လအနည်းငယ်ကြာအောင် သတင်းထွက်ထားတဲ့ Galaxy M41 ဟာ မနှစ်က ထွက်ခဲ့တဲ့ Galaxy M40 ရဲ့ ဆက်ခံသူဖြစ်ပြီး မကြာခင်မြင်ရဖို့ စောင့်မျှော်နေကြပေမယ့် ယနေ့မှာတော့ ထူးခြားတဲ့ သတင်းတစ်ခု ထွက်လာခဲ့ပါတယ်။

Samsung စမတ်ဖုန်းတွေရဲ့ OLED Display များအတွက် Samsung Display ဌာနက တာဝန်ယူလေ့ရှိပေမယ့် Galaxy M41 ဟာ Third-party OLED ထောက်ပံ့သူဆီက ဝယ်ယူထုတ်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သူတို့ဟာ TCL ရဲ့ China Star Optoelectronics နည်းပညာကုမ္ပဏီဆီက ဝယ်ယူဖို့စဉ်းစားထားခဲ့ပေမယ့် အခုတော့ ဒီအိုင်ဒီယာကို စွန့်ပယ်လိုက်ပြီး Galaxy M41 ကိုလည်း ဆက်မထုတ်တော့ဘူးလို့ သတင်းထွက်လာခဲ့တာပါ။

M41 အစား Galaxy M51 ကိုသာ အာရုံစိုက်ထုတ်လုပ်တော့မယ်လို့ တောင်ကိုရီးယား သတင်းရင်းမြစ်တွေက ဆိုပြီး M51 ဟာလည်း ထုတ်လုပ်မှုအဆင့် စတင်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လတည်းက သတင်းထွက်ထားပါတယ်။ အချက်အလက်တွေလည်း မသိရသေးပေမယ့် Galaxy A51 ကို အခြေခံထားပြီး ဒီဇိုင်းနဲ့ Hardware ပြောင်းလဲမှု အနည်းငယ်လုပ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Samsung ဟာ Galaxy M51 အတွက်လည်း တရုတ် Panel တွေကို ဝယ်ယူသုံးစွဲဖို့ စဉ်းစားခဲ့သေးပေမယ့် ကွာလတီစစ်ဆေးမှုကို မအောင်မြင်လို့ Samsung Display ကိုပဲ ဆက်အားထားသွားမှာဖြစ်ပါတယ်။ Samsung ဟာ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ဖို့ တရုတ်အခြေစိုက် Display Panel တွေ ဝယ်ယူသုံးစွဲရန် ကြံစည်ခဲ့တာပါ။

Ref – SamMobile