[Unicode]

MediaTek ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းတုန်းက High-end Dimensity 1000 5G-capable chipset ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ High-end တင်မကဘဲ မော်ဒယ်နံပါတ် MT6885 နဲ့ MT6873 တွေကိုလည်း Budget-friendly 5G chipset တွေအဖြစ် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ဒီ ဈေးနှုန်းသင့် 5G chipset တွေကို OPPO, Vivo, Xiaomi စတဲ့အမှတ်တံဆိပ်တွေအပြင် Huawei ရဲ့ ဈေးနှုန်းသင့်ဟန်းဆက်တွေမှာပါ မြင်တွေ့လာရဖွယ် ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး၊ တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကလည်း ဒီဈေးနှုန်းသင့် Chipset တွေအတွက် ထိုင်ဝမ်ကုမ္ပဏီနဲ့ မိတ်ဖက်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိထွက်လာတဲ့သတင်းအရ Samsung ဟာ Low-end 5G chip တွေအတွက် MediaTek နဲ့ အစောပိုင်းကတည်းက သဘောတူညီမှု ပြုလုပ်ပြီးသားလို့ သိရပါတယ်။ ဒီ 5G chip တွေကို Galaxy A နဲ့ Galaxy M တို့ရဲ့ မော်ဒယ်အချို့မှာ ထည့်သွင်းအသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ MediaTek ကလည်း ဒီအတွက် ဈေးကွက်ဝေစု ခပ်ကြီးကြီးကို ရရှိသွားဖွယ် ရှိပါတယ်။

Samsung အနေနဲ့ ပြီးခဲ့တဲ့အပြောင်းအလဲမှာ Mid-range ဈေးကွက်ကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်ခဲ့ပြီးတဲ့နောက် ပိုပြီးတော့ အခြေခိုင်အောင်လို့ ဈေးနှုန်းသင့် 5G ဟန်းဆက်တွေကိုပါ ထုတ်လုပ်ရောင်းချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာ Samsung အနေနဲ့ 5G ဟန်းဆက် ဘယ်နှမျိုးလောက် ထုတ်လာမလဲဆိုတာ သေချာပြောလို့မရသေးပေမယ့် အနည်းဆုံးတော့ ဈေးနှုန်းသင့် 5G ဟန်းဆက်တစ်မျိုးကို ထုတ်လုပ်လာမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena

[Zawgyi]

ေဈးႏႈန္းသင့္ 5G စမတ္ဖုန္းအတြက္ MediaTek 5G Chipset ကို အသုံးျပဳမယ့္ Samsung

MediaTek ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္ပိုင္းတုန္းက High-end Dimensity 1000 5G-capable chipset ကို ေၾကညာခဲ့ပါတယ္။ ကုမၸဏီဟာ High-end တင္မကဘဲ ေမာ္ဒယ္နံပါတ္ MT6885 နဲ႔ MT6873 ေတြကိုလည္း Budget-friendly 5G chipset ေတြအျဖစ္ ထုတ္လုပ္သြားမွာျဖစ္ပါတယ္။

ဒီ ေဈးႏႈန္းသင့္ 5G chipset ေတြကို OPPO, Vivo, Xiaomi စတဲ့အမွတ္တံဆိပ္ေတြအျပင္ Huawei ရဲ႕ ေဈးႏႈန္းသင့္ဟန္းဆက္ေတြမွာပါ ျမင္ေတြ႕လာရဖြယ္ ရွိေနပါတယ္။ ဒါတင္မကေသးပါဘူး၊ ေတာင္ကိုရီးယားရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung ကလည္း ဒီေဈးႏႈန္းသင့္ Chipset ေတြအတြက္ ထိုင္ဝမ္ကုမၸဏီနဲ႔ မိတ္ဖက္ျပဳထားတယ္လို႔ သိရပါတယ္။

လက္ရွိထြက္လာတဲ့သတင္းအရ Samsung ဟာ Low-end 5G chip ေတြအတြက္ MediaTek နဲ႔ အေစာပိုင္းကတည္းက သေဘာတူညီမႈ ျပဳလုပ္ၿပီးသားလို႔ သိရပါတယ္။ ဒီ 5G chip ေတြကို Galaxy A နဲ႔ Galaxy M တို႔ရဲ႕ ေမာ္ဒယ္အခ်ိဳ႕မွာ ထည့္သြင္းအသုံးျပဳသြားမယ္လို႔လည္း သိရပါတယ္။ MediaTek ကလည္း ဒီအတြက္ ေဈးကြက္ေဝစု ခပ္ႀကီးႀကီးကို ရရွိသြားဖြယ္ ရွိပါတယ္။

Samsung အေနနဲ႔ ၿပီးခဲ့တဲ့အေျပာင္းအလဲမွာ Mid-range ေဈးကြက္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ဝင္ေရာက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ပိုၿပီးေတာ့ အေျခခိုင္ေအာင္လို႔ ေဈးႏႈန္းသင့္ 5G ဟန္းဆက္ေတြကိုပါ ထုတ္လုပ္ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ထဲမွာ Samsung အေနနဲ႔ 5G ဟန္းဆက္ ဘယ္ႏွမ်ိဳးေလာက္ ထုတ္လာမလဲဆိုတာ ေသခ်ာေျပာလို႔မရေသးေပမယ့္ အနည္းဆုံးေတာ့ ေဈးႏႈန္းသင့္ 5G ဟန္းဆက္တစ္မ်ိဳးကို ထုတ္လုပ္လာမယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena