Samsung က ဒုတိယမျိုးဆက် True Wireless Headset ကို ကြေညာလိုက်ပါတယ်။ Galaxy Buds+ လို့ နာမည်ပေးထားပြီး Galaxy Buds+ App အသစ်ကို Android နဲ့ iOS Device ၂ မျိုးစလုံးမှာ သုံးနိုင်လာပါတယ်။ နာမည်ကျော် AKG က Tune လုပ်ထားတဲ့ 2-way Speakers (Woofer + Tweeter) တွေပါလာတဲ့အတွက် အသံအရည်အသွေးပိုလန်းလာပါတယ်။

Active Noise Cancellation မပါပေမယ့် မိုက်ကရိုဖုန်း ၃ လုံးပါလာပြီး နားကြပ်တပ် သီးချင်းနားထောင်နေရင်တောင် ပတ်ဝန်းကျင်က ကားဟွန်းတီးသံလို အသံတွေကို ကြားရအောင် ဖန်တီးထားပါတယ်။ နားကြပ် ၁ ခုချင်းစီမှာ အရင်မျိုးဆက်ထက်  ပိုကြီးတဲ့ ဘက်ထရီတွေ ပါလာသလို Case ထဲက ဘက်ထရီကလည်း အနည်းငယ်ပိုကြီးလာပါတယ်။ နားကြပ်ရဲ့ ဘက်ထရီတွေကနေ ၁၁ နာရီလောက် သီချင်းနားထောင်နိုင်ပြီး Case မှာ တပ်ဆင်လိုက်ရင် ၂ ဆ ပို အသုံးခံပါတယ်။ Galaxy S20 Series အပါအဝင် Qi Wireless Charger ဒါမှမဟုတ် USB-C Cable နဲ့ နားကြပ်ကို အားသွင်းနိုင်ပါတယ်။

Buds+ အတွက် အနက်၊ အဖြူ၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး Rubber Tips ၂ ခုစီ ပါတဲ့အတွက် သင့် နားနဲ့ သင့်တော်တာကို ဝတ်ဆင်နိုင်ပါတယ်။ ၁၄ ရက်နေ့မှာ စတင် မှာယူနိုင်ပြီး အမေရိကန်မှာ ၁၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ရှိပါတယ်။

Ref : gsmarena