[Unicode]

Samsung က Galaxy A51 ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကြေညာခဲ့ပြီး အခုတော့ နိုင်ငံများစွာမှာ တိုးချဲ့ရောင်းချပေးလိုက်ပါပြီ။ Samsung ရဲ့ ဥရောပ ဌာနခွဲတွေက ရောင်းပေးမယ်ဆိုတဲ့ သတင်းကို ကြေညာလိုက်ပါပြီ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃၇၀ ယူရိုရှိပြီး Memory ပိုများတာလိုချင်ရင် ဒီထက်ဈေးများမှာပါ။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်းလောက်ကျသင့်မှာပါ။

ဥရောပ နိုင်ငံတော်တော်များများမှာ Galaxy A51 ကို ရောင်းချပေးမှာဖြစ်ပြီး ပြင်သစ်မှာ Amazon နဲ့ တခြား စတိုးဆိုင်တွေကနေ ဝယ်ယူနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ ပါတဲ့ L ပုံစံ အနောက်ကင်မရာတွေက ဒီဇိုင်း ထူးခြားပါတယ်။ ပြင်သစ်မှာ 4/64GB ကို ၃၄၀ ယူရိုနဲ့ 6/128GB ကို ၄၁၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၅ သောင်းနဲ့ ၆ သိန်း ၆ သောင်းလောက်ရှိနိုင်ပါတယ်။

နယ်သာလန်မှာ Belsimpel ကနေ ဝယ်ယူနိုင်သလို Carrier တွေကနေလည်း လျှော့ဈေးတွေနဲ့ ရရှိနိုင်ပါတယ်။ 4/64GB ကို ၃၆၉ ကနေ ၃၅၀ ယူရိုအထိ ဈေးလျှော့ထားပြီး ၃၅၀ ယူရိုကို မြန်မာငွေနဲ့တွက်ရင် ၅ သိန်း ၇ သောင်းလောက်ရှိပါတယ်။ Vodafone , Tele2 နဲ့ T-Mobile တို့က အရစ်ကျပေးနိုင်မယ့် အစီအစဉ်များစွာ ပြုလုပ်ပေးထားပါတယ်။

အရှေ့ ဥရောပ နိုင်ငံတွေမှာ လျှော့ဈေးတွေနဲ့ ရောင်းပေးမယ့် Carrier တွေဆီကနေ ဝယ်တာ ပိုကောင်းပါတယ်။ ဘူလ်ဂေးရီးယားရဲ့ Telenor က 4/128GB ကို ၄၃၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်းလောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy A51 ကို ဥေရာပမွာ ေရာင္းၿပီ

Samsung က Galaxy A51 ကို ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က ေၾကညာခဲ့ၿပီး အခုေတာ့ ႏိုင္ငံမ်ားစြာမွာ တိုးခ်ဲ႕ေရာင္းခ်ေပးလိုက္ပါၿပီ။ Samsung ရဲ႕ ဥေရာပ ဌာနခြဲေတြက ေရာင္းေပးမယ္ဆိုတဲ့ သတင္းကို ေၾကညာလိုက္ပါၿပီ။ တန္ဖိုးအနည္းဆုံး ေမာ္ဒယ္ဟာ ၃၇၀ ယူ႐ိုရွိၿပီး Memory ပိုမ်ားတာလိုခ်င္ရင္ ဒီထက္ေဈးမ်ားမွာပါ။ ျမန္မာေငြနဲ႔တြက္ရင္ ၆ သိန္းေလာက္က်သင့္မွာပါ။

ဥေရာပ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ Galaxy A51 ကို ေရာင္းခ်ေပးမွာျဖစ္ၿပီး ျပင္သစ္မွာ Amazon နဲ႔ တျခား စတိုးဆိုင္ေတြကေန ဝယ္ယူႏိုင္ပါတယ္။ အဲဒီ ဖုန္းမွာ ပါတဲ့ L ပုံစံ အေနာက္ကင္မရာေတြက ဒီဇိုင္း ထူးျခားပါတယ္။ ျပင္သစ္မွာ 4/64GB ကို ၃၄၀ ယူ႐ိုနဲ႔ 6/128GB ကို ၄၁၀ ယူ႐ို သတ္မွတ္ထားၿပီး ျမန္မာေငြ ၅ သိန္း ၅ ေသာင္းနဲ႔ ၆ သိန္း ၆ ေသာင္းေလာက္ရွိႏိုင္ပါတယ္။

နယ္သာလန္မွာ Belsimpel ကေန ဝယ္ယူႏိုင္သလို Carrier ေတြကေနလည္း ေလွ်ာ့ေဈးေတြနဲ႔ ရရွိႏိုင္ပါတယ္။ 4/64GB ကို ၃၆၉ ကေန ၃၅၀ ယူ႐ိုအထိ ေဈးေလွ်ာ့ထားၿပီး ၃၅၀ ယူ႐ိုကို ျမန္မာေငြနဲ႔တြက္ရင္ ၅ သိန္း ၇ ေသာင္းေလာက္ရွိပါတယ္။ Vodafone , Tele2 နဲ႔ T-Mobile တို႔က အရစ္က်ေပးႏိုင္မယ့္ အစီအစဥ္မ်ားစြာ ျပဳလုပ္ေပးထားပါတယ္။

အေရွ႕ ဥေရာပ ႏိုင္ငံေတြမွာ ေလွ်ာ့ေဈးေတြနဲ႔ ေရာင္းေပးမယ့္ Carrier ေတြဆီကေန ဝယ္တာ ပိုေကာင္းပါတယ္။ ဘူလ္ေဂးရီးယားရဲ႕ Telenor က 4/128GB ကို ၄၃၀ ယူ႐ို သတ္မွတ္ထားၿပီး ျမန္မာေငြ ၇ သိန္းေလာက္ရွိပါတယ္။

Ref : gsmarena