Samsung မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S21 Series ဖုန်းတွေထဲက S21 Ultra ဖုန်းမှာ S Pen Stylus Support ကို စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါက Galaxy S Series ဖုန်းအနေနဲ့ ပထမဆုံးဖြစ်ပေမယ့် Galaxy Note Series ဖုန်းတွေလိုမျိုး S Pen က ဖုန်းထဲမှာ ပါဝင်မှာမဟုတ်ဘဲ သီးခြားဝယ်ယူရမှာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Galaxy S21 Ultra မှာ အသုံးပြုနိုင်ဖို့အတွက် လက်ရှိ S Pen ထက် ပိုပြီး အရွယ်အစားကြီးသလို Feature ပိုစုံလင်တဲ့ S Pen Pro ကို မိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

အဆိုပါ S Pen Pro ဟာ Apple Pencil ပုံစံနဲ့ပိုပြီး ဆင်တူမှာဖြစ်သလို လက်ရှိ Galaxy Note Series နဲ့ Tab S7 Series လိုမျိုးမှာ ပါဝင်တဲ့ S Pen ထက်လည်း အရွယ်အစားပိုကြီးမှာဖြစ်ပါတယ်။ ဒါက အသုံးပြုသူတွေအတွက် ကိုယ်တွယ်ရပိုအဆင်ပြေလာနိုင်သလို S21 Ultra နဲ့ အသုံးပြုမယ်ဆိုရင် Bluetooth နဲ့ Air Gesture Feature တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Samsung က အခုလိုမျိုး S Pen Pro Stylus ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာကို တရားဝင်အတည်ပြုခဲ့ပြီး မိတ်ဆက်မယ့်အချိန်ကိုတော့ နှစ်ကုန်ပိုင်းလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စျေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

လက်ရှိ Samsung S Pen ဟာ စျေးနှုန်းအနေနဲ့ $40 ဝန်းကျင် ကျသင့်တဲ့အတွက် အခုမိတ်ဆက်လာမယ့် S Pen Pro ဟာ $100 ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref – Gizmo China