Zawgyi

Samsung Galaxy S11 စီးရီးကို လာမယ့္ႏွစ္စပိုင္းမွာ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး အခ်က္အလက္ေတြလည္း တစ္ခုခ်င္းစီ Leak ျဖစ္လာပါတယ္။ ဒီေန႔မွာ အသစ္ထြက္လာတာကေတာ့ ဥေရာပသမဂၢ ဥာဏပစၥည္းဆုိင္ရာရုံးမွာ မွတ္ပုံတင္လာတဲ့ Camera Sensor အသစ္တစ္ခုျဖစ္ပါတယ္။

အဆုိပါ Sensor ကို “Bright Night” လို႔အမည္ေပးထားၿပီး စမတ္ဖုန္းနဲ႔ တက္ဘလက္ေတြမွာ အသုံးျပဳဖို႔ပါ။ ဒီ Sensor အသစ္ဟာ ညဘက္အလင္းနဲ႔ရုိက္ကူးဖို႔ သီးသန္႔ထည့္သြင္းလာတဲ့ ကင္မရာအသစ္အေနနဲ႔ S11 စီးရီးမွာ စတင္ပါလာတာ ျဖစ္ႏုိင္သလို 108MP Sensor ႀကီး ဦးေဆာင္လာမယ့္ ကင္မရာအတြက္ လွပတဲ့ နာမည္လည္း ျဖစ္လာႏုိင္ပါတယ္။

Samsung ဟာ “Bright Night” ဆုိတဲ့အမည္ကို Night Mode Feature တစ္ခုအေနနဲ႔ S10 နဲ႔ Note10 စီးရီးေတြမွာ ထည့္သြင္းခဲ့ဖူးေပမယ့္ ယခုအခါမွာေတာ့ ဒီနာမည္ကို Hardware မွာ ေခၚတြင္ေစမွာပါ။ လက္ရွိအခ်ိန္မွာ S11 နဲ႔ S11+ တုိ႔ရဲ႕ Camera ေတြအတြက္ Render ပုံေတြကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ဘက္မွာ 108MP အဓိက Sensor နဲ႔ 5x Optical Zoom အပါအဝင္ စုစုေပါင္းကင္မရာငါးလုံးကို ေထာင့္မွန္ပုံသ႑ာန္ Island ထဲမွာ ထည့္သြင္းလာမွာျဖစ္ပါတယ္။

S11 ေမာ္ဒယ္သုံးမ်ဳိးထြက္ရွိလာမယ္လို႔ ယူဆရၿပီး အားလုံးမွာ Laser Autofocus ပါဝင္ကာ 8K Resolution ထိ ဗီဒီယုိရုိက္ကူးႏုိင္စြမ္း ပါဝင္လာမွာပါ။ ေလာေလာဆယ္ Leak ျဖစ္ထားတဲ့ Feature ေတြကေတာ့ Director’s View, Night Hyperlapse, Single Take Photo နဲ႔ Vertical Panorama Mode ေတြျဖစ္ပါတယ္။ အခု Leak ျဖစ္ေနတဲ့ Feature ေတြနဲ႔တင္ Galaxy S11 ဟာ အႀကီးစားေျပာင္းလဲမႈေတြ ယူေဆာင္လာမယ္ဆုိတာ ေတာ္ေတာ္သိသာေနပါၿပီ။

Ref – GSM Arena

Unicode

Samsung Galaxy S11 စီးရီးကို လာမယ့်နှစ်စပိုင်းမှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပြီး အချက်အလက်တွေလည်း တစ်ခုချင်းစီ Leak ဖြစ်လာပါတယ်။ ဒီနေ့မှာ အသစ်ထွက်လာတာကတော့ ဥရောပသမဂ္ဂ ဉာဏပစ္စည်းဆိုင်ရာရုံးမှာ မှတ်ပုံတင်လာတဲ့ Camera Sensor အသစ်တစ်ခုဖြစ်ပါတယ်။

အဆိုပါ Sensor ကို “Bright Night” လို့အမည်ပေးထားပြီး စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ အသုံးပြုဖို့ပါ။ ဒီ Sensor အသစ်ဟာ ညဘက်အလင်းနဲ့ရိုက်ကူးဖို့ သီးသန့်ထည့်သွင်းလာတဲ့ ကင်မရာအသစ်အနေနဲ့ S11 စီးရီးမှာ စတင်ပါလာတာ ဖြစ်နိုင်သလို 108MP Sensor ကြီး ဦးဆောင်လာမယ့် ကင်မရာအတွက် လှပတဲ့ နာမည်လည်း ဖြစ်လာနိုင်ပါတယ်။

Samsung ဟာ “Bright Night” ဆိုတဲ့အမည်ကို Night Mode Feature တစ်ခုအနေနဲ့ S10 နဲ့ Note10 စီးရီးတွေမှာ ထည့်သွင်းခဲ့ဖူးပေမယ့် ယခုအခါမှာတော့ ဒီနာမည်ကို Hardware မှာ ခေါ်တွင်စေမှာပါ။ လက်ရှိအချိန်မှာ S11 နဲ့ S11+ တို့ရဲ့ Camera တွေအတွက် Render ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပြီး နောက်ဘက်မှာ 108MP အဓိက Sensor နဲ့ 5x Optical Zoom အပါအဝင် စုစုပေါင်းကင်မရာငါးလုံးကို ထောင့်မှန်ပုံသဏ္ဍာန် Island ထဲမှာ ထည့်သွင်းလာမှာဖြစ်ပါတယ်။

S11 မော်ဒယ်သုံးမျိုးထွက်ရှိလာမယ်လို့ ယူဆရပြီး အားလုံးမှာ Laser Autofocus ပါဝင်ကာ 8K Resolution ထိ ဗီဒီယိုရိုက်ကူးနိုင်စွမ်း ပါဝင်လာမှာပါ။ လောလောဆယ် Leak ဖြစ်ထားတဲ့ Feature တွေကတော့ Director’s View, Night Hyperlapse, Single Take Photo နဲ့ Vertical Panorama Mode တွေဖြစ်ပါတယ်။ အခု Leak ဖြစ်နေတဲ့ Feature တွေနဲ့တင် Galaxy S11 ဟာ အကြီးစားပြောင်းလဲမှုတွေ ယူဆောင်လာမယ်ဆိုတာ တော်တော်သိသာနေပါပြီ။

Ref – GSM Arena