Samsung ဟာ စမတ်ဖုန်းတွေအတွက် 108MP Sensor တွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ Second Generation 108MP ISOCELL HM2 Sensor ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Samsung 108MP Sensor တွေကို Samsung ရဲ့ ကိုယ်ပိုင် Flagship ဖုန်းတွေအပြင် Xiaomi စမတ်ဖုန်းတွေမှာလည်း အသုံးပြုနေတာကိုတွေ့ရပါတယ်။

အခုထပ်မံသိရတဲ့သတင်းအရတော့ Samsung ကနေ မကြာခင်မှာ နောက်ထပ် ISOCELL Camera Sensor အသစ်တွေကို အများအပြားမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ISOCELL Camera Sensor တွေထဲမှာ 200MP Size ရှိတဲ့ Camera Sensor လည်းပါဝင်လာမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Samsung အနေနဲ့ ယခုနှစ်မှာ စမတ်ဖုန်းတွေအတွက် 200MP Camera Sensor တွေကို ထုတ်လုပ်သွားဖို့က သေချာသွားပြီဖြစ်သလို South Korea Leakster တစ်ဦးရဲ့ ပြောကြားချက်အရလည်း လာမယ့်ရက်သတ္တပတ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်လယ်ပိုင်းမှာ Galaxy Note 21 Ultra ကိုမိတ်ဆက်မယ်ဆိုရင် 200MP Camera Sensor ကို စတင်ပွဲထုတ်လာဖွယ်ရှိပါတယ်။

Samsung ဟာ 600MP Size ရှိတဲ့ Camera Sensor တွေအထိ ထုတ်လုပ်သွားဖို့ စီစဥ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း 250MP ကိုမှ Sensor Size 1″ အထိရှိမယ့် Camera Sensor ကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ Sensor Size 1″ အောက်ပဲရှိမယ့် 200MP Sensor ကိုပဲ အရင်မြင်တွေ့ရဖို့များနေပါတယ်။

Ref – GSM Arena