Samsung Electronics ဟာ Galaxy စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး Customer တွေကို လှည့်စားတဲ့အတွက် ဩစတြေးလျမှာ အမှုရင်ဆိုင်နေရပါတယ်။ အခုတော့ ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ သန်းနဲ့ချီပြီး ဒဏ်ငွေပေးဆောင်ရတော့မှာပါ။

Samsung

ဩစတြေးလျ တရားသူကြီး Brendan Murphy က Samsung ကို ရက် ၃၀ အတွင်း ဩစတြေးလျ ဒေါ်လာ ၁၄ သန်း ( အမေရိကန် ဒေါ်လာ ၉.၈ သန်း) ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စုံစမ်းစစ်ဆေးခဲ့တဲ့ Australian Competition and Consumer Commission ရဲ့ ကုန်ကျစားရိတ်အတွက် အမေရိကန် ဒေါ်လာ ၁၄၀,၀၀၀ ကိုပါ အပို ပေးဆောင်ရမှာပါ။ ကုမ္ပဏီဟာ Galaxy စမတ်ဖုန်းတွေရဲ့ ရေစိုခံစံနှုန်းနဲ့ ပတ်သက်ပြီး Customer တွေကို လှည့်စားခဲ့တဲ့အတွက် အခုလို ဒဏ်ငွေဆောင်ရတာပါ။

Samsung

၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ပြသခဲ့တဲ့ ကြော်ငြာ ၉ ခုမှာ Galaxy ဖုန်း ၇ လုံးရဲ့ ရေစိုခံစံနှုန်းတွေကို မှားယွင်းဖော်ပြခဲ့ပါတယ်။ အဲဒီကြော်ငြာတွေမှာ ပါတဲ့ မော်ဒယ်တွေက  Galaxy S7, Galaxy S7 Edge, Galaxy A5 (2017), Galaxy A7 (2017), Galaxy S8, Galaxy S8 Plus နဲ့ Galaxy Note 8 တို့ ဖြစ်ပါတယ်။ ကုမ္ပဏီက အခု အမှုတွေကို ငြင်းဆိုခြင်း မရှိဘဲ ဒဏ်ငွေပေးဆောင်ဖို့ သဘောတူညီထားပါတယ်။

Samsung ဟာ ကြော်ငြာတွေမှာ စမတ်ဖုန်းတွေကို ရေကူးကန်နဲ့ ပင်လယ်ရေထဲမှာ အသုံးပြုပြခဲ့ပါတယ်။ တကယ်တော့ အဲဒီ ဖုန်းတွေဟာ ရေစိုခံပေမယ့် ရေစိမ်မခံပါဘူး။ ပြကွက်  ၁ ခုမှာ ရေစိုပြီးနောက် အားသွင်းတာကို ပြသထားပေမယ့် တကယ်အဲဒီလိုလုပ်ရင် Charging Port ပျက်ဆီးသွားနိုင်ပါတယ်။

Ref : gizmochina