[Zawgyi]

ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီး Samsung ဟာ အစၥေရးအေျခစိုက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Corephotonics ဆီကေန ေဒၚလာ သန္း၁၅၀ တန္ နည္းပညာတစ္ခုကို ဝယ္ယူဖို႔ သေဘာတူညီမႈရခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

ဒီကုမၸဏီဟာ OPPO ရဲ႕ 5X lossless zoom periscope camera module ကို အေကာင္အထည္ေပၚလာေအာင္ ေဆာင္႐ြက္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ OPPO နဲ႔ Corephotonics တို႔ရဲ႕ ကုမၸဏီႏွစ္ခုၾကား ပူးေပါင္းေဆာင္႐ြက္မႈဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက ျဖစ္ပါတယ္။ သိပ္မၾကာခင္က ေၾကညာခဲ့တဲ့ OPPO ရဲ႕ 10X zoom ကလည္း Corephotonics နဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ခဲ့တာလို႔ ယူဆရပါတယ္။

ဒါေပမယ့္ အခုလို Samsung ရဲ႕ သေဘာတူညီမႈေၾကာင့္ OPPO နဲ႔ Corephotonics တို႔ရဲ႕ ပူးေပါင္းမႈ အဆုံးသတ္သြားၿပီလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Samsung ရဲ႕ Corephotonics နဲ႔သေဘာတူညီခ်က္ကလည္း Telephoto camera module အတြက္ျဖစ္ေနလို႔ပါပဲ။

Corephotonics ရဲ႕ ေနာက္ဆုံးထုတ္ကုန္ဟာ Triple-camera setup ကိုမွ 25X Zoom ရရွိေစတာ ျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကေတာ့ လတ္တေလာမွာ ထုတ္ျပန္ေၾကညာျခင္း မရွိေသးဘဲ လ်ိဳ႕ဝွက္ထားပါေသးတယ္။ ဒါေပမယ့္ Samsung ဟာ 25x telephoto camera module ကို ရရွိသြားၿပီလို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

25X Telephoto Camera Module နည်းပညာ ရရှိသွားဖွယ်ရှိတဲ့ Samsung

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Samsung ဟာ အစ္စရေးအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Corephotonics ဆီကနေ ဒေါ်လာ သန်း၁၅၀ တန် နည်းပညာတစ်ခုကို ဝယ်ယူဖို့ သဘောတူညီမှုရခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဒီကုမ္ပဏီဟာ OPPO ရဲ့ 5X lossless zoom periscope camera module ကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ OPPO နဲ့ Corephotonics တို့ရဲ့ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ သိပ်မကြာခင်က ကြေညာခဲ့တဲ့ OPPO ရဲ့ 10X zoom ကလည်း Corephotonics နဲ့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့တာလို့ ယူဆရပါတယ်။

ဒါပေမယ့် အခုလို Samsung ရဲ့ သဘောတူညီမှုကြောင့် OPPO နဲ့ Corephotonics တို့ရဲ့ ပူးပေါင်းမှု အဆုံးသတ်သွားပြီလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ Samsung ရဲ့ Corephotonics နဲ့သဘောတူညီချက်ကလည်း Telephoto camera module အတွက်ဖြစ်နေလို့ပါပဲ။

Corephotonics ရဲ့ နောက်ဆုံးထုတ်ကုန်ဟာ Triple-camera setup ကိုမှ 25X Zoom ရရှိစေတာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ လတ်တလောမှာ ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ လျို့ဝှက်ထားပါသေးတယ်။ ဒါပေမယ့် Samsung ဟာ 25x telephoto camera module ကို ရရှိသွားပြီလို့ ယူဆရပါတယ်။

Ref: GSMArena