[Zawgyi]

Samsung Developer Conference (SDC) ဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ စတင္က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာပဲ Samsung Mobile ဟာသူတို႔ရဲ႕ Facebook စာမ်က္ႏွာမွာ Foldable ဖုန္းကို ရည္ၫႊန္းတဲ့ Profile image အသစ္ကို ေျပာင္းလဲ တပ္ဆင္လိုက္ပါတယ္။ ဒါေၾကာင့္ လာမယ့္ SDC မွာ Foldable ဖုန္းအေၾကာင္း တစ္ခုခုေတာ့ သိရေတာ့မယ္လို႔ ခန႔္မွန္းရပါတယ္။

လက္ရွိအခ်ိန္အထိ Samsung Galaxy F နဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြပဲ ရွိေနပါေသးတယ္။ ဒီေကာလာဟလေတြထဲမွာ အေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းတာက မ်က္ႏွာျပင္ ႏွစ္ခုပါဝင္မယ္ဆိုတာပါ။ အတြင္းပိုင္း မ်က္ႏွာျပင္ဟာ 7.3-inch (diagonal) နဲ႔ အျပင္ဘက္မ်က္ႏွာျပင္ကေတာ့ 4.6-inch လို႔ ၾကားသိရပါတယ္။ ေခါက္ဖုန္းလိုမ်ိဳး ျဖစ္ႏိုင္ေျခရွိပါတယ္။ ေခါက္ၿပီးပိတ္ထားတဲ့အခ်ိန္မွာ အတြင္းပိုင္းမ်က္ႏွာျပင္ဟာ ကာကြယ္ၿပီးသား ျဖစ္ပါလိမ့္မယ္။ ပိုၿပီးေသးငယ္တဲ့ အျပင္ဘက္ မ်က္ႏွာျပင္ကေတာ့ ေခါက္သိမ္းထားလည္း အျပင္ဘက္မွာပဲ က်န္ရွိေနဦးမွာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ Foldable ဖုန္းကို လာမယ့္ႏွစ္အေစာပိုင္းမွာ လူသိထင္ရွား ထုတ္ေဖာ္ေၾကညာမယ္လို႔ ယူဆရပါတယ္။ အထူသျဖင့္ CES မွာ ျဖစ္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ သတင္းမွာေဖာ္ျပခဲ့တဲ့အတိုင္း Google နဲ႔ ပူးတြဲ ဖန္တီးထားတဲ့ Android UI ကိုပဲ အသုံးျပဳသြားဖြယ္ရွိပါတယ္။ M-F900F နဲ႔ SM-F900N အျဖစ္ ႏွစ္မ်ိဳး ထုတ္လုပ္သြားမွာျဖစ္ၿပီး ကမာၻ႔ေဈးကြက္အႏွံ႔အျပား ျဖန႔္ခ်ိသြားဖြယ္လည္း ရွိပါတယ္။ ဒါေပမယ့္ ဒီ Galaxy F ရဲ႕ ေဈးႏႈန္းကေတာ့ $2,000 ဝန္းက်င္ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Ref: gsmarena

 

[Unicode]

Samsung Developer Conference (SDC) ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ Samsung Mobile ဟာသူတို့ရဲ့ Facebook စာမျက်နှာမှာ Foldable ဖုန်းကို ရည်ညွှန်းတဲ့ Profile image အသစ်ကို ပြောင်းလဲ တပ်ဆင်လိုက်ပါတယ်။ ဒါကြောင့် လာမယ့် SDC မှာ Foldable ဖုန်းအကြောင်း တစ်ခုခုတော့ သိရတော့မယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအချိန်အထိ Samsung Galaxy F နဲ့ ပတ်သက်ပြီး ကောလာဟလတွေပဲ ရှိနေပါသေးတယ်။ ဒီကောလာဟလတွေထဲမှာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းတာက မျက်နှာပြင် နှစ်ခုပါဝင်မယ်ဆိုတာပါ။ အတွင်းပိုင်း မျက်နှာပြင်ဟာ 7.3-inch (diagonal) နဲ့ အပြင်ဘက်မျက်နှာပြင်ကတော့ 4.6-inch လို့ ကြားသိရပါတယ်။ ခေါက်ဖုန်းလိုမျိုး ဖြစ်နိုင်ခြေရှိပါတယ်။ ခေါက်ပြီးပိတ်ထားတဲ့အချိန်မှာ အတွင်းပိုင်းမျက်နှာပြင်ဟာ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ ပိုပြီးသေးငယ်တဲ့ အပြင်ဘက် မျက်နှာပြင်ကတော့ ခေါက်သိမ်းထားလည်း အပြင်ဘက်မှာပဲ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Foldable ဖုန်းကို လာမယ့်နှစ်အစောပိုင်းမှာ လူသိထင်ရှား ထုတ်ဖော်ကြေညာမယ်လို့ ယူဆရပါတယ်။ အထူသဖြင့် CES မှာ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ သတင်းမှာဖော်ပြခဲ့တဲ့အတိုင်း Google နဲ့ ပူးတွဲ ဖန်တီးထားတဲ့ Android UI ကိုပဲ အသုံးပြုသွားဖွယ်ရှိပါတယ်။ M-F900F နဲ့ SM-F900N အဖြစ် နှစ်မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အနှံ့အပြား ဖြန့်ချိသွားဖွယ်လည်း ရှိပါတယ်။ ဒါပေမယ့် ဒီ Galaxy F ရဲ့ ဈေးနှုန်းကတော့ $2,000 ဝန်းကျင်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: gsmarena