Samsung ဟာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးတဲ့နေရာမှာ အချိန်နဲ့တပြေးညီဖြစ်သလို ကာလကြာမြင့်စွာလည်း ထောက်ပံ့တယ်လို့ ဆိုနိုင်ပါတယ်။ ကိုရီးယားကုမ္ပဏီကြီးရဲ့ လုံခြုံရေးထောက်ပံ့မှုဟာ အကောင်းဆုံး OEMs တွေထဲမှာ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။

ထုတ်ခဲ့ပြီးသား စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် အချိန်ကြာမြင့်စွာ Security update ပေးထားတယ်ဆိုပေမယ့် ဒါကလည်း ကန့်သတ်ချိန်ကုန်လွန်သွားတာမျိုးတော့ ရှိနေပါတယ်။ အခုတော့ ကုမ္ပဏီအနေနဲ့ အရင်ကလောက် အချိန်အကြာကြီး ပေးနိုင်တော့မယ့် အနေအထား မဟုတ်တော့ဘူးလို့ ဆိုရတော့မှာပါ။ Samsung ဟာ Patch တွေအတွက် အပြောင်းအလဲတွေ လုပ်လာတာကို တွေ့မြင်ရပါတယ်။

အခုတော့ Galaxy S7 Active အတွက် Patch တွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ အလားတူပဲ အခြား Device ဟောင်းတွေအတွက်လည်း အချိန်ဇယားအပြောင်းအလဲကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ Galaxy S7 Active နဲ့ Galaxy Tab A 10.1 တို့ဟာ ၂၀၁၆ ကတည်းက ထုတ်ထားတာဖြစ်တဲ့အတွက် လုံခြုံရေ:ထောက်ပံ့မှုတွေ ဆက်မရတော့ဘူးဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပထမမျိုးဆက် Google Pixel တွေတောင်မှ ပြီးခဲ့တဲ့နှစ်ကတည်းက Security patches တွေ မရတော့တာဖြစ်တဲ့အတွက် Samsung ကတောင် မဆိုးလှသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S8 Lite, Galaxy A6+, Galaxy J3 Top, Galaxy J4, Galaxy J6 နဲ့ Galaxy J7 Top တွေလည်း သုံးလတစ်ကြိမ် လုံခြုံရေးအဆင့်မြှင့်တင်မှုတွေထဲမှာ မပါဝင်တော့ဘူးလို့ သိရပါတယ်။

Ref: GSM Arena