Samsung ဟာ လာမယ့်ဇန်နဝါရီလ အစောပိုင်းမှာ Galaxy S21 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 Series ဖုန်းတွေဟာ Qualcomm Snapdragon 888 Chipset အပြင် ကိုယ်ပိုင် Exynos 2100 Chipset ကိုပါ အသုံးပြုလာမှာပါ။

Qualcomm အနေနဲ့ကတော့ 5nm Architecture ကို အခြေခံထားတဲ့ Flagship Chipset ဖြစ်တဲ့ Snapdragon 888 ကို တရားဝင်မိတ်ဆက်ထားပြီးပြီဖြစ်ပေမယ့် Samsung အနေနဲ့ကတော့ Exynos 2100 Chipset ကို တရားဝင်ကြေညာရခြင်းမရှိသေးပါဘူး။ အခုနောက်ဆုံး Samsung ကနေ ထုတ်ပေးလိုက်တဲ့ “Thank you” နာမည်နဲ့ Animated Trailer Video တစ်ခုကနေ မိတ်ဆက်မယ့်အချိန်ကို ခန့်မှန်းနိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ Video Description မှာ “Please stay tuned until December 15th” လို့ ရေးသားထားတာဖြစ်ပြီး Exynos 2100 Chipset ကို အဆိုပါ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာဖွယ်ရှိပါတယ်။ Exynos 2100 Chipset ဟာ လက်ရှိသိထားတဲ့သတင်းတွေအရတော့ 5nm Architecture ကိုပဲ အခြေခံထားပြီး 2.91GHz Prime Core ၊ 2.81GHz High Performance Core ၃ လုံးနဲ့ 2.21GHz Efficiency Core ၄ လုံးပါဝင်တဲ့ 1+3+4 Arrangement ကို အသုံးပြုထားတာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ အစောပိုင်းပေါက်ကြားထားတဲ့သတင်းတွေအရ Exynos 2100 Chipset ဟာ Snapdragon 888 ထက်တောင် ပိုကောင်းနေတဲ့အတွက် ဒီနှစ်မှာတော့ Exynos Version ဖြစ်နေလို့ စွမ်းဆောင်ရည်ကွာခြားတာမျိုး မရှိလောက်ဘူးလို့ ယူဆရပါတယ်။ ယခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ Exynos 990 Chipset ဟာ Snapdragon 865 Chipset ထက် သိသိသာသာပိုအားနည်းနေတဲ့အတွက် ဝေဖန်မှုတွေခံရတာကို Samsung အနေနဲ့ ပြန်လည်ပြင်ဆင်သွားမယ့်ပုံစံပါပဲ။

Ref – Gizmo China