[Zawgyi]

ကိုရီးယား မီဒီယာ ET News က Samsung ဟာ လာမယ့္ႏွစ္မွာ Foldable ဖုန္း ထုတ္လုပ္မႈကို အရွိန္ျမွင့္တင္ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။ လက္ရွိမွာ ကုမၸဏီဟာ Galaxy Fold အလံုးေရ ၅၀၀,၀၀၀ ေရာင္းခ်ၿပီးၿပီလို႔ သိရပါတယ္။ လာမယ့္ႏွစ္မွာေတာ့ အလံုးေရ ၅ သန္းကေန ၆ သန္းအထိ ထုတ္လုပ္ေရာင္းခ်ႏုိင္မယ္လို႔ Samsung က ေမွ်ာ္လင့္ထားတာပါ။ Samsung Display က ထုတ္လုပ္မႈ ျမွင့္တင္ႏုိင္မယ့္ နည္းလမ္းေတြကို ရွာေဖြေနပါတယ္။

Samsung က ကမာၻအ၀န္းမွာ Galaxy Fold ကို အသုတ္ေပါင္း ၁၀,၀၀၀ ခြဲၿပီး ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ ဒီလို ေရာင္းခ်ႏုိင္ဖို႔အတြက္ ကုမၸဏီဟာ ဗီယက္နမ္ အေျခစိုက္ စက္ရုံေတြမွာ ပိုၿပီး ရင္းႏွီးျမွပ္ႏွံမႈေတြ ျပဳလုပ္ရမွာျဖစ္ပါတယ္။

ေစ်းကြက္ကြ်မ္းက်င္သူေတြက လာမယ့္ႏွစ္မွာ ေရာင္းခ်ရမယ့္ Foldable ဖုန္း အမ်ားစုဟာ Samsung ထံကေန ျဖစ္မယ္လို႔ တြက္ခ်က္ထားပါတယ္။ DSCC က ၀ယ္လိုအား ၄ သန္းကေန ၅ သန္းအၾကားရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ HIS Markit ကေတာ့ ၃ သန္းေလာက္ရွိမယ္လို႔ ေျပာပါတယ္။ Samsung ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ ၅ သန္းနဲ႔ ၆ သန္းအၾကား ေရာင္းခ်ႏုိင္ဖို႔ေတာ့ သိပ္မလြယ္ကူႏုိင္ပါဘူး။

Samsung က Foldable ဖုန္း ေမာ္ဒယ္ အသစ္ေတြကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ တစ္လံုးက ေဒါင္လိုက္ ေခါက္ခ်ိဳး ဖုန္း ျဖစ္ၿပီး ေနာက္တစ္လံုးက အျပင္ဘက္ကို ေခါက္ခ်ိဳးရတဲ့ ဖုန္း ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ေဒၚလာ ၁,၅၀၀ (၂၃ သိန္း) ေလာက္ပဲရွိမယ့္ တန္ဖိုးသက္သာတဲ့ Foldable ဖုန္း ကိုလည္း ကုမၸဏီက ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာဆိုေနၾကပါတယ္။

Ref : gsmarena

[Unicode]

Samsung က လာမယ့္ႏွစ္မွာ Foldable ဖုန္း ၅သန္းေက်ာ္ေရာင္းခ်ႏိုင္မယ္လို႔ ခန႔္မွန္း

ကိုရီးယား မီဒီယာ ET News က Samsung ဟာ လာမယ့်နှစ်မှာ Foldable ဖုန်း ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကုမ္ပဏီဟာ Galaxy Fold အလုံးရေ ၅၀၀,၀၀၀ ရောင်းချပြီးပြီလို့ သိရပါတယ်။ လာမယ့်နှစ်မှာတော့ အလုံးရေ ၅ သန်းကနေ ၆ သန်းအထိ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ Samsung က မျှော်လင့်ထားတာပါ။ Samsung Display က ထုတ်လုပ်မှု မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။

Samsung က ကမ္ဘာအဝန်းမှာ Galaxy Fold ကို အသုတ်ပေါင်း ၁၀,၀၀၀ ခွဲပြီး ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဒီလို ရောင်းချနိုင်ဖို့အတွက် ကုမ္ပဏီဟာ ဗီယက်နမ် အခြေစိုက် စက်ရုံတွေမှာ ပိုပြီး ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဈေးကွက်ကျွမ်းကျင်သူတွေက လာမယ့်နှစ်မှာ ရောင်းချရမယ့် Foldable ဖုန်းတွေထဲက အများစုဟာ Samsung ထံကနေ ဖြစ်မယ်လို့ တွက်ချက်ထားပါတယ်။ DSCC က ဝယ်လိုအား ၄ သန်းကနေ ၅ သန်းအကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။ HIS Markit ကတော့ ၃ သန်းလောက်ရှိမယ်လို့ ပြောပါတယ်။ Samsung ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၅ သန်းနဲ့ ၆ သန်းအကြား ရောင်းချနိုင်ဖို့တော့ သိပ်မလွယ်ကူနိုင်ပါဘူး။

Samsung က Foldable ဖုန်း မော်ဒယ် အသစ်တွေကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းတွေထွက်နေပါတယ်။ တစ်လုံးက ဒေါင်လိုက် ခေါက်ချိုး ဖုန်း ဖြစ်ပြီး နောက်တစ်လုံးက အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒေါ်လာ ၁,၅၀၀ (၂၃ သိန်း) လောက်ပဲရှိမယ့် တန်ဖိုးသက်သာတဲ့ Foldable ဖုန်းကိုလည်း ကုမ္ပဏီက ထုတ်လုပ်ရောင်းချမယ်လို့ ပြောဆိုနေကြပါတယ်။

Ref : gsmarena