[Zawgyi]

Samsung Myanmar မွ Galaxy Wearables ထုတ္ကုန္သစ္မ်ားျဖစ္ေသာ Galaxy Watch Active၊ Galaxy Fit ႏွင့္ Galaxy Fit e ႏွင့္ Tab S5e၊ Tab A 10.1 ႏွင့္ S Pen ပါရွိေသာ Tab A 8 စသည့္ Tablet ေမာ္ဒယ္ အသစ္သုံးမ်ိဳးအား ယေန႔မိတ္ဆက္လိုက္သည္။ ပိုမိုေကာင္းမြန္ေသာ ေဖ်ာ္ေျဖေရးအေတြ႕အႀကဳံ၊ အလြယ္တကူခ်ိတ္ဆက္အသုံးျပဳႏိုင္မႈႏွင့္ ဟန္ခ်က္ညီသည့္ လူေနမႈဘဝကို ပိုင္ဆိုင္လိုသူမ်ားအတြက္ Samsung ၏ Wearable မ်ားႏွင့္ တက္ဘလက္အသစ္မ်ားသည္ အထူးသင့္ေတာ္ေသာ ထုတ္ကုန္မ်ားျဖစ္ၾကသည္။

ေပါ့ပါးသြက္လက္၍ စတိုင္က်လွပေစမည့္ Galaxy Watch Active
စတိုင္က်လွပမႈကို ဦးစားေပး၍ ေန႔စဥ္လူေနမႈဘဝတြင္ က်န္းမာေရးႏွင့္ညီၫြတ္စြာ ေနထိုင္လိုေသာ သုံးစြဲသူမ်ားအတြက္ Galaxy Watch Active သည္ စမတ္က်႐ုံသာမက ဒီဇိုင္းပိုင္းအရလည္းဆန္းသစ္လွပသည္။ Galaxy Watch Active ၏ ပါးလ်ေပါ့ပါး၍ ဘက္စုံအသုံးျပဳႏိုင္ေသာ ဒီဇိုင္းအသစ္ေၾကာင့္ ဟန္ခ်က္ညီေသာ ေန႔စဥ္ဘဝကို ပိုမိုလြယ္ကူစြာ ရရွိႏိုင္မည္ျဖစ္သည္။

“သုံးစြဲသူေတြက ဘက္စုံက်န္းမာေရးအတြက္ လူေနမႈဘဝရဲ႕ ဆုံးျဖတ္ခ်က္ေတြမွာ ပိုၿပီး အေလးထားလာၾကပါတယ္။ ဒါေၾကာင့္လည္း သုံးစြဲသူေတြေနနဲ႔ တက္ႂကြၿပီး ဟန္ခ်က္ညီတဲ့ ေန႔ရက္တိုင္းကို အလြယ္ကတကူရရွိေစမယ့္ wearables ေတြကိုလည္း ရွာေဖြေနၾကပါတယ္။ လူတိုင္းမွာ သူတို႔ျဖစ္ခ်င္တာေတြကို အေကာင္အထည္ေဖာ္ဖို႔ သူတို႔ရဲ႕ ကိုယ္ပိုင္နည္းလမ္းေတြ ရွိၾကပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ သုံးစြဲသူေတြ ေန႔စဥ္ဘဝကို ေခ်ာေခ်ာေမြ႕ေမြ႕ ျဖတ္သန္းႏိုင္ၿပီး က်န္းမာေရးအတြက္ပါ အေထာက္အကူျပဳမယ့္ ဒီ wearables အသစ္ေတြကို မိတ္ဆက္ရျခင္းျဖစ္ပါတယ္။” Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္ဝင္းထက္မွဟု ေျပာၾကားခဲ့သည္။

ေန႔စဥ္က်န္းမာေရးေစာင့္ေရွာက္မႈသည္ အားကစားႏွင့္ ေန႔စဥ္လႈပ္ရွားမႈမ်ားကို ေျခရာခံ မွတ္သားျခင္း ထက္ ပိုမို အေရးပါေသာေၾကာင့္ Galaxy Watch Active သည္ က်န္းမာေရးဆိုင္ရာ အေရးအႀကီးဆုံးအရာအားလုံးကို ဘက္စုံမွ ေစာင့္ၾကည့္မွတ္သားေပးထားမည္ျဖစ္သည္။ ေလ့က်င့္ခန္းလုပ္ခ်ိန္၊ အိပ္စက္ခ်ိန္၊ စိတ္ဖိစီးမႈ ႏွင့္ က်န္းမာေရးအေျခအေနမ်ားကို မွတ္တမ္းတင္ေျခရာခံေသာ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ Galaxy Watch Active ကို ပိုမိုက်န္းမာေသာ ခႏၶာႏွင့္ စိတ္အတြက္ ကိုယ္ပိုင္လူေနမႈဘဝ နည္းျပအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္သည္။ Galaxy Watch Active တြင္ စိတ္ဖိစီးမႈကို တိုင္းတာေပးေသာ စိတ္ဖိစီးမႈေျခရာခံမွတ္သားျခင္း (Stress Tracking) ႏွင့္ ေလ့က်င့္ခန္း လုပ္ေဆာင္မႈကို တိုင္းတာေပးေသာ Fitness Tracker အစရွိသည့္ ပိုမို ေကာင္းမြန္လာေသာ က်န္းမာေရးႏွင့္ Fitness လုပ္ေဆာင္ခ်က္မ်ားပါဝင္လာသည္။ Galaxy Watch Active သည္ ISO standard 22810:2010 ရရွိထားေသာ 5 AMT ရွိ (မီတာ 50 အနက္တြင္ ဆယ္မိနစ္အထိ) ေရစိုခံႏိုင္စြမ္းရွိသည္။

Galaxy Watch Active ကို Galaxy ေဂဟစနစ္ တစ္ခုလုံးႏွင့္လည္း လြယ္ကူစြာခ်ိတ္ဆက္ အသုံးျပဳႏိုင္မည္ျဖစ္သည္။ Galaxy Watch Active ကို Android ႏွင့္ iOS ႏွစ္မ်ိဳးလုံးႏွင့္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ၿပီး အခ်ိန္မွန္ နည္းျပကဲ့သို႔ ရွိေနေပးျခင္း၊ အိမ္တြင္း အိမ္ျပင္ လႈပ္ရွားမႈတိုင္းကို ေျခရာခံ မွတ္သားေပးျခင္း၊ Spotify ႏွင့္ Strava တို႔ကဲ့သို႔ လူႀကိဳက္မ်ားသည့္ third-party apps မ်ားကိုလည္း အသုံးျပဳႏိုင္မည္ျဖစ္သည္။ Bixby ၏ အသံစြမ္းရည္ကို အသုံးျပဳ၍လည္း Galaxy Watch Active ကို အသံႏွင့္ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ၿပီး ဖုန္းေခၚဆိုမႈ၊ စာတို႔ ပို႔မႈမ်ားကို ဖုန္းအသုံးျပဳရန္မလိုဘဲ လုပ္ေဆာင္ႏိုင္ေစမည္ျဖစ္သည္။

လူတိုင္းအတြက္ က်န္းမာေသာ ေန႔ရက္တိုင္းကို ရရွိေစမည့္ Galaxy Fit ႏွင့္ Galaxy Fit e
က်န္းမာေရး လိုက္စားသူတိုင္းအတြက္ Galaxy Fit ႏွင့္ Galaxy Fit e သည္ တက္ႂကြေသာ လူေနမႈပုံစံကို ပိုမိုပုံေဖာ္ေပးႏိုင္မည္ျဖစ္သည္။ ပါးလ်ေပါ့ပါးေသာ ကိုယ္ထည္ႏွင့္ျပဳလုပ္ထားေသာ wearable အသစ္မ်ားကို သက္ေတာင့္သက္သာႏွင့္ စတိုင္က်လွပစြာ အခ်ိန္မေ႐ြး ဝတ္ဆင္ႏိုင္မည္ျဖစ္သည္။

ေပါ့ပါး၍ စတိုင္က်လွပေသာ Galaxy Fit ႏွင့္ Galaxy Fit e သည္ လြယ္ကူစြာ အလိုအေလ်ာက္ ေျခရာခံႏိုင္စြမ္းရွိ၍ ပိုမိုႀကံ့ခိုင္သန္စြမ္းေသာ ခႏၶာကိုယ္ကို ရရွိေစမည္ျဖစ္သည္။ Galaxy Fit ႏွင့္ Galaxy Fit e သည္ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း၊ စက္ဘီးစီးျခင္း၊ ေလွေလွာ္ျခင္း၊ Elliptical trainer ကဲ့သို႔ စက္မ်ားႏွင့္ ကစားျခင္းႏွင့္ ေလ့က်င့္ခန္းလုပ္ျခင္းမ်ားအား အလိုအေလ်ာက္ မွတ္သားထားေပးမည္ျဖစ္သည္။ စမတ္ဖုန္းတြင္ ပါရွိေသာ Samsung Health app ႏွင့္အတူ ကိုယ္လက္လႈပ္ရွားမႈ အမ်ိဳးအစားေပါင္း ၉၀ ေက်ာ္ကို ကိုယ္တိုင္ေ႐ြးခ်ယ္ႏိုင္႐ုံသာမက Galaxy Fit ႏွင့္ Galaxy Fit e မွ ေ႐ြးခ်ယ္ထားေသာ လႈပ္ရွားမႈမ်ားကိုလည္း အလိုအေလ်ာက္ ေျခရာခံမွတ္သားႏိုင္မည္ျဖစ္သည္။

Galaxy Fit ႏွင့္ Galaxy Fit e တြင္ ႐ိုးရွင္း၍ အလိုအေလ်ာက္ သိႏိုင္ေသာ UX ႏွင့္ လြယ္ကူစြာ အသုံးျပဳႏိုင္ေစေသာ အဆင့္ျမင့္ အသုံးျပဳမႈအေတြ႕အႀကဳံမ်ားအား ထည့္သြင္းေပးထားေသာေၾကာင့္ လႈပ္ရွားသြားလာေနခ်ိန္တြင္ အဆင္ေျပစြာ အသုံးျပဳႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ Galaxy Fit and Galaxy Fit e ႏွစ္မ်ိဳးစလုံးတြင္ 50 မီတာထိ ေရစိမ္ခံႏိုင္ေစေသာ 5ATM3 ေရစိုခံႏိုင္စြမ္း ပါဝင္ေသာေၾကာင့္ ေန႔စဥ္အသုံးျပဳမႈသာမက ေရခ်ိဳးခ်ိန္ႏွင့္ ေရကူးခ်ိန္မ်ားအထိ အသုံးျပဳႏိုင္မည္ျဖစ္သည္။

Galaxy Watch Active အား ျမန္မာေငြ ၂၉၉,၀၀၀ က်ပ္ျဖင့္ အနက္ေရာင္ႏွင့္ ႏွင္းဆီေ႐ႊေရာင္ အေရာင္ ႏွစ္ေရာင္ႏွင့္ ရရွိႏိုင္မည္ျဖစ္သည္။ Galaxy Fit ကို ၁၃၀,၀၀၀ က်ပ္ျဖင့္ အျဖဴႏွင့္ အနက္ အေရာင္မ်ားႏွင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး Galaxy Fit e ကို ၅၅,၀၀၀ က်ပ္ျဖင့္ အနက္ေရာင္ႏွင္ ေငြေရာင္မ်ားႏွင့္ အသီးသီး ဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

အသစ္မိတ္ဆက္လိုက္သည့္ Galaxy Tab S5e
၁၀.၅ လက္မအ႐ြယ္အစားရွိေသာ Galaxy Tab S5e တြင္ ႀကီးမားေသာ ဘက္ထရီအ႐ြယ္အစားထည့္သြင္းေပးထားသည္။ ပိုမိုပါးလႊာေပါ့ပါး႐ုံသာမက အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားစြာ ထည့္သြင္းေပးထားျခင္းျဖင့္ အစဥ္အၿမဲ အခ်ိတ္အဆက္မိေနေစရန္ စနစ္တက် ဖန္တီးထားသည္။

“ဒီ Galaxy Tab S5e က လွပဆန္းသစ္တဲ့ ဒီဇိုင္းနဲ႔ အရည္အေသြးျမင့္ လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ စြမ္းေဆာင္ရည္ျမင့္ Tablet တစ္လုံးျဖစ္ပါတယ္။ အစဥ္အၿမဲ ခ်ိတ္ဆက္ၿပီး အလုပ္ေတြ ပိုမိုၿပီးႏိုင္ေစတဲ့ စြမ္းေဆာင္ရည္ နဲ႔အတူ ႀကီးမား လွပတဲ့ မ်က္ႏွာျပင္နဲ႔ အရည္အေသြးျမင့္ ေဖ်ာ္ေျဖေရး အေတြ႕အႀကဳံကို လိုခ်င္တဲ့ သုံးစြဲသူေတြအတြက္ Tab S5e က အေကာင္းဆုံး tablet ဆိုရင္လည္း မမွားပါဘူး။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္ေသာ ကို ဇာနည္ဝင္းထက္မွ ေျပာၾကားသည္။

လွပသစ္လြင္ေသာ ဒီဇိုင္းႏွင့္ Tab S5e သည္ အသုံးျပဳရလြယ္ကူၿပီး စတိုင္က်လွပသည္။ အလြန္ပါးလႊာေသာ 5.5mm ရွိ ေခ်ာေမြ႕ေျပာင္လက္ေသာ သတၱဳ ကိုယ္ထည္ ႏွင့္ 400g ထိသာရွိေသာ အေလးခ်ိန္ေၾကာင့္ Tab S5e ကို ေပါ့ပါးစြာ ကိုင္ေဆာင္အသုံးျပဳႏိုင္သည္။

၁၄.၅ နာရီၾကာ အသုံးခံေသာ ဘက္ထရီေၾကာင့္ Tab S5e သည္ ၾကာရွည္အသုံးခံသည့္ စြမ္းေဆာင္ရည္ကို ေကာင္းစြာ ရရွိေစမည္ျဖစ္သည္။ အသစ္ထြက္ရွိလာေသာ Bixby 2.02 ကို ပထမဆုံး အသုံးျပဳထားသည့္ Samsung Tablet ျဖစ္ေသာေၾကာင့္ Tab S5e ကို ဖုန္း စသည့္ အျခားပစၥည္းမ်ားႏွင့္ အဆင္ေျပလြယ္ကူစြာ ခ်ိတ္ဆက္ အသုံးျပဳႏိုင္သည္။

႐ုပ္ရွင္ႏွင့္ ဇာတ္လမ္းတြဲမ်ားကိုလည္း 16:10 မ်က္ႏွာျပင္အခ်ိဳးရွိေသာ Samsung ၏ အထင္ကရအမွတ္အသားျဖစ္သည့္ Super AMOLED မ်က္ႏွာျပင္တြင္ အျပည့္အဝ ခံစားၾကည့္ရႈႏိုင္မည္ျဖစ္သည္။

Tab S5e တြင္ အလိုအေလ်ာက္ လွည့္ႏိုင္သည့္ စတူဒီယိုနည္းပညာပါဝင္ေသာ စပီကာ ၄ လုံးပါဝင္သည့္အတြက္ ပိုမို ေကာင္းမြန္က်ယ္ေလာင္ေသာ အသံအရည္အေသြးကို ခံစားႏိုင္မည္ျဖစ္သည္။ Tab S5e တြင္ Dolby Atmos နည္းပညာႏွင့္ AKG မွ အသံနည္းပညာမ်ားလည္း ေပါင္းစပ္ ထည့္သြင္းထားသည္။

Tab S5e ကို ျမန္မာႏိုင္ငံတြင္ အနက္ေရာင္၊ ေ႐ႊေရာင္အစရွိသျဖင့္ ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး ေဈးႏႈန္းအေနျဖင့္ ၇၇၉.၀၀၀ က်ပ္ျဖင့္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

Tab S5e ႏွင့္အတူ Samsung Myanmar မွ ေဈးႏႈန္းသက္သာသည့္ Tablets မ်ားျဖစ္ေသာ Tab A 10.1 ႏွင့္ Pen ပါဝင္လာသည့္ Tab A 8 တို႔ကိုလည္း မိတ္ဆက္လိုက္သည္။

Galaxy Tab A 10.1 ကို ပိုမိုသက္သာသည့္ ေဈးႏႈန္းျဖစ္သည့္ ၄၉၉,၀၀၀ က်ပ္ႏွင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး အနက္ေရာင္ႏွင့္ ေ႐ႊေရာင္ အစရွိသျဖင့္ ၂ ေရာင္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။ အဆိုပါတက္ဘလက္သည္ မ်က္ႏွာျပင္အ႐ြယ္အစားအေနျဖင့္ 10.1 လက္မရွိၿပီး 1920 x 1200 (WUXGA) TFT LCD display ႏွင့္ သတၱဳကိုယ္ထည္တို႔ႏွင့္ ျပဳလုပ္ထားသည္။ Galaxy Tab A 10.1 တြင္ Exynos 7904A ပါဝင္ၿပီး 3GB RAM ႏွင့္ မွတ္ဉာဏ္သိုေလွာင္မႈ 32GB ႏွင့္ရရွိႏိုင္မည္ျဖစ္သည္။ ဘက္ထရီအ႐ြယ္အစားအေနျဖင့္ ပိုမိုႀကီးမားေသာ 6,150 mAh အား ထည့္သြင္းထားသည္။ အျခားအဓိက လုပ္ေဆာင္ခ်က္မ်ားအေနႏွင့္ 8MP ရွိ အေနာက္ဘက္ ကင္မရာ၊ 5MP ရွိ အေရွ႕ဘက္ ကင္မရာ ႏွင့္ Dolby Atmos ပါဝင္ေသာ စပီကာ ႏွစ္ခုထည့္သြင္းထားသည္။

Pen ပါဝင္လာေသာ Galaxy Tab A 8 တြင္ 1920×1200 မ်က္ႏွာျပင္အရည္အေသြးႏွင့္ 8 လက္မရွိ မ်က္ႏွာျပင္ ပါဝင္လာသည္။ တရားဝင္စာရင္းမ်ားအရ Galaxy Tab A 8 သည္ ေက်ာင္းသားမ်ားအတြက္ အဓိက ရည္႐ြယ္ထုတ္လုပ္ထားျခင္းျဖစ္ၿပီး မရွိမျဖစ္လိုအပ္ေသာ စြမ္းေဆာင္ရည္မ်ား ထည့္သြင္းထားသည္။အဆိုပါ တက္ဘလက္အား Samsung ၏ Lassen O+ (E7904) 1.8GHz ႏွင့္ ျပဳလုပ္ထားၿပီး Chipset ႏွင့္အတူ 3GB RAM ႏွင့္ ဖုန္းတြင္မွတ္ဉာဏ္သိုေလွာင္မႈ 32GB ထည့္သြင္းထားသည္။ microSD card အသုံးျပဳ၍လည္း 512GB ထိတိုးျမႇင့္ႏိုင္သည္။ Galaxy Tab A 8 အား ျမန္မာႏိုင္ငံတြင္ ေဈးႏႈန္း ၄၃၉,၀၀၀ က်ပ္ႏွင့္ ေရာင္းခ်မည္ျဖစ္ၿပီး အေရာင္အေနျဖင့္ အနက္ႏွင့္ မီးခိုး ေရာင္ႏွစ္မ်ိဳးျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

အဆိုပါထုတ္ကုန္သစ္မ်ားမိတ္ဆက္မႈႏွင့္အတူ Tab S5e ဝယ္ယူသုံးစြဲသူမ်ားအေနျဖင့္ Samsung အမွတ္တံဆိပ္မူရင္းကာဗာ (အေရအတြက္ ၄၀၀) ႏွင့္ Tab A 10.1 ဝယ္ယူသုံးစြဲသူမ်ားအား Samsung အမွတ္တံဆိပ္ မူရင္းကာဗာ (အေရအတြက္ ၅၀၀) တို႔အား Samsung Myanmar မွ လက္ေဆာင္အျဖစ္ ေပးအပ္သြားမည္ျဖစ္သည္။

Samsung Myanmar မွ Mytel ႏွင့္ပူးေပါင္း၍ သုံးစြဲသူမ်ားအား အထူးခံစားခြင့္အေနျဖင့္ Tab S5e ႏွင့္ Tab A 10.1 ဝယ္ယူသူမ်ားအေနျဖင့္ ၆ လဆက္တိုက္ ေဒတာခံစားခြင့္ 3GB ႏွင့္ Mytel အခ်င္းခ်င္း ဖုန္းေခၚဆိုခြင့္ မိနစ္ ၃၀၀ အား ခံစားခြင့္ရရွိမည္ျဖစ္သည္။ Spen ႏွင့္အတူ Tab A8 ဝယ္ယူသမ်ား အေနျဖင့္ ေဒတာခံစားခြင့္ 2GB ႏွင့္အတူ Mytel ဖုန္းအခ်င္းခ်င္းေခၚဆိုခြင့္ မိနစ္ ၂၀၀ အား ၆ လဆက္တိုက္ရရွိမည္ျဖစ္သည္။

ဒါ့အျပင္ တက္ဘလက္ ဝယ္ယူသုံးစြဲသူမ်ားအေနျဖင့္ ဖုန္းေရွ႕မ်က္ႏွာျပင္ပ်က္စီးမႈအား ၄၀% အခေၾကးေငြမယူဘဲ ျပန္လည္ျပဳျပင္ေပးမည့္ No Worrry Crack ဝန္ေဆာင္မႈအား စတင္ဝယ္ယူသည့္ေန႔မွစတင္၍ ၃ လအတြင္း (၂၀၁၉ ခုႏွစ္ကုန္အထိ) ခံစားခြင့္ရရွိမည္ျဖစ္သည္။ အဆိုပါဝန္ေဆာင္မႈအား ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ Samsung Customer ဝန္ေဆာင္မႈစင္တာမ်ားတြင္သာ ရရွိႏိုင္မည္ျဖစ္သည္။

[Unicode]

ပိုမိုချိတ်ဆက်ပြီး ဟန်ချက်ညီသော လူနေမှုဘဝကို ပုံဖော်ပေးမည့် နောက်ဆုံးပေါ် Samsung Tablet များနှင့် wearable အသစ်များကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Samsung Myanmar မှ Galaxy Wearables ထုတ်ကုန်သစ်များဖြစ်သော Galaxy Watch Active၊ Galaxy Fit နှင့် Galaxy Fit e နှင့် Tab S5e၊ Tab A 10.1 နှင့် S Pen ပါရှိသော Tab A 8 စသည့် Tablet မော်ဒယ် အသစ်သုံးမျိုးအား ယနေ့မိတ်ဆက်လိုက်သည်။ ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးအတွေ့အကြုံ၊ အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်မှုနှင့် ဟန်ချက်ညီသည့် လူနေမှုဘဝကို ပိုင်ဆိုင်လိုသူများအတွက် Samsung ၏ Wearable များနှင့် တက်ဘလက်အသစ်များသည် အထူးသင့်တော်သော ထုတ်ကုန်များဖြစ်ကြသည်။

ပေါ့ပါးသွက်လက်၍ စတိုင်ကျလှပစေမည့် Galaxy Watch Active
စတိုင်ကျလှပမှုကို ဦးစားပေး၍ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်လိုသော သုံးစွဲသူများအတွက် Galaxy Watch Active သည် စမတ်ကျရုံသာမက ဒီဇိုင်းပိုင်းအရလည်းဆန်းသစ်လှပသည်။ Galaxy Watch Active ၏ ပါးလျပေါ့ပါး၍ ဘက်စုံအသုံးပြုနိုင်သော ဒီဇိုင်းအသစ်ကြောင့် ဟန်ချက်ညီသော နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစွာ ရရှိနိုင်မည်ဖြစ်သည်။

“သုံးစွဲသူတွေက ဘက်စုံကျန်းမာရေးအတွက် လူနေမှုဘဝရဲ့ ဆုံးဖြတ်ချက်တွေမှာ ပိုပြီး အလေးထားလာကြပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူတွေနေနဲ့ တက်ကြွပြီး ဟန်ချက်ညီတဲ့ နေ့ရက်တိုင်းကို အလွယ်ကတကူရရှိစေမယ့် wearables တွေကိုလည်း ရှာဖွေနေကြပါတယ်။ လူတိုင်းမှာ သူတို့ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Samsung အနေနဲ့ သုံးစွဲသူတွေ နေ့စဉ်ဘဝကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ပြီး ကျန်းမာရေးအတွက်ပါ အထောက်အကူပြုမယ့် ဒီ wearables အသစ်တွေကို မိတ်ဆက်ရခြင်းဖြစ်ပါတယ်။” Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှဟု ပြောကြားခဲ့သည်။

နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုသည် အားကစားနှင့် နေ့စဉ်လှုပ်ရှားမှုများကို ခြေရာခံ မှတ်သားခြင်း ထက် ပိုမို အရေးပါသောကြောင့် Galaxy Watch Active သည် ကျန်းမာရေးဆိုင်ရာ အရေးအကြီးဆုံးအရာအားလုံးကို ဘက်စုံမှ စောင့်ကြည့်မှတ်သားပေးထားမည်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ချိန်၊ အိပ်စက်ချိန်၊ စိတ်ဖိစီးမှု နှင့် ကျန်းမာရေးအခြေအနေများကို မှတ်တမ်းတင်ခြေရာခံသော လုပ်ဆောင်ချက်များကြောင့် Galaxy Watch Active ကို ပိုမိုကျန်းမာသော ခန္ဓာနှင့် စိတ်အတွက် ကိုယ်ပိုင်လူနေမှုဘဝ နည်းပြအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy Watch Active တွင် စိတ်ဖိစီးမှုကို တိုင်းတာပေးသော စိတ်ဖိစီးမှုခြေရာခံမှတ်သားခြင်း (Stress Tracking) နှင့် လေ့ကျင့်ခန်း လုပ်ဆောင်မှုကို တိုင်းတာပေးသော Fitness Tracker အစရှိသည့် ပိုမို ကောင်းမွန်လာသော ကျန်းမာရေးနှင့် Fitness လုပ်ဆောင်ချက်များပါဝင်လာသည်။ Galaxy Watch Active သည် ISO standard 22810:2010 ရရှိထားသော 5 AMT ရှိ (မီတာ 50 အနက်တွင် ဆယ်မိနစ်အထိ) ရေစိုခံနိုင်စွမ်းရှိသည်။

Galaxy Watch Active ကို Galaxy ဂေဟစနစ် တစ်ခုလုံးနှင့်လည်း လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy Watch Active ကို Android နှင့် iOS နှစ်မျိုးလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး အချိန်မှန် နည်းပြကဲ့သို့ ရှိနေပေးခြင်း၊ အိမ်တွင်း အိမ်ပြင် လှုပ်ရှားမှုတိုင်းကို ခြေရာခံ မှတ်သားပေးခြင်း၊ Spotify နှင့် Strava တို့ကဲ့သို့ လူကြိုက်များသည့် third-party apps များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Bixby ၏ အသံစွမ်းရည်ကို အသုံးပြု၍လည်း Galaxy Watch Active ကို အသံနှင့် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု၊ စာတို့ ပို့မှုများကို ဖုန်းအသုံးပြုရန်မလိုဘဲ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

လူတိုင်းအတွက် ကျန်းမာသော နေ့ရက်တိုင်းကို ရရှိစေမည့် Galaxy Fit နှင့် Galaxy Fit e
ကျန်းမာရေး လိုက်စားသူတိုင်းအတွက် Galaxy Fit နှင့် Galaxy Fit e သည် တက်ကြွသော လူနေမှုပုံစံကို ပိုမိုပုံဖော်ပေးနိုင်မည်ဖြစ်သည်။ ပါးလျပေါ့ပါးသော ကိုယ်ထည်နှင့်ပြုလုပ်ထားသော wearable အသစ်များကို သက်တောင့်သက်သာနှင့် စတိုင်ကျလှပစွာ အချိန်မရွေး ဝတ်ဆင်နိုင်မည်ဖြစ်သည်။

ပေါ့ပါး၍ စတိုင်ကျလှပသော Galaxy Fit နှင့် Galaxy Fit e သည် လွယ်ကူစွာ အလိုအလျောက် ခြေရာခံနိုင်စွမ်းရှိ၍ ပိုမိုကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကို ရရှိစေမည်ဖြစ်သည်။ Galaxy Fit နှင့် Galaxy Fit e သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း၊ Elliptical trainer ကဲ့သို့ စက်များနှင့် ကစားခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းများအား အလိုအလျောက် မှတ်သားထားပေးမည်ဖြစ်သည်။ စမတ်ဖုန်းတွင် ပါရှိသော Samsung Health app နှင့်အတူ ကိုယ်လက်လှုပ်ရှားမှု အမျိုးအစားပေါင်း ၉၀ ကျော်ကို ကိုယ်တိုင်ရွေးချယ်နိုင်ရုံသာမက Galaxy Fit နှင့် Galaxy Fit e မှ ရွေးချယ်ထားသော လှုပ်ရှားမှုများကိုလည်း အလိုအလျောက် ခြေရာခံမှတ်သားနိုင်မည်ဖြစ်သည်။

Galaxy Fit နှင့် Galaxy Fit e တွင် ရိုးရှင်း၍ အလိုအလျောက် သိနိုင်သော UX နှင့် လွယ်ကူစွာ အသုံးပြုနိုင်စေသော အဆင့်မြင့် အသုံးပြုမှုအတွေ့အကြုံများအား ထည့်သွင်းပေးထားသောကြောင့် လှုပ်ရှားသွားလာနေချိန်တွင် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy Fit and Galaxy Fit e နှစ်မျိုးစလုံးတွင် 50 မီတာထိ ရေစိမ်ခံနိုင်စေသော 5ATM3 ရေစိုခံနိုင်စွမ်း ပါဝင်သောကြောင့် နေ့စဉ်အသုံးပြုမှုသာမက ရေချိုးချိန်နှင့် ရေကူးချိန်များအထိ အသုံးပြုနိုင်မည်ဖြစ်သည်။

Galaxy Watch Active အား မြန်မာငွေ ၂၉၉,၀၀၀ ကျပ်ဖြင့် အနက်ရောင်နှင့် နှင်းဆီရွှေရောင် အရောင် နှစ်ရောင်နှင့် ရရှိနိုင်မည်ဖြစ်သည်။ Galaxy Fit ကို ၁၃၀,၀၀၀ ကျပ်ဖြင့် အဖြူနှင့် အနက် အရောင်များနှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy Fit e ကို ၅၅,၀၀၀ ကျပ်ဖြင့် အနက်ရောင်နှင် ငွေရောင်များနှင့် အသီးသီး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သည့် Galaxy Tab S5e
၁၀.၅ လက်မအရွယ်အစားရှိသော Galaxy Tab S5e တွင် ကြီးမားသော ဘက်ထရီအရွယ်အစားထည့်သွင်းပေးထားသည်။ ပိုမိုပါးလွှာပေါ့ပါးရုံသာမက အဆင့်မြင့် လုပ်ဆောင်ချက်များစွာ ထည့်သွင်းပေးထားခြင်းဖြင့် အစဉ်အမြဲ အချိတ်အဆက်မိနေစေရန် စနစ်တကျ ဖန်တီးထားသည်။

“ဒီ Galaxy Tab S5e က လှပဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Tablet တစ်လုံးဖြစ်ပါတယ်။ အစဉ်အမြဲ ချိတ်ဆက်ပြီး အလုပ်တွေ ပိုမိုပြီးနိုင်စေတဲ့ စွမ်းဆောင်ရည် နဲ့အတူ ကြီးမား လှပတဲ့ မျက်နှာပြင်နဲ့ အရည်အသွေးမြင့် ဖျော်ဖြေရေး အတွေ့အကြုံကို လိုချင်တဲ့ သုံးစွဲသူတွေအတွက် Tab S5e က အကောင်းဆုံး tablet ဆိုရင်လည်း မမှားပါဘူး။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သော ကို ဇာနည်ဝင်းထက်မှ ပြောကြားသည်။

လှပသစ်လွင်သော ဒီဇိုင်းနှင့် Tab S5e သည် အသုံးပြုရလွယ်ကူပြီး စတိုင်ကျလှပသည်။ အလွန်ပါးလွှာသော 5.5mm ရှိ ချောမွေ့ပြောင်လက်သော သတ္တု ကိုယ်ထည် နှင့် 400g ထိသာရှိသော အလေးချိန်ကြောင့် Tab S5e ကို ပေါ့ပါးစွာ ကိုင်ဆောင်အသုံးပြုနိုင်သည်။

၁၄.၅ နာရီကြာ အသုံးခံသော ဘက်ထရီကြောင့် Tab S5e သည် ကြာရှည်အသုံးခံသည့် စွမ်းဆောင်ရည်ကို ကောင်းစွာ ရရှိစေမည်ဖြစ်သည်။ အသစ်ထွက်ရှိလာသော Bixby 2.02 ကို ပထမဆုံး အသုံးပြုထားသည့် Samsung Tablet ဖြစ်သောကြောင့် Tab S5e ကို ဖုန်း စသည့် အခြားပစ္စည်းများနှင့် အဆင်ပြေလွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်သည်။

ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကိုလည်း 16:10 မျက်နှာပြင်အချိုးရှိသော Samsung ၏ အထင်ကရအမှတ်အသားဖြစ်သည့် Super AMOLED မျက်နှာပြင်တွင် အပြည့်အဝ ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။

Tab S5e တွင် အလိုအလျောက် လှည့်နိုင်သည့် စတူဒီယိုနည်းပညာပါဝင်သော စပီကာ ၄ လုံးပါဝင်သည့်အတွက် ပိုမို ကောင်းမွန်ကျယ်လောင်သော အသံအရည်အသွေးကို ခံစားနိုင်မည်ဖြစ်သည်။ Tab S5e တွင် Dolby Atmos နည်းပညာနှင့် AKG မှ အသံနည်းပညာများလည်း ပေါင်းစပ် ထည့်သွင်းထားသည်။

Tab S5e ကို မြန်မာနိုင်ငံတွင် အနက်ရောင်၊ ရွှေရောင်အစရှိသဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၇၇၉.၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Tab S5e နှင့်အတူ Samsung Myanmar မှ ဈေးနှုန်းသက်သာသည့် Tablets များဖြစ်သော Tab A 10.1 နှင့် Pen ပါဝင်လာသည့် Tab A 8 တို့ကိုလည်း မိတ်ဆက်လိုက်သည်။

Galaxy Tab A 10.1 ကို ပိုမိုသက်သာသည့် ဈေးနှုန်းဖြစ်သည့် ၄၉၉,၀၀၀ ကျပ်နှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အနက်ရောင်နှင့် ရွှေရောင် အစရှိသဖြင့် ၂ ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါတက်ဘလက်သည် မျက်နှာပြင်အရွယ်အစားအနေဖြင့် 10.1 လက်မရှိပြီး 1920 x 1200 (WUXGA) TFT LCD display နှင့် သတ္တုကိုယ်ထည်တို့နှင့် ပြုလုပ်ထားသည်။ Galaxy Tab A 10.1 တွင် Exynos 7904A ပါဝင်ပြီး 3GB RAM နှင့် မှတ်ဉာဏ်သိုလှောင်မှု 32GB နှင့်ရရှိနိုင်မည်ဖြစ်သည်။ ဘက်ထရီအရွယ်အစားအနေဖြင့် ပိုမိုကြီးမားသော 6,150 mAh အား ထည့်သွင်းထားသည်။ အခြားအဓိက လုပ်ဆောင်ချက်များအနေနှင့် 8MP ရှိ အနောက်ဘက် ကင်မရာ၊ 5MP ရှိ အရှေ့ဘက် ကင်မရာ နှင့် Dolby Atmos ပါဝင်သော စပီကာ နှစ်ခုထည့်သွင်းထားသည်။

Pen ပါဝင်လာသော Galaxy Tab A 8 တွင် 1920×1200 မျက်နှာပြင်အရည်အသွေးနှင့် 8 လက်မရှိ မျက်နှာပြင် ပါဝင်လာသည်။ တရားဝင်စာရင်းများအရ Galaxy Tab A 8 သည် ကျောင်းသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မရှိမဖြစ်လိုအပ်သော စွမ်းဆောင်ရည်များ ထည့်သွင်းထားသည်။အဆိုပါ တက်ဘလက်အား Samsung ၏ Lassen O+ (E7904) 1.8GHz နှင့် ပြုလုပ်ထားပြီး Chipset နှင့်အတူ 3GB RAM နှင့် ဖုန်းတွင်မှတ်ဉာဏ်သိုလှောင်မှု 32GB ထည့်သွင်းထားသည်။ microSD card အသုံးပြု၍လည်း 512GB ထိတိုးမြှင့်နိုင်သည်။ Galaxy Tab A 8 အား မြန်မာနိုင်ငံတွင် ဈေးနှုန်း ၄၃၉,၀၀၀ ကျပ်နှင့် ရောင်းချမည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်နှင့် မီးခိုး ရောင်နှစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါထုတ်ကုန်သစ်များမိတ်ဆက်မှုနှင့်အတူ Tab S5e ဝယ်ယူသုံးစွဲသူများအနေဖြင့် Samsung အမှတ်တံဆိပ်မူရင်းကာဗာ (အရေအတွက် ၄၀၀) နှင့် Tab A 10.1 ဝယ်ယူသုံးစွဲသူများအား Samsung အမှတ်တံဆိပ် မူရင်းကာဗာ (အရေအတွက် ၅၀၀) တို့အား Samsung Myanmar မှ လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

Samsung Myanmar မှ Mytel နှင့်ပူးပေါင်း၍ သုံးစွဲသူများအား အထူးခံစားခွင့်အနေဖြင့် Tab S5e နှင့် Tab A 10.1 ဝယ်ယူသူများအနေဖြင့် ၆ လဆက်တိုက် ဒေတာခံစားခွင့် 3GB နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၃၀၀ အား ခံစားခွင့်ရရှိမည်ဖြစ်သည်။ Spen နှင့်အတူ Tab A8 ဝယ်ယူသများ အနေဖြင့် ဒေတာခံစားခွင့် 2GB နှင့်အတူ Mytel ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၂၀၀ အား ၆ လဆက်တိုက်ရရှိမည်ဖြစ်သည်။

ဒါ့အပြင် တက်ဘလက် ဝယ်ယူသုံးစွဲသူများအနေဖြင့် ဖုန်းရှေ့မျက်နှာပြင်ပျက်စီးမှုအား ၄၀% အခကြေးငွေမယူဘဲ ပြန်လည်ပြုပြင်ပေးမည့် No Worrry Crack ဝန်ဆောင်မှုအား စတင်ဝယ်ယူသည့်နေ့မှစတင်၍ ၃ လအတွင်း (၂၀၁၉ ခုနှစ်ကုန်အထိ) ခံစားခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Customer ဝန်ဆောင်မှုစင်တာများတွင်သာ ရရှိနိုင်မည်ဖြစ်သည်။