Samsung ဟာ ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်နိုင်တဲ့ စမတ်ဖုန်း ကုမ္ပဏီ ဖြစ်ပြီး Samsung Exynos Brand ကနေ စွမ်းရည်မြင့်၊ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် Chipset တွေကို ထုတ်လုပ်နေပါတယ်။

Samsung

Samsung ဟာ Galaxy စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် Chip တွေ အသုံးပြုမှု များပြားအောင် ပြုလုပ်မယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး စွမ်းရည်မြင့် Device တွေအတွက် သီးသန့် Chipset တွေ အသုံးပြုမယ်လို့ သိရပါတယ်။

Samsung CEO က GOS ကိစ္စကြောင့် သုံးစွဲသူတွေကို တောင်းပန် – MyTech Myanmar

အခုတော့ ကိုရီးယားက လာတဲ့ သတင်းအရ Samsung Electronics Device Solutions (DS) Division ဟာ Galaxy Series စမတ်ဖုန်းတွေအတွက် Application Processor (AP) ကို စတင် ဖန်တီးနေပြီလို့ ပြောပါတယ်။ Samsung ဟာ Exynos Chip တွေကို ထုတ်လုပ်နေတာ နှစ်တော်တော်ကြာပြီ ဖြစ်ပေမယ့် Galaxy Series အတွက် သီးသန့် Chip တွေ မထုတ်လုပ်ခဲ့ပါဘူး။

Apple ဟာ သူ့ Device တွေအတွက် သီးသန့် A Series Chip တွေကို ထုတ်လုပ်ထားပြီး အခုတော့ Samsung က Apple ရဲ့ လမ်းစဉ်ကို လိုက်တော့မှာပါ။ ဒါပေမယ့် Samsung ရဲ့ AP အသစ်တွေကို ၂၀၂၅ ခုနှစ် မတိုင်ခင်အထိ ထုတ်လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။

Samsung ဟာ လက်ရှိမှာ ကိုယ်ပိုင် Exynos နဲ့အတူ Qualcomm , MediaTek တို့ရဲ့ Chip တွေကို အသုံးပြုနေပါတယ်။ စွမ်းရည်မြင့် စမတ်ဖုန်းတွေအတွက် Qualcomm Snapdragon Chipset နဲ့ Exynos Chipset တို့ကို နိုင်ငံအပေါ်မူတည်ကာ ထည့်သွင်း ရောင်းချနေပါတယ်။

Ref : gizmochina