[Zawgyi]

Samsung ဟာ သူတို႔ရဲ႕ ဒုတိယမ်ိဳးဆက္ Galaxy Watch Active စမတ္နာရီေတြကို 40mm နဲ႔ 44mm အ႐ြယ္အစား ႏွစ္မ်ိဳး ျဖန႔္ခ်ိဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ ဒါေပမယ့္လည္း ဒီစမတ္နာရီ ႏွစ္မ်ိဳးစလုံးမွာ ေကာလာဟလသတင္းထြက္ေနခဲ့တဲ့ ECG နဲ႔ Fall Detection ေတြ ပါဝင္လာမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

ဒီ Feature ႏွစ္ခုကို ဒုတိယမ်ိဳးဆက္ Galaxy Watch Active ေတြမွာ ထည့္သြင္းဖို႔ႀကိဳးစားခဲ့ေပမယ့္ FDA အတည္ျပဳခ်က္က ေဈးကြက္တြင္းျဖန႔္ခ်ိမယ့္အခ်ိန္မီ မရရွိႏိုင္တာေၾကာင့္ ခ်န္ထားရစ္ခဲ့ရတာျဖစ္တယ္လို႔လည္း သတင္းထြက္ေပၚခဲ့ပါတယ္။ဒါေၾကာင့္ Electrocardiography app နဲ႔ Galaxy Watch ဟာ ၂၀၂၀ မွာမွ ထြက္ေပၚလာမယ္ဆိုတဲ့ အဓိပၸါယ္ရပါတယ္။

ေနာက္ဆုံးသတင္းအရ Samsung ဟာ Galaxy Watch Active 2 ဗားရွင္းသုံးမ်ိဳးကို မိတ္ဆက္လာမယ္လို႔ သိရပါတယ္။ တစ္မ်ိဳးက LTE နဲ႔ျဖစ္ၿပီး အျခားတစ္မ်ိဳးကေတာ့ Wi-Fi နဲ႔ Bluetooth ခ်ိတ္ဆက္မႈပဲ ပါဝင္မွာျဖစ္ပါတယ္။ တတိယတစ္မ်ိဳးကေတာ့ Under Armour-branded မ်ိဳးကြဲျဖစ္လာလိမ့္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Fancy Sports strap နဲ႔ MapMyRun subscription ၆လစာလည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။

Samsung ရဲ႕ စမတ္နာရီသစ္ေတြဟာ Stainless steel cases ေတြနဲ႔ျဖစ္ၿပီး သားေရလက္ပတ္ႀကိဳးကေတာ့ အနည္းဆုံး အေရာင္ေလးေရာင္နဲ႔ ထြက္ေပၚလာမယ္လို႔ သိရပါတယ္။ Samsung ဟာ Galaxy Watch Active 2 ေတြကို Galaxy Note 10 မိတ္ဆက္ေပးမယ့္ရက္ျဖစ္တဲ့ ၾသဂုတ္လ ၇ ရက္ေန႔မွာ တစ္ပါတည္းမိတ္ဆက္ေပးဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

၂၀၂၀ မှပဲ ECG ပါဝင်လာတော့မယ့် Samsung ရဲ့ Galaxy Watch Active

Samsung ဟာ သူတို့ရဲ့ ဒုတိယမျိုးဆက် Galaxy Watch Active စမတ်နာရီတွေကို 40mm နဲ႔ 44mm အရွယ်အစား နှစ်မျိုး ဖြန့်ချိဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီစမတ်နာရီ နှစ်မျိုးစလုံးမှာ ကောလာဟလသတင်းထွက်နေခဲ့တဲ့ ECG နဲ့ Fall Detection တွေ ပါဝင်လာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီ Feature နှစ်ခုကို ဒုတိယမျိုးဆက် Galaxy Watch Active တွေမှာ ထည့်သွင်းဖို့ကြိုးစားခဲ့ပေမယ့် FDA အတည်ပြုချက်က ဈေးကွက်တွင်းဖြန့်ချိမယ့်အချိန်မီ မရရှိနိုင်တာကြောင့် ချန်ထားရစ်ခဲ့ရတာဖြစ်တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့် Electrocardiography app နဲ့ Galaxy Watch ဟာ ၂၀၂၀ မှာမှ ထွက်ပေါ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

နောက်ဆုံးသတင်းအရ Samsung ဟာ Galaxy Watch Active 2 ဗားရှင်းသုံးမျိုးကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။ တစ်မျိုးက LTE နဲ့ဖြစ်ပြီး အခြားတစ်မျိုးကတော့ Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုပဲ ပါဝင်မှာဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ Under Armour-branded မျိုးကွဲဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Fancy Sports strap နဲ့ MapMyRun subscription ၆လစာလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

Samsung ရဲ့ စမတ်နာရီသစ်တွေဟာ Stainless steel cases တွေနဲ့ဖြစ်ပြီး သားရေလက်ပတ်ကြိုးကတော့ အနည်းဆုံး အရောင်လေးရောင်နဲ့ ထွက်ပေါ်လာမယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy Watch Active 2 တွေကို Galaxy Note 10 မိတ်ဆက်ပေးမယ့်ရက်ဖြစ်တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ တစ်ပါတည်းမိတ်ဆက်ပေးဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

Ref: GSM Arena