Samsung က စမတ်ဖုန်း အနည်းငယ်အတွက် Android 13 အခြေပြု One UI 5.0 Beta ကို ဖြန့်ချိပေးထားပြီးပြီ ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက် သို့မဟုတ် ၁၉ ရက်နေ့ကစတင်ကာ Galaxy S22 Series အတွက် One UI 5.0 Stable ကို ဖြန့်ချိပေးမယ်လို့ သတင်းထွက်နေပါတယ်။

Samsung's One UI 5.0 to get an official release in October

Samsung ဆီက အတည်ပြုချက်ကို စောင့်နေတုန်းမှာပဲ SamMobile က ၂၀၂၃ ခုနှစ် မတိုင်ခင် One UI 5.0 Stable Build ရရှိမှာ သေချာတဲ့စမတ်ဖုန်း စာရင်းကို မျှဝေလိုက်ပါတယ်။

One UI 5.0 Open Beta Hands On: New features for your Samsung Galaxy phone

SamMobile က ၂၀၂၃ ခုနှစ် မတိုင်ခင်မှာ One UI 5.0 Stable ကို Galaxy S21 Series , Galaxy S22 Series နဲ့အတူ Galaxy Z Fold3, Galaxy Z Flip3, Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့အတွက် Samsung က ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။

SamMobile က Samsung ဟာ ၂၀၂၂ ခုနှစ်ထဲမှာ One UI 5.0 Stable Build ကို Galaxy A53 အတွက်လည်း ဖြန့်ချိပေးချင်နေတယ်လို့ ပြောတဲ့အတွက် ၂၀၂၃ ခုနှစ် မတိုင်ခင် ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Custom Android Skin ကို ရမယ့် စွမ်းရည်မြင့် ဖုန်း မဟုတ်တဲ့ တစ်လုံးထဲသော Samsung စမတ်ဖုန်း ဖြစ်လာမှာပါ။

ဒီနှစ်ကုန်ဖို့ လအနည်းငယ်ကျန်သေးတဲ့အတွက် အစီအစဉ်တွေဟာ ပြောင်းလဲသွားနိုင်ပါသေးတယ်။ One UI 5.0 Stable ဖြန့်ချိမယ့် သတင်းနဲ့ ပတ်သက်ပြီး Update တွေကို ဆက်လက်တင်ဆက်ပေးသွားပါမယ်။

Ref : gsmarena