Zawgyi

ၾသဂုတ္လ ၇ ရက္ေန႔မွာ Samsung Galaxy Note 10 ကိုမိတ္ဆက္လာမွာျဖစ္ၿပီး ပရိသတ္ေတြကလည္း အားခဲေစာင့္ေမွ်ာ္ေနၾကပါၿပီ။ ဒါေပမယ့္ Samsung ဟာ သူတုိ႔ Flagship အသစ္ရဲ႕ေရွ႕မွာ မိတ္ဆက္လာစရာ ဂတ္ဂ်က္ေတြ ရွိေနေသးပုံပါပဲ။

ေတာင္ကိုရီးယားအေျခစိုက္ နည္းပညာကုမၸဏီဟာ ယေန႔မွာ ထုတ္ကုန္အသစ္ႏွစ္ခုပါဝင္တဲ့ ဗီဒီယို တစ္ခုကို Tease လုပ္လာခဲ့ၿပီး တစ္ခုက ဇူလိုင္လကုန္နဲ႔ ေနာက္တစ္ခုက ၾသဂုတ္လ ၅ ရက္ေန႔တို႔မွာ အသီးသီး မိတ္ဆက္လာမွာျဖစ္ပါတယ္။

သူတုိ႔ရဲ႕ဝက္ဆုိက္မွာ တင္ထားတဲ့ ဗီဒီယိုထဲမွာေတာ့ မတူညီတဲ့ပစၥည္းအခ်ဳိ႕ကို ေဖာ္ျပခဲ့ပါတယ္။ အရင္ဆုံး ကင္မရာက Tablet တစ္ခုလို႔ ယူဆရတဲ့ ပစၥည္းတစ္ခုကို လွည့္ပတ္ျပသခဲ့ပါတယ္။ Samsung ဟာ Galaxy Tab S6 ကို အခ်ိန္တုိအတြင္း မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ေနၾကတာမုိ႔ ဒီဟာပဲလို႔ သတ္မွတ္ရမွာပါ။ ပါးလႊာတဲ့ သတၳဳကိုယ္ထည္အျပင္ Samsung S Pen Stylus ကိုပါ ေတြ႕ရပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက S Pen ကို တက္ဘလက္ရဲ႕ေဘးဘက္မွာ ကပ္ထားတာပါ။ ဒါ့ေၾကာင့္ အျပင္ပန္းမွာ သံလိုက္အားျဖင့္ ခ်ိတ္ကပ္ထားႏုိင္တာလို႔ ယူဆရဖြယ္ရွိတယ္။ ၿပီးတဲ့ေနာက္မွာ ကီးဘုတ္တစ္ခုကိုလည္း ရုိက္ျပေသးတာမုိ႔ Samsung ဟာ Galaxy Tab S6 နဲ႔အတူ Add-on ကမ္းလွမ္းလာမယ့္ ကီးဘုတ္အသစ္လို႔ ယူဆရတယ္။

ဒုတိယထုတ္ကုန္ကေတာ့ လက္ပတ္နာရီဆုိတာ သိသာၿပီး Samsung Galaxy Watch Active 2 လို႔ ထင္ရပါတယ္။ ပုံထဲမွာ ခလုတ္အနည္းငယ္နဲ႔ လည္သာႀကိဳးလို႔ ထင္ရတာကလြဲရင္ေတာ့ ႏွလုံးခုန္ႏႈန္းဖတ္စက္နဲ႔ USB-C Port တုိ႔ကိုသာ ေတြ႕ရမွာပါ။

Samsung ဟာ ဒီဂတ္ဂ်က္ႏွစ္ခုကို Galaxy ဝက္ဆုိက္မွာ ဇူလုိင္ ၃၁ ရက္နဲ႔ ၾသဂုတ္ ၅ ရက္မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္တဲ့ Specs ေတြနဲ႔ ေစ်းႏႈန္းစတာေတြကို ျမင္ရဖို႔ မၾကာေတာ့ပါဘူး။

Ref – Android Authority

Unicode

သြဂုတ်လ ၇ ရက်နေ့မှာ Samsung Galaxy Note 10 ကိုမိတ်ဆက်လာမှာဖြစ်ပြီး ပရိသတ်တွေကလည်း အားခဲစောင့်မျှော်နေကြပါပြီ။ ဒါပေမယ့် Samsung ဟာ သူတို့ Flagship အသစ်ရဲ့ရှေ့မှာ မိတ်ဆက်လာစရာ ဂတ်ဂျက်တွေ ရှိနေသေးပုံပါပဲ။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီဟာ ယနေ့မှာ ထုတ်ကုန်အသစ်နှစ်ခုပါဝင်တဲ့ ဗီဒီယို တစ်ခုကို Tease လုပ်လာခဲ့ပြီး တစ်ခုက ဇူလိုင်လကုန်နဲ့ နောက်တစ်ခုက သြဂုတ်လ ၅ ရက်နေ့တို့မှာ အသီးသီး ဈေးကွက်ထဲ မိတ်ဆက်လာမှာဖြစ်ပါတယ်။

သူတို့ရဲ့ဝက်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ မတူညီတဲ့ပစ္စည်းအချို့ကို ဖော်ပြခဲ့ပါတယ်။ အရင်ဆုံး ကင်မရာက Tablet တစ်ခုလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုကို လှည့်ပတ်ပြသခဲ့ပြီး Samsung ဟာ Galaxy Tab S6 ကို အချိန်တိုအတွင်း မိတ်ဆက်လာမယ်လို့ မျှော်လင့်နေကြတာမို့ ဒီဟာပဲလို့ သတ်မှတ်ရမှာပါ။ ပါးလွှာတဲ့ သတ္ထုကိုယ်ထည်အပြင် Samsung S Pen Stylus ကိုပါ တွေ့ရပါတယ်။

စိတ်ဝင်စားစရာကောင်းတာက S Pen ကို တက်ဘလက်ရဲ့ဘေးဘက်မှာ ကပ်ထားတာပါ။ ဒါ့ကြောင့် အပြင်ပန်းမှာ သံလိုက်အားဖြင့် ချိတ်ကပ်ထားနိုင်တာလို့ ယူဆရဖွယ်ရှိတယ်။ ပြီးတဲ့နောက်မှာ ကီးဘုတ်တစ်ခုကိုလည်း ရိုက်ပြသေးတာမို့ Samsung ဟာ Galaxy Tab S6 နဲ့အတူ Add-on ကမ်းလှမ်းလာမယ့် ကီးဘုတ်အသစ်လို့ ယူဆရတယ်။

ဒုတိယထုတ်ကုန်ကတော့ လက်ပတ်နာရီဆိုတာ သိသာပြီး Samsung Galaxy Watch Active 2 လို့ ထင်ရပါတယ်။ ပုံထဲမှာ ခလုတ်အနည်းငယ်နဲ့ လည်သာကြိုးလို့ ထင်ရတာကလွဲရင်တော့ နှလုံးခုန်နှုန်းဖတ်စက်နဲ့ USB-C Port တို့ကိုသာ တွေ့ရမှာပါ။

Samsung ဟာ ဒီဂတ်ဂျက်နှစ်ခုကို Galaxy ဝက်ဆိုက်မှာ Galaxy Tab S6 ကို ဇူလိုင် ၃၁ ရက်နဲ့ Galaxy Watch အသစ်အား သြဂုတ် ၅ ရက် အသီးသီးမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ Specs တွေနဲ့ ဈေးနှုန်းစတာတွေကို မြင်ရဖို့ မကြာတော့ပါဘူး။

Ref – Android Authority