[Zawgyi]

EUIPO (ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) မွာ စိတ္ဝင္စားစရာေကာင္းတဲ့ မူပိုင္ခြင့္ေလွ်ာက္ထားမႈတစ္ခုကို ေတြ႕လာရပါတယ္။ အဲဒါကေတာ့ ေတာင္ကိုရီးယား ထိပ္တန္းနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung က Lossless zoom အတြက္ နည္းပညာကို “Space Zoom” အမည္နဲ႔ မူပိုင္ခြင့္တင္လိုက္တာပဲ ျဖစ္ပါတယ္။

Space Zoom အမည္နဲ႔ လုပ္ေဆာင္ခ်က္ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလထဲမွာ မိတ္ဆက္ႏိုင္တဲ့ Galaxy S11 စမတ္ဖုန္း အမ်ိဳးအစားတစ္မ်ိဳးမွာ၊ ဒါမွမဟုတ္ S11 အမ်ိဳးအစားအားလုံးမွာ ပါဝင္လာဖြယ္ရွိပါတယ္။ မူပိုင္ခြင့္မွာေတာ့ နည္းပညာအတြက္ အမည္ကိုပဲ သိခြင့္ရွိတာျဖစ္ၿပီး Space Zoom နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိႏိုင္ပါဘူး။

ဒါေပမယ့္ ဒီလုပ္ေဆာင္ခ်က္ဟာ အေဝးက အရာဝတၳဳကို အနီးကပ္ ဓါတ္ပုံ႐ိုက္ကူးဖို႔ Zoom ကို အသုံးျပဳၿပီးခ်ဲ႕ယူလိုက္ေပမယ့္ အရည္အေသြးေလ်ာ့က်မသြားေစတဲ့ လုပ္ေဆာင္ခ်က္လို႔ ယူဆရပါတယ္။ ဒါဟာ Hybrid zoom အမ်ိဳးအစားအခ်ိဳ႕နဲ႔ ဆင္တူတယ္လို႔ ဆိုႏိုင္ပါတယ္။

သင့္ေတာ္တဲ့ Telephoto မွန္ဘီလူးကေန စစ္မွန္တဲ့ပုံရိပ္ခ်ဲ႕ထြင္မႈကို ျပဳလုပ္ၿပီး Digital Zoom မွာ ေပါင္းစပ္တဲ့ နည္းလမ္းလို႔ အဓိပၸါယ္ရပါတယ္။ ဒီလိုေပါင္းစပ္လိုက္ျခင္းအားျဖင့္ အရာဝတၳဳကိုလည္း အနီးကပ္ဆြဲယူ႐ိုက္ကူးႏိုင္ၿပီး အရည္အေသြးလည္း သိသိသာသာ က်ဆင္းသြားျခင္း မရွိတဲ့ရလဒ္ကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ဒီမူပိုင္ခြင့္ကလည္း ကနဦးထြက္ခဲ့ဖူးတဲ့ ေကာလာဟလေတြနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုရပါလိမ့္မယ္။ သတင္းထြက္ထားတာကေတာ့ Galaxy S11 ေတြထဲမွာ အနည္းဆုံးအျဖစ္ ဗားရွင္းတစ္ခုကေတာ့ 5x telephoto ကင္မရာနဲ႔ ထြက္လာမယ္ဆိုတာပါပဲ။ ဒါေၾကာင့္ Space Zoom ကို ဘယ္ S11 မွာ ျမင္ေတြ႕ရမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔ပဲ လိုပါေတာ့တယ္။

Ref: GSM Arena

[Unicode]

Galaxy S11 တွေမှာ မြင်တွေ့ရဖွယ်ရှိတဲ့ Space Zoom အမည်နဲ့ နည်းပညာကို မူပိုင်ခွင့်တင်ထားတဲ့ Samsung

EUIPO (ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) မှာ စိတ်ဝင်စားစရာကောင်းတဲ့ မူပိုင်ခွင့်လျှောက်ထားမှုတစ်ခုကို တွေ့လာရပါတယ်။ အဲဒါကတော့ တောင်ကိုရီးယား ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung က Lossless zoom အတွက် နည်းပညာကို “Space Zoom” အမည်နဲ့ မူပိုင်ခွင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။

Space Zoom အမည်နဲ့ လုပ်ဆောင်ချက်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်နိုင်တဲ့ Galaxy S11 စမတ်ဖုန်း အမျိုးအစားတစ်မျိုးမှာ၊ ဒါမှမဟုတ် S11 အမျိုးအစားအားလုံးမှာ ပါဝင်လာဖွယ်ရှိပါတယ်။ မူပိုင်ခွင့်မှာတော့ နည်းပညာအတွက် အမည်ကိုပဲ သိခွင့်ရှိတာဖြစ်ပြီး Space Zoom နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိနိုင်ပါဘူး။

ဒါပေမယ့် ဒီလုပ်ဆောင်ချက်ဟာ အဝေးက အရာဝတ္ထုကို အနီးကပ် ဓါတ်ပုံရိုက်ကူးဖို့ Zoom ကို အသုံးပြုပြီးချဲ့ယူလိုက်ပေမယ့် အရည်အသွေးလျော့ကျမသွားစေတဲ့ လုပ်ဆောင်ချက်လို့ ယူဆရပါတယ်။ ဒါဟာ Hybrid zoom အမျိုးအစားအချို့နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

သင့်တော်တဲ့ Telephoto မှန်ဘီလူးကနေ စစ်မှန်တဲ့ပုံရိပ်ချဲ့ထွင်မှုကို ပြုလုပ်ပြီး Digital Zoom မှာ ပေါင်းစပ်တဲ့ နည်းလမ်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုပေါင်းစပ်လိုက်ခြင်းအားဖြင့် အရာဝတ္ထုကိုလည်း အနီးကပ်ဆွဲယူရိုက်ကူးနိုင်ပြီး အရည်အသွေးလည်း သိသိသာသာ ကျဆင်းသွားခြင်း မရှိတဲ့ရလဒ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီမူပိုင်ခွင့်ကလည်း ကနဦးထွက်ခဲ့ဖူးတဲ့ ကောလာဟလတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုရပါလိမ့်မယ်။ သတင်းထွက်ထားတာကတော့ Galaxy S11 တွေထဲမှာ အနည်းဆုံးအဖြစ် ဗားရှင်းတစ်ခုကတော့ 5x telephoto ကင်မရာနဲ့ ထွက်လာမယ်ဆိုတာပါပဲ။ ဒါကြောင့် Space Zoom ကို ဘယ် S11 မှာ မြင်တွေ့ရမလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။

Ref: GSM Arena