထဲမှာမှ သန်း ၅၀ နီးပါးက Flagship မော်ဒယ်တွေ ဖြစ်မယ်လို့လည်း သိရပါတယ်။

Ref: GSM Arena