Zawgyi
ဇူလိုင်လကုန်ဖြစ်တာနဲ့အတူ Strategy Analytics နဲ့ Counterpoint တို့ကနေ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ် စမတ်ဖုန်း ရောင်းအားနဲ့ ဈေးကွက်ပိုင်ဆိုင်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ကျန်တဲ့စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi နဲ့ OPPO တို့က နံပါတ် (၄) နဲ့ နံပါတ် (၅) နေရာမှာ အသီးသီးရှိနေပြီး Xiaomi ဆိုရင်လည်း ဈေးကွက်ပိုင်ဆိုင်မှု ၉.၄ ရာခိုင်နှုန်းနဲ့ Apple ကို လိုက်မှီတော့မှာပဲဖြစ်ပါတယ်။
Counterpoint ရဲ့ Report မှာ Top 10 စမတ်ဖုန်းထုတ်လုပ်သူတွေကို မြင်ရပြီးတော့ ထူးခြားတာက Realme ကလည်း ဒီနှစ်မှာ မနှစ်ကထက်တိုးတက်မှုနှုန်း ၈၄၈ ရာခိုင်နှုန်းနဲ့ နံပါတ် (၁၀) နေရာကို ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ OPPO ရဲ့ Brand အခွဲကုမ္ပဏီတစ်ခုအနေနဲ့ ၁ နှစ်ကျော်လောက်အချိန်လေးနဲ့ ဒီလိုနေရာကို ရရှိလာတာက တော်တော်လေးကို အားရဖို့ကောင်းနေပါတယ်။
Ref – GSM Arena
Unicode
ဇူလိုင်လကုန်ဖြစ်တာနဲ့အတူ Strategy Analytics နဲ့ Counterpoint တို့ကနေ ဒီ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ် စမတ်ဖုန်းတွေရဲ့ ရောင်းအားနဲ့ ဈေးကွက်ပိုင်ဆိုင်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
အခု Strategy Analytics ရဲ့ စစ်တမ်းအရ တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းရောင်းချရမှုတွေက ၂.၆ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီးတော့ Samsung က မနှစ်ကထက် ၁.၉ ရာခိုင်နှုန်း နဲ့ Huawei က ၁.၇ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ Apple ကတော့ မနှစ်ကထက် ဝ.၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်အနေအထားအရကြည့်မယ်ဆိုရင်တော့ Samsung က ဈေးကွက်ပိုင်ဆိုင်မှု ၂၂.၃ ရာခိုင်နှုန်းနဲ့ ပထမနေရာကို ရယူထားပြီး Huawei က ၁၇.၂ ရာခိုင်နှု်န်းနဲ့ ဒုတိယ၊ Apple က ၁၁.၁ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေတာဖြစ်ပါတယ်။
စမတ်ဖုန်းရောင်းချရမှုတွေအနေနဲ့ကတော့ Samsung က စမတ်ဖုန်းအလုံးရေ ၇၆.၃ သန်း၊ Huawei က ၅၈.၇ သန်း နဲ့ Apple က ၃၈ သန်းရောင်းချထားရတယ်လို့ သိရပါတယ်။
ကျန်တဲ့စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ကတော့ Xiaomi နဲ့ OPPO တို့က နံပါတ် (၄) နဲ့ နံပါတ် (၅) နေရာမှာ အသီးသီးရှိနေပြီးတော့ Xiaomi ဆိုရင်လည်း ဈေးကွက်ပိုင်ဆိုင်မှု ၉.၄ ရာခိုင်နှုန်းနဲ့ Apple ကို လိုက်မှီတော့မှာပဲဖြစ်ပါတယ်။
Counterpoint ရဲ့ Report မှာတော့ Top 10 စမတ်ဖုန်းထုတ်လုပ်သူတွေကို မြင်ရပြီးတော့ ထူးခြားတာက Realme ကလည်း ဒီနှစ်မှာ မနှစ်ကထက်တိုးတက်မှုနှုန်း ၈၄၈ ရာခိုင်နှုန်းနဲ့ နံပါတ် (၁၀) နေရာကို ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ OPPO ရဲ့ Brand အခွဲကုမ္ပဏီတစ်ခုအနေနဲ့ ဒီလိုမျိုး ၁ နှစ်ကျော်လောက်အချိန်လေးနဲ့ ဒီလိုနေရာကို ရရှိလာတာက တော်တော်လေးကို အားရဖို့ကောင်းနေပါတယ်။
Ref – GSM Arena