Laptop အများစုရဲ့ Display တွေဟာ IPS LCD နည်းပညာကို အသုံးပြုထားကြတာဖြစ်ပါတယ်။ တချို့သော High-end Laptop တွေမှာတော့ OLED Display ကို အသုံးပြုထားပေမယ့် စျေးနှုန်းမြင့်မားနေသေးသလို High Refresh Rate ကိုလည်း Support ပြုလုပ်ခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Samsung ကနေ ဒီလိုမျိုးဖြစ်နေတာကို ပြောင်းလဲပစ်တော့မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် Refresh Rate အနေနဲ့ 90Hz အထိ Support ပေးနိုင်တဲ့ Laptop OLED Display Panel တွေကို အမြောက်အများစတင်ထုတ်လုပ်နေပြီလို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

Samsung ကနေ ကတိပေးထားတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပြီး လက်ရှိ OLED Display နဲ့ Laptop အချို့မှာ တွေ့မြင်ရတဲ့ Burn-in ပြဿနာကို ဖြေရှင်းထားပြီးပြီလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ OLED Display တွေထက် Response Time သိသိသာသာပိုမြန်ဆန်မှာဖြစ်သလို 120Hz LCD Display တွေနဲ့တောင် ကောင်းကောင်းယှဥ်ပြိုင်နိုင်မှာပါ။ Samsung ဟာ မကြာသေးခင်တုန်းကလည်း Laptop တွေအတွက် Under-display Camera နည်းပညာကိုပြသတော့မယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

Display Size အနေနဲ့ကတော့ 14″ အနေနဲ့ပဲ ထုတ်လုပ်နေတာဖြစ်ပြီးတော့ Aspect Ratio အနေနဲ့ကတော့ လက်ရှိလူသုံးများလာတဲ့ 16:10 Ratio ဖြစ်လာနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Laptop တွေနဲ့ စွမ်းဆောင်ရည်ကောင်းမွန်လာသလိုပဲ Display Quality ပိုင်းမှာလည်း သိသိသာသာကို ပိုကောင်းလာတော့မှာကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena