Zawgyi

Samsung ကုမၸဏီဟာ ယခင္ထဲက Clam-shell ေခါက္ဖုန္းေတြကို ထုတ္လုပ္ရတာ ႏွစ္ျခိဳက္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း Touch-screen ႏွစ္ခုပါတဲ့ ဟန္းဆက္ေတြကိုပါ ထုတ္လုပ္ခဲ့ပါတယ္။ ကိုရီးယား အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူဟာ ႏွစ္စဥ္ႏွစ္တုိင္းလိုလို တရုတ္ျပည္တြင္းကိုလည္း Clam-shell ဖုန္းေတြ မိတ္ဆက္လာေလ့ရွိၿပီး အခုႏွစ္မွာေတာ့ Samsung W20 5G လို႔အမည္ေပးထားတဲ့ ဟန္းဆက္အား မိတ္ဆက္လာဦးမွာပါ။

Samsung W2019 ဖုန္းရဲ႕ဆက္ခံသူလုိ႔ ယူဆရတဲ့ စမတ္ဖုန္းကို တရုတ္ႏုိင္ငံတြင္းက ကုန္စည္ျပပြဲ တစ္ခုမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး သူတုိ႔ရဲ႕ပုိစတာထဲမွာေတာ့ အမည္ကိုပါ ေဖာ္ျပထားခဲ့ပါတယ္။ Samsung W စီးရီးဖုန္းေတြကို ပုံမွန္အားျဖင့္ ေဆာင္းရာသီမွာမိတ္ဆက္ေလ့ရွိၿပီး W2019 တုန္းက ၿပီးခဲ့တဲ့ႏုိဝင္ဘာလမွာ မိတ္ဆက္ခဲ့တာပါ။

W2019 ကို Snapdragon 845 ခ်စ္ပ္ဆက္နဲ႔ ထုတ္လုပ္ခဲ့တာေၾကာင့္ အခုခ်ိန္မွာ W20 5G ရဲ႕ Specs ကို မသိရေသးေပမယ့္ Snapdragon 855 သုိ႔မဟုတ္ 855 Plus နဲ႔ေတာင္ ထြက္ရွိလာႏုိင္တယ္လို႔ ယူဆရပါတယ္။ အျခားသတင္းေတြကေတာ့ ဒီဖုန္းမွာ 512GB Storage ပါလာမယ္လို႔ ထြက္ေနတာေၾကာင့္ အျမင့္စား Specs ကို ျမင္ရဖို႔ မလြဲပါဘူး။

Clam-shell ဖုန္းေတြရဲ႕ေစ်းႏႈန္းကလည္း မနိမ့္လွပါဘူး။ W2019 စမတ္ဖုန္းကို တရုတ္ယြမ္ေငြ ၈၉၉၉ (ျမန္မာေငြ ၁၉ သိန္းခြဲ) နဲ႔ေရာင္းခ်ခဲ့ၿပီး ဒါေတာင္ အေျခခံေမာ္ဒယ္ပဲရွိပါေသးတယ္။ နာမည္မွာကိုက W20 5G လို႔ပါေနတာေၾကာင့္ 5G ခ်ိတ္ဆက္ႏုိင္စြမ္းပါဝင္လာမယ္လို႔ ယူဆရတဲ့ဖုန္းအသစ္ကိုေတာ့ ယြမ္ ၉၉၉၉ (ျမန္မာေငြ ၂၁ သိန္းေက်ာ္) ခန္႔က်သင့္မယ္လို႔ ယူဆေနၾကပါတယ္။

ဒီဖုန္းေတြဟာ လူတုိင္းအတြက္ မဟုတ္ဘဲ Clam-shell စတုိင္လ္ေတြကို ႏွစ္ျခဳိက္စြာ အားေပးလာတဲ့ အမာခံပရိသတ္ေတြကို ဦးတည္တဲ့ ထုတ္ကုန္ေတြျဖစ္တဲ့အျပင္ ၾကြယ္ဝမႈကို ျပသဖို႔အတြက္လည္း အသုံးျပဳၾကမွာပါ။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ ယခင်ထဲက Clam-shell ခေါက်ဖုန်းတွေကို ထုတ်လုပ်ရတာ နှစ်ခြိုက်သူဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း Touch-screen နှစ်ခုပါတဲ့ ဟန်းဆက်တွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ ကိုရီးယား အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ နှစ်စဉ်နှစ်တိုင်းလိုလို တရုတ်ပြည်တွင်းကိုလည်း Clam-shell ဖုန်းတွေ မိတ်ဆက်လာလေ့ရှိပြီး အခုနှစ်မှာတော့ Samsung W20 5G လို့အမည်ပေးထားတဲ့ ဟန်းဆက်အား မိတ်ဆက်လာဦးမှာပါ။

Samsung W2019 ဖုန်းရဲ့ဆက်ခံသူလို့ ယူဆရတဲ့ စမတ်ဖုန်းကို တရုတ်နိုင်ငံတွင်းက ကုန်စည်ပြပွဲ တစ်ခုမှာ မိတ်ဆက်သွားမှာဖြစ်ပြီး သူတို့ရဲ့ပိုစတာထဲမှာတော့ အမည်ကိုပါ ဖော်ပြထားခဲ့ပါတယ်။ Samsung W စီးရီးဖုန်းတွေကို ပုံမှန်အားဖြင့် ဆောင်းရာသီမှာမိတ်ဆက်လေ့ရှိပြီး W2019 တုန်းက ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့တာပါ။

W2019 ကို Snapdragon 845 ချစ်ပ်ဆက်နဲ့ ထုတ်လုပ်ခဲ့တာကြောင့် အခုချိန်မှာ W20 5G ရဲ့ Specs ကို မသိရသေးပေမယ့် Snapdragon 855 သို့မဟုတ် 855 Plus နဲ့တောင် ထွက်ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ အခြားသတင်းတွေကတော့ ဒီဖုန်းမှာ 512GB Storage ပါလာမယ်လို့ ထွက်နေတာကြောင့် အမြင့်စား Specs ကို မြင်ရဖို့ မလွဲပါဘူး။

Clam-shell ဖုန်းတွေရဲ့ဈေးနှုန်းကလည်း မနိမ့်လှပါဘူး။ W2019 စမတ်ဖုန်းကို တရုတ်ယွမ်ငွေ ၈၉၉၉ (မြန်မာငွေ ၁၉ သိန်းခွဲ) နဲ့ရောင်းချခဲ့ပြီး ဒါတောင် အခြေခံမော်ဒယ်ပဲရှိပါသေးတယ်။ နာမည်မှာကိုက W20 5G လို့ပါနေတာကြောင့် 5G ချိတ်ဆက်နိုင်စွမ်းပါဝင်လာမယ်လို့ ယူဆရတဲ့ဖုန်းအသစ်ကိုတော့ ယွမ် ၉၉၉၉ (မြန်မာငွေ ၂၁ သိန်းကျော်) ခန့်ကျသင့်မယ်လို့ ယူဆနေကြပါတယ်။

ဒီဖုန်းတွေဟာ လူတိုင်းအတွက် မဟုတ်ဘဲ Clam-shell စတိုင်လ်တွေကို နှစ်ခြိုက်စွာ အားပေးလာတဲ့ အမာခံပရိသတ်တွေကို ဦးတည်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့အပြင် ကြွယ်ဝမှုကို ပြသဖို့အတွက်လည်း အသုံးပြုကြမှာပါ။

Ref – GSM Arena