Samsung ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သလို Smart TV လောကမှာလည်း ဦးဆောင်နေပါတယ်။ LED TV နယ်ပယ်မှာလည်း Samsung ရဲ့ TV တွေ မနည်းလှပါဘူး။ အခုလည်း ကုမ္ပဏီက အဆင့်မြင့် နည်းပညာ ပါတဲ့ TV အသစ်ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Samsung Logo

Samsung ဟာ Mini LED Smart TV အသစ် ၁ လုံးကို ဖန်တီးနေပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ကြေညာမယ့် နေ့ အတိအကျကိုတော့ မသိသေးပါဘူး။ အရင်ကလည်း အဲဒီ TV ရဲ့  သတင်းတွေထွက်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်မှာ Mini LED TV အလုံးရေ ၂ သန်းလောက် ရောင်းချနိုင်ဖို့ Samsung က မျှော်လင့်ထားပါတယ်။

Mini LED TV မှာ Backlight အနေနဲ့ 100 ကနေ 300 Micrometers အရွယ်အစား ရှိတဲ့ အရွယ်သေး LEDs တွေကို အသုံးပြုထားပါတယ်။ အဲဒီ LEDs တွေကို နီးကပ်စွာ နေရာချထားပြီး Light Source အနေနဲ့ အသုံးပြုတဲ့အတွက် မျက်နှာပြင်ဟာ ပိုတောက်ပ သလို ပိုကြည်လင်ပါတယ်။

Samsung ဟာ QLED နဲ့ Micro LED စတဲ့ တန်ဖိုးကြီး Smart TV Series ၂ မျိုးကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Samsung နောက်ထုတ်မယ့် Mini LED TV ကလည်း တန်ဖိုးကြီး အမျိုးအစား ဖြစ်မယ်လို့ သိရပါတယ်။ Samsung ဟာ ဒီနှစ် အစောပိုင်းက CES 2020 မှာ တန်ဖိုးကြီး Micro LED TV တွေကို ကြေညာခဲ့ပါသေးတယ်။

Ref : gizmochina