Samsung Galaxy S21 FE 5G သို့မဟုတ် Galaxy S21 Fan Edition 5G ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Samsung ယူအေအီးရဲ့ တရားဝင် Website က Galaxy S21 FE 5G ရဲ့ Support Page ကို လွှင့်တင်လိုက်ပြီး အစိမ်းရောင် မော်ဒယ်ကို တွေ့ရပါတယ်။ အဲဒီ မော်ဒယ်ကို အောက်ကပုံမှာ လေ့လာနိုင်ပြီး အဲဒီမှာ Specifications တွေကို မဖော်ပြထားသေးပါဘူး။

Samsung support page reveals Galaxy S21 FE 5G

Samsung Galaxy S21 FE 5G ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး ပေါက်ကြားသတင်းတွေအရ ၆.၄၁ လက်မ AMOLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး မျက်နှာပြင် Resolution က 1080p ဖြစ်နိုင်ပါတယ်။

ရောင်းချမယ့်နိုင်ငံ အပေါ် မူတည်ပြီး Snapdragon 888 Chipset သို့မဟုတ် Exynos 2100 Chipset မောင်းနှင်ထားနိုင်ပါတယ်။ 4,500mAh ဘက်ထရီ ထောက်ပံ့ထားနိုင်ပြီး 25W Fast Charging, 15W Wireless Charging , Reverse Wireless Charging တွေ ပါလာနိုင်ပါတယ်။

အနောက်ကင်မရာတွေ အကြောင်းပြောရရင် 12MP Main , 12MP Ultrawide နဲ့ 8MP 3x Telephoto ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ Galaxy S21 FE 5G ရဲ့ ဒီဇိုင်းဟာ Galaxy S21 နဲ့ တော်တော်တူညီမှာ ဖြစ်ပြီး အနက်၊ အဖြူ ၊ ခရမ်းနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Winfuture.de ရဲ့ မကြာခင်က သတင်းအရ 128GB နဲ့ 256GB Storage Version တွေကို ၆၆၀ ယူရို၊ ၇၀၅ ယူရို အသီးသီးနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၁၃ သိန်း ၄ သောင်းနဲ့ ၁၄ သိန်း ၃ သောင်းလောက် တန်ကြေးရှိနိုင်ပါတယ်။

Ref : gsmarena