[Zawgyi]

Samsung Galaxy Fold ဟာ နာမည္ႀကီးအမွတ္တံဆိပ္ေတြထဲမွာဆိုရင္ေတာ့ ပထမဆုံး စီးပြားျဖစ္ေရာင္းခ်ႏိုင္တဲ့ Foldable ဖုန္းလို႔ ဆိုရရမွာပါ။ ဥေရာပေဈးကြက္အတြက္ ဧၿပီလ ၂၆ ရက္ေန႔မွာ Pro-order စတင္မွာျဖစ္ၿပီး ေမလ ၃ ရက္ေန႔မွာေတာ့ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Galaxy Fold ရဲ႕ သတ္မွတ္ေဈးႏႈန္းက ယူ႐ို ၂၀၀၀ ျဖစ္တဲ့အတြက္ ျမန္မာေငြ ၃၅ သိန္းနီးပါးေလာက္ တန္ဖိုးရွိတဲ့ ဒီဖုန္းဟာ ေပးရတဲ့ ေဈးႏႈန္းနဲ႔တန္ရဲ႕လားလို႔ ေမးခြန္းထုတ္စရာ ရွိလာပါေတာ့တယ္။ Samsung ကေတာ့ Galaxy Fold ရဲ႕ အဖြင့္အပိတ္လုပ္တဲ့ အႀကိမ္ေရကို ၂ သိန္းအထိ အာမခံေပးထားပါတယ္။ ဒီပမာဏက တစ္ႏွစ္အတြင္း တစ္ရက္ကို အႀကိမ္ေရ ၅၄၀ ေလာက္ အဖြင့္အပိတ္လုပ္ႏိုင္တယ္လို႔ ဆိုလိုက္သလိုပါပဲ။ တစ္ရက္ကို အႀကိမ္ေရ ၁၀၀ အဖြင့္အပိတ္လုပ္ရင္ ၅ ႏွစ္ေလာက္ခံမယ္ဆိုတဲ့ သေဘာေပါ့။

အမ်ားစုက ေဝဖန္ေနၾကတဲ့ Galaxy Fold ရဲ႕ အားနည္းခ်က္လို႔ ယူဆရတဲ့အရာက အဖြင့္အပိတ္လုပ္တဲ့အခါ ပတၱာရဲ႕ ခံႏိုင္ရည္အျပင္ ေခါက္႐ိုးေၾကာင္းတည့္တည့္နဲ႔ ပတ္ဝန္းက်င္ေနရာက မ်က္ႏွာျပင္ရဲ႕ ႀကံ့ခိုင္မႈပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေခါက္႐ိုးေၾကာင္းေနရာက အဖြင့္အပိတ္လုပ္တိုင္း ထိခိုက္မႈ ခံေနရတာေၾကာင့္ပါ။ လက္ေတြ႕မွာလည္း ေခါက္႐ိုးေၾကာင္းေနရာက အစင္းေၾကာင္းလို ေခါက္ရာကို ျမင္ေနရတာေတာ့ အမွန္ပါ။

Galaxy Fold ရဲ႕ မ်က္ႏွာျပင္တစ္ခုလုံးဟာ အတြင္းဘက္ကို ေခါက္သိမ္းတဲ့အတြက္ ျပင္ပ ပေယာဂေၾကာင့္ မေတာ္တဆထိခိုက္မႈကို ကာကြယ္ၿပီးသားလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ Samsung ကေတာ့ စက္႐ုံမွာ အၾကမ္းခံႏိုင္မႈကို စက္ေတြနဲ႔ စမ္းသပ္ၿပီးျဖစ္လို႔ အာမခံေၾကာင္း ႂကြားတဲ့အေနနဲ႔ အဖြင့္အပိတ္ စမ္းသပ္ေနတဲ့ ဗြီဒီယိုဖိုင္ကို လႊင့္တင္ခဲ့ပါတယ္။

Ref: GSMArena

[Unicode]

Galaxy Fold ဟာ အကြိမ်ရေ ၂ သိန်းထိ အဖွင့်အပိတ်လုပ်နိုင်ကြောင်း စမ်းသပ်ထားတယ်လို့ Samsung အာမခံ

Samsung Galaxy Fold ဟာ နာမည်ကြီးအမှတ်တံဆိပ်တွေထဲမှာဆိုရင်တော့ ပထမဆုံး စီးပွားဖြစ်ရောင်းချနိုင်တဲ့ Foldable ဖုန်းလို့ ဆိုရရမှာပါ။ ဥရောပဈေးကွက်အတွက် ဧပြီလ ၂၆ ရက်နေ့မှာ Pro-order စတင်မှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာတော့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy Fold ရဲ့ သတ်မှတ်ဈေးနှုန်းက ယူရို ၂၀၀၀ ဖြစ်တဲ့အတွက် မြန်မာငွေ ၃၅ သိန်းနီးပါးလောက် တန်ဖိုးရှိတဲ့ ဒီဖုန်းဟာ ပေးရတဲ့ ဈေးနှုန်းနဲ့တန်ရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိလာပါတော့တယ်။ Samsung ကတော့ Galaxy Fold ရဲ့ အဖွင့်အပိတ်လုပ်တဲ့ အကြိမ်ရေကို ၂ သိန်းအထိ အာမခံပေးထားပါတယ်။ ဒီပမာဏက တစ်နှစ်အတွင်း တစ်ရက်ကို အကြိမ်ရေ ၅၄၀ လောက် အဖွင့်အပိတ်လုပ်နိုင်တယ်လို့ ဆိုလိုက်သလိုပါပဲ။ တစ်ရက်ကို အကြိမ်ရေ ၁၀၀ အဖွင့်အပိတ်လုပ်ရင် ၅ နှစ်လောက်ခံမယ်ဆိုတဲ့ သဘောပေါ့။

အများစုက ဝေဖန်နေကြတဲ့ Galaxy Fold ရဲ့ အားနည်းချက်လို့ ယူဆရတဲ့အရာက အဖွင့်အပိတ်လုပ်တဲ့အခါ ပတ္တာရဲ့ ခံနိုင်ရည်အပြင် ခေါက်ရိုးကြောင်းတည့်တည့်နဲ့ ပတ်ဝန်းကျင်နေရာက မျက်နှာပြင်ရဲ့ ကြံ့ခိုင်မှုပါ။ ဘာကြောင့်လဲဆိုတော့ ခေါက်ရိုးကြောင်းနေရာက အဖွင့်အပိတ်လုပ်တိုင်း ထိခိုက်မှု ခံနေရတာကြောင့်ပါ။ လက်တွေ့မှာလည်း ခေါက်ရိုးကြောင်းနေရာက အစင်းကြောင်းလို ခေါက်ရာကို မြင်နေရတာတော့ အမှန်ပါ။

Galaxy Fold ရဲ့ မျက်နှာပြင်တစ်ခုလုံးဟာ အတွင်းဘက်ကို ခေါက်သိမ်းတဲ့အတွက် ပြင်ပ ပယောဂကြောင့် မတော်တဆထိခိုက်မှုကို ကာကွယ်ပြီးသားလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Samsung ကတော့ စက်ရုံမှာ အကြမ်းခံနိုင်မှုကို စက်တွေနဲ့ စမ်းသပ်ပြီးဖြစ်လို့ အာမခံကြောင်း ကြွားတဲ့အနေနဲ့ အဖွင့်အပိတ် စမ်းသပ်နေတဲ့ ဗွီဒီယိုဖိုင်ကို လွှင့်တင်ခဲ့ပါတယ်။

Ref: GSMArena